ESL Pro League Season 11 ပြိုင်ပွဲကို အွန်လိုင်းကနေ တစ်ဆင့်သာ ကျင်းပသွားတော့မည်

ESL Pro League Season 11 ပြိုင်ပွဲကို အွန်လိုင်းကနေ တစ်ဆင့်သာ ကျင်းပသွားတော့မည်

ESL Pro League Season 11 ဆိုတာကတော့ ပရိုဖက်ရှင်နယ် CSGO အသင်းပေါင်း (၂၄) သင်း ဝင်ရောက် ယှဥ်ပြိုင်သွားမယ့် ပြိုင်ပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကြီးကို မူလပထမက အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့တော်မှာ တည်ရှိလျက်ရှိတဲ့ 1STBANK Center မှာ ၂၀၂၀ ခုနှစ်၊ ၃ လပိုင်း၊ ၁၆ ရက်နေ့ကနေ ၂၀၂၀ ခုနှစ်၊ ၄ လပိုင်း၊ ၄ ရက်နေ့အထိ ကျင်းပသွားဖို့ စီစဥ်ထားခဲ့ပါတယ်။

1stBANK Center

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံတွင်း ဥရောပနိုင်ငံတွေကနေ တစ်ဆင့် ဝင်ရောက်ခွင့်ကို သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်အရ ပိတ်သိမ်းလိုက်ပြီဖြစ်တာကြောင့် ESL Pro League Season 11 ပြိုင်ပွဲရဲ့ အုပ်စု အဆင့် ပွဲစဥ်များကို အွန်လိုင်းကနေ တစ်ဆင့်သာ ယှဥ်ပြိုင်ရ‌တော့မှာဖြစ်ပြီး Playoff အဆင့် ပွဲစဥ်များကိုတော့ ဥရောပတိုက် အတွင်းမှာ တည်ရှိနေတဲ့ ESL အပိုင် စတူဒီယို တစ်ခုမှာ ပရိသတ် ပါဝင်ခြင်း မရှိဘဲ ယှဥ်ပြိုင်ခိုင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ESL ဘက်ကတော့ အခုလိုပဲ ကြေညာသွားခဲ့ပါတယ်။

“ကစားသမားတွေ၊ ပရိသတ်တွေ၊ ESL အဖွဲ့သားတွေ အားလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှု အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ အတွက် ESL Pro League Season 11 ပြိုင်ပွဲကို ဒန်ဗာမြို့တော်၊ 1STBANK Center မှာ ကျင်းပသွားမယ့် အစား အုပ်စုအဆင့် ပွဲစဥ်များကို အွန်လိုင်းကနေ တစ်ဆင့်သာ ယှဥ်ပြိုင်ခိုင်းသွားမှာ ဖြစ်ပါတယ်။ Playoffs အဆင့် ပွဲစဥ်များကိုတော့ ESL အပိုင် စတူဒီယို တစ်ခုမှာ ပရိသတ် ပါဝင်ခြင်း မရှိဘဲ ယှဥ်ပြိုင်ခိုင်းသွားမှာ ဖြစ်ပါတယ်။”

ESL အနေနဲ့ Playoffs အဆင့် ပွဲစဥ်များကို ကျင်းပသွားမယ့် စတူဒီယို နာမည်ကို တိတိကျကျ ထုတ်ပြန် ကြေညာခြင်း မရှိသေးပေမယ့် ပြိုင်ပွဲဝင် အသင်းများ အားလုံး အဆင်ပြေစွာ လာရောက်နိုင်မယ့် နေရာတစ်ခုမှာ ကျင်းပသွားနိုင်ဖို့ ရှာဖွေလျက် ရှိတယ်လို့ သိရပါတယ်။

ESL Pro League Season 10 Champion - Mousesports

လက်ရှိအချိန်မှာ ESL Pro League Season 11 မှာ ဝင်ရောက် ယှဥ်ပြိုင်မယ့် CSGO အသင်း အများစု အနေနဲ့ ဥရောပကို ရောက်ရှိလျက်ရှိပြီး အခြားသော ဒေသမှ လာရောက် ယှဥ်ပြိုင်ရတဲ့ အသင်းများကို ဥရောပ အခြေစိုက် CSGO အသင်းများမှ Boot Camp တွေ၊ နေထိုင်စရာ အဆောက်အဦးတွေ ကူညီ စီစဥ်ပေးလျက် ရှိတယ်လို့ သိရပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle