အသက် (၈) နှစ် အရွယ် Fortnite ကစားသမားလေးကို ပရိုစာချုပ် ချုပ်ဆိုခေါ်ယူလိုက်တဲ့ Team 33 Esports

အသက် (၈) နှစ် အရွယ် Fortnite ကစားသမားလေးကို ပရိုစာချုပ် ချုပ်ဆိုခေါ်ယူလိုက်တဲ့ Team 33 Esports

Esports အဖွဲ့အစည်းသစ် တစ်ခုဖြစ်တဲ့ Team 33 အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းခန့်က အသက် ၈ နှစ် အရွယ်သာ ရှိသေးတဲ့ Fortnite ကစားသမားလေး တစ်ဦးကို အဖွဲ့အစည်း လက်အောက်ခံ ကစားသမား အဖြစ် ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

Team 33 အနေနဲ့ Joseph Deen အမည်ရှိ အသက် ၈ နှစ် အရွယ် Fortnite ကစားသမားလေးကို ခေါ်ယူနိုင်ဖို့ အတွက် ဒေါ်လာ ၅၀၀၀ တန် Gaming PC Setup တစ်ခု အပြင် ပြောင်းရွေ့ကြေး အဖြစ် ဒေါ်လာ ၃၃၀၀၀ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Team 33 ရဲ့ Co-Founder ဖြစ်သူ Tyler Gallagher ရဲ့ အဆိုအရ Deen ကို ခေါ်ယူဖို့ အတွက် အသက် ၆ နှစ်သား အရွယ်ကတည်းက စောင့်ကြည့်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“Joseph Deen ကို အသင်း လက်အောက်ခံ Fortnite ကစားသမား အဖြစ် ခေါ်ယူနိုင်ခဲ့တဲ့ အတွက် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့တွေ Joseph ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက လျှို့ဝှက် စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ တရားဝင် စာချုပ်ချုပ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လူငယ် ကစားသမားတွေဟာ အနာဂတ်မှာ ထွန်းထောက်လာမယ့် ကြယ်ပွင့်တွေ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့လေးတွေ အတွက် လိုအပ်တဲ့ လေ့ကျင့်မှုတွေကို အချိန်မလင့်စေဘဲ ပေးအပ်သွားနိုင်ဖို့ အတွက် အခုလို ငယ်ရွယ်စဉ် အချိန်ကတည်းက ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။”

ဒါ့အပြင် Team 33 အနေနဲ့ Joseph Deen ကို ခေါ်ယူမှု အပြင် Call of Duty, CS:GO, Valorant, World of Warcraft စတဲ့ Esports နယ်ပယ်တွေမှာပါ သက်ဆိုင်ရာ အသင်းကိုယ်စီဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်လျက် ရှိတယ်လို့လည်း သိရပါတယ်။

အခုလို အသက် ၈ နှစ် အရွယ် ကလေးငယ် တစ်ဦးကို အဖွဲ့အစည်း ကိုယ်စားပြု ကစားသမား အဖြစ် ခေါ်ယူခဲ့ခြင်းနဲ့ ပက်သက်ပြီး Team 33 အပေါ် Esports နယ်ပယ်အတွင်းမှာ ဝေဖန်မှုတွေ ပေါ်ပေါက်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က နာမည်ကျော် Esports အဖွဲ့အစည်း တစ်ဦးဖြစ်တဲ့ FaZe Clan အနေနဲ့ အသက် ၁၂ နှစ်အရွယ် Fortnite ကစားသမား H1ghsky1 ကို ခေါ်ယူခဲ့တာကြောင့် ပြဿနာ အချို့နဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

ပရို Fortnite ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် အနိမ့်ဆုံး အသက် သတ်မှတ်ချက် ၁၃ နှစ် ဖြစ်သလို Twitch မှာ Streaming ပြုလုပ်ဖို့ အတွက်လည်း အသက် ၁၃ နှစ်နဲ့ အထက်ဖြစ်လို့ လိုအပ်တာကြောင့် H1ghsky1 ရဲ့ Twitch Account ဖျက်သိမ်းခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း H1ghsky1 အနေနဲ့ လက်ရှိအချိန်ထိ Faze လက်အောက်ခံ ကစားသမား အဖြစ် တည်ရှိနေသေးသလို YouTube မှာ Video Content တွေ ဆက်လက် ပြုလုပ်လျက် ရှိနေပါတယ်။

ဒါကြောင့် အသက် ၈ နှစ်အရွယ်သာ ရှိသေးတဲ့ Fortnite ကစားသမားလေး Deen နဲ့ Team 33 တို့ အနေနဲ့ ရှေ့ဆက်ပြီး သတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့ မငြိစွန်းအောင် ဘယ်လို လုပ်ကိုင် ဆောင်ရွက် သွားမလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle