K-Pop ကြိုက်နှစ်သက်တဲ့ နာမည်ကျော် Esports ကစားသမားများ

- Faker
League of Legends ရဲ့ နာမည် အကျော်ကြားဆုံး ကစားသမား တစ်ဦးဖြစ်တဲ့ Lee “Faker” Sang Hyeok ကတော့ SM Entertainment လက်အောက်ခံ Red Velvet အဖွဲ့ကို အတော်လေး နှစ်သက် အားပေးသူ တစ်ဦးပဲ ဖြစ်ပါတယ်။ Faker အနေနဲ့ Red Velvet အဖွဲ့ရဲ့ Main Dancer ဖြစ်သူ Seulgi ကို သဘောကျ နှစ်သက်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

- Arteezy

ပရိသတ် အချစ်တော် Evil Geniuses Dota2 အသင်းရဲ့ Carry ကစားသမား Artour “Arteezy” Babaev ကတော့ YG Entertainment လက်အောက်ခံ Blackpink အဖွဲ့ရဲ့ Fan Boy လေး တစ်ဦးပဲ ဖြစ်ပါတယ်။

Arteezy ဟာ Blankpink Fan Boy တစ်ဦးဖြစ်ကြောင်း တစ်နည်းအားဖြင့် Blink တစ်ယောက်ဖြစ်ကြောင်းကို Arteezy ရဲ့ ချစ်သူဖြစ်သူ Zhang “Dove” Tiange ကိုယ်တိုင် ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပြီး Arteezy ရဲ့ အကြိုက်ဆုံး K-Pop Idol ကတော့ Blackpink ရဲ့ Main Dancer ဖြစ်သူ Lisa ပဲ ဖြစ်ပါတယ်။
- Raven
<333333333333333333333333333333333 pic.twitter.com/VgBr6Pw61A
— Marc Polo Fausto (@ravendoto) December 14, 2015
Fnatic Dota2 အသင်းကို မကြာခင် အချိန်ကမှ ပြောင်းရွေ့သွားခဲ့တဲ့ ဖိလစ်ပိုင် အခြေစိုက် နာမည်ကျော် Carry ကစားသမား Marc “Raven” Polo Fausto ကတော့ 2NE1 Fan Boy တစ်ဦး အဖြစ် ရပ်တည်ခဲ့တာ ၂၀၁၅ ကတည်းက ဖြစ်ပါတယ်။ Raven ရဲ့ အကြိုက်ဆုံး K-Pop Idol ကတော့ 2NE1 အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ CL ပဲ ဖြစ်ပါတယ်။
- Wardell

TSM Valorant အသင်းရဲ့ ကစားသမား Matthew “Wardell” Yu ကတော့ Twice Fan Boy တစ်ဦးဖြစ်ပြီး အကြိုက်ဆုံး Idol ကတော့ Twice အဖွဲ့ရဲ့ ဂျပန်မလေး Mina ဖြစ်ပါတယ်။

Wardell အနေနဲ့ Twice ရဲ့ နာမည်ကျော် Single တစ်ပုဒ်ဖြစ်တဲ့ Fancy ကို မကြာခဏ နားထောင်လေ့ ရှိသလို Streaming Session တစ်ခုမှာ Fancy သီချင်းနဲ့အတူ Wardell တစ်ယောက် ကနေတာကိုပါ မြင်တွေ့ခဲ့ရပါတယ်။
- CoreJJ

Team Liquid LoL အသင်းရဲ့ Support ကစားသမားဖြစ်သူ Jo “CoreJJ” Yongin ဟာ ဆိုရင်လည်း Faker နည်းတူ Red Velvet ကို ကြိုက်နှစ်သက်သူ တစ်ဦးဖြစ်ပြီး သူအကြိုက်ဆုံး သီချင်းကတော့ Red Velvet အဖွဲ့ သီဆိုထားတဲ့ Psycho ပဲ ဖြစ်ပါတယ်။
- Nuguri

DAMWON Gaming LoL အသင်းရဲ့ Top Lane ကစားသမား Jang “Nuguri” Ha Gwon ကတော့ မမလှလှ IU ရဲ့ ပရိသတ် တစ်ဦးဖြစ်ပြီး သူ့အနေနဲ့ IU သီဆိုထားတဲ့ သီချင်းတွေကို မကြာခဏ နားထောင်လေ့ရှိကြောင်း၊ IU အနေနဲ့ မိမိရဲ့ ဂျာဆီကို ဝတ်ဆင်ထားတာ မြင်တွေ့ခွင့် ရလိုကြောင်း ဝန်ခံသွားခဲ့ပါတယ်။
