မိုဘိုင်း Esports လောကရဲ့ အရှင်သခင် အဖြစ် နောင်တစ်ချိန်မှာ ရပ်တည်သွားဖွယ်ရှိတဲ့ Brawl Stars

မိုဘိုင်း Esports လောကရဲ့ အရှင်သခင် အဖြစ် နောင်တစ်ချိန်မှာ ရပ်တည်သွားဖွယ်ရှိတဲ့ Brawl Stars

Brawl Stars ဆိုတာကို ကျွန်တော်တို့ မြန်မာနိုင်ငံက မိုဘိုင်းဂိမ်မာတွေကတော့ သိပ်ပြီးတော့ ရင်နှီးကြမှာ မဟုတ်ပါဘူး။ Brawl Stars ဆိုတာကတော့ အရင်တုန်းက ကျွန်တော်တို့တွေရဲ့ မိုဘိုင်းဖုန်း အများစုမှာ နေရာယူခဲ့တဲ့ Clash of Clans, Clash Royale, Hay Day, Boom Beach စတဲ့ မိုဘိုင်းဂိမ်းတွေကို ထုတ်လုပ်ခဲ့တဲ့ Supercell ရဲ့ တက်သစ်စ နာမည်ကျော် မိုဘိုင်းဂိမ်း တစ်မျိုးပဲ ဖြစ်ပါတယ်။

Supercell ထုတ် ဂိမ်းတွေရဲ့ ထုံးစံအတိုင်း မြန်မာနိုင်ငံမှာတော့ Google Play ကနေ တစ်ဆင့် အလွယ်တကူ Download ဆွဲနိုင်မှာ APKPure, APKMirror တို့လို Third Party App တွေ၊ ဝက်ဘ်ဆိုက်တွေကနေ တစ်ဆင့်သာ Download ဆွဲ ကစားနိုင်မှာ ဖြစ်ပါတယ်။

Brawl Stars ဟာ Free to Play MOBA အမျိုးအစား မိုဘိုင်းဂိမ်း တစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ တရားဝင် ထုတ်လွှင့် ဖြန့်ချီပေးခဲ့တာ ဖြစ်ပါတယ်။ Brawl Stars ကို စတင် ဖြန့်ချီပြီး ရက် (၉၀) ခန့် အကြာမှာ In-Game ဝယ်ယူမှုကနေ တစ်ဆင့် ကန်ဒေါ်လာ သန်း ၁၅၀ ခန့် ရရှိခဲ့ပြီး ဒေါင်းလုပ်ဆွဲ အသုံးပြုသူ ၇၅ သန်းခန့် ရှိလာတဲ့ အထိ အောင်မြင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ Brawl Stars ထွက်ရှိခဲ့တာ ၂ နှစ်နီးပါး ရှိလာခဲ့ပြီ ဖြစ်ပေမယ့်လည်း ဝင်ငွေရရှိမှုတွေ ကျဆင်းသွားခဲ့ခြင်း မရှိခဲ့ပါတယ်။  တရုတ်နိုင်ငံ အတွက်ကိုတော့ Brawl Stars ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှသာ မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး စတင် မိတ်ဆက်ပေးခဲ့တဲ့ ပထမ အပတ်မှာပဲ ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၇.၅ သန်းခန့် ရရှိခဲ့သလို ‌အသုံးပြုသူဦးရေ ၄.၈ သန်းခန့် ထပ်မံ တိုးပွားလို့ လာခဲ့ပါတယ်။

ဒါ့အပြင် Brawl Starts ဟာ Esports လောကမှာလည်း လူကြိုက်များတဲ့ ဗွီဒီယိုဂိမ်း ပြိုင်ပွဲ တစ်ခုကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Brawl Stars World Finals 2019 ပြိုင်ပွဲကို YouTube ကနေ တစ်ဆင့ ကြည့်ရှုသူ (၅) သန်းနီးပါး ရှိခဲ့ပြီး အဆိုပါ ကြည့်ရှုသူဦးရေဟာ နာမည်ကျော် ဂိမ်းပြိုင်ပွဲတစ်ခုဖြစ်တဲ့ Overwatch league ပြိုင်ပွဲရဲ့ လူကြည့်အများဆုံး စံချိန် (၁.၇) သန်းထက် အတော်လေးကို သာလွန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ PC Esports ပရိသတ်တွေ အများစု အနေနဲ့ Mobile Esports ဂိမ်းတွေ လူကြိုက်များလာမှုနဲ့ ပတ်သက်ပြီး နှစ်သက်ကြခြင်း မရှိသေးပေမယ့် နောင်တစ်ချိန်မှာ Brawl Stars လို မိုဘိုင်းဂိမ်းတွေဟာ လက်ရှိအချိန်မှာ လူကြိုက်များနေတဲ့ MLBB, PUBG Mobile တို့လို မိုဘိုင်းဂိမ်းတွေ အပြင် နာမည်ကျော် PC ဂိမ်းတွေထက်ပါ သာလွန်သွားဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူများကတော့ သုံးသပ်ထားကြပါတယ်။

ဒါ့အပြင် Brawl Stars ရဲ့ နောက်ထပ် အားသာချက် တစ်ခုကတော့ In-Game ကာရိုက်တာတွေနဲ့ ပတ်သက်တဲ့ ဗွီဒီယို အတိုလေးတွေကို ချစ်စဖွယ် အန်နီမေးရှင်းတွေနဲ့ ဖန်တီးကာ YouTube ပေါ်မှာ အမြဲလိုလို တင်ပေးလေ့ ရှိတာပဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Brawl Stars ဟာ ပရိသတ်တွေနဲ့ အမြဲတမ်းလိုလို ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံမှု ရှိနေအောင် ကြိုးပမ်းလျက် ရှိပါတယ်။ ဒီအချက်ကလည်း အခြားသော ဗီဒီယိုဂိမ်းတွေနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် Brawl Stars ရဲ့ အားသာချက် တစ်ခုလို့ ပြောလို့ရပါတယ်။

Brawl Stars ရဲ့ Game Play အပိုင်းဟာ လွယ်မယောင်နဲ့ ခက်တယ်လို့ ပြောလို့ရပါတယ်။ စတင်ကစားသူတွေ အလွယ်တကူ ကစားနိုင်အောင် ဂိမ်းအပေါ် နှစ်သက်ကျွမ်းဝင်အောင် ပြင်ဆင်ပေးထားပေမယ့် ပရိုကျကျ ကစားမယ် ဆိုရင်တော့ အမြဲလိုလို ပြောင်းလဲလျက်ရှိတဲ့ Meta တွေ အပေါ် အားစိုက် လေ့လာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အဆုံးသတ် အနေနဲ့ ပြောရမယ်ဆိုရင် Supercell က ထုတ်လုပ်လိုက်တဲ့ Brawl Stars ဟာ မိုဘိုင်းဂိမ်း တစ်ခု ဖြစ်ပေမယ့် Esports စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ကြံအင် လက္ခဏာတွေနဲ့ ပြည့်စုံသလို ပရိသတ် အပေါ် အလေးထားမှု အပိုင်းမှာလည်း အခြားသော မိုဘိုင်းဂိမ်းတွေထက် သာလွန်လျက် ရှိတာကြောင့် Supercell ထုတ် အခြားဂိမ်းတွေလို တော်ရုံတန်ရုံနဲ့ ပျောက်ကွယ်သွားဖွယ် မရှိဘဲ အနာဂတ်ရဲ့ Esports အရှင်သခင် အဖြစ် ရပ်တည်သွားဖွယ် ရှိပါတယ်။

REF: InvenGlobal

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle