Business Associates Dota2 အသင်းမှာ ဝင်ရောက် ကစားသွားမယ့် EE နဲ့ Sneyking

Business Associates Dota2 အသင်းမှာ ဝင်ရောက် ကစားသွားမယ့် EE နဲ့ Sneyking

Business Associates Dota2 အသင်း အနေနဲ့ Mid Lane ကစားသမားဖြစ်သူ Leo “Nine” Kirilin တစ်ယောက် ပရိုဖက်ရှင်နယ် Dota2 ကစားသမား ဘဝကနေ ခေတ္တအနားယူသွားခဲ့သလို Pos4 ကစားသမားဖြစ်သူ Mori “MoOz” Ozambela အနေနဲ့လည်း အသင်းကနေ ထွက်ခွာသွားခဲ့တာကြောင့် လစ်လပ်သွားတဲ့ ကစားသမား နှစ်နေရာစာ အတွက် ကစားသမား အသစ်တွေ ခေါ်ယူဖို့ လိုအပ်လာခဲ့ပါတယ်။

MoOz

ယခုအခါမှာတော့ အသင်းရဲ့ လစ်လပ်သွားတဲ့ ကစားသမား နှစ်နေရာ အတွက် ခေါ်ယူအားဖြည့်နိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

“အသင်းရဲ့ Mid Lane ကစားသမားဖြစ်သူ Nine အနေနဲ့ ကစားသမား ဘဝကနေ ခေတ္တ အနားယူသွားပြီဖြစ်သလို Mooz အနေနဲ့ အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်တာကြောင့် Beat Invitational Season 9 ပြိုင်ပွဲမှာ ကစားသမားသစ် နှစ်ဦးဖြစ်တဲ့ EternalEnvy, Sneyking တို့နဲ့ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။”

Sneyking

Business Associates Dota2 အသင်းရဲ့ Mid Lane နဲ့ Pos4 နေရာတွေမှာ ဝင်ရောက် ကစားသွားမယ့် ကစားသမားတွေကတော့ မကြာသေးမီကမှ အသင်း ဖျက်သိမ်းခြင်းနဲ့ ရင်ဆိုင်ထားရတဲ့ C9 Dota2 အသင်းရဲ့ ကစားသမားဟောင်းတွေဖြစ်တဲ့ EternalEnvy နဲ့ Sneyking တို့ပဲ ဖြစ်ပါတယ်။

EternalEnvy

EternalEnvy အနေနဲ့ Dota2 အသင်းပေါင်း များစွာကို ဖျက်စီးခဲ့တဲ့ ကစားသမား အဖြစ်၊ မထင်ရင် မထင်သလို ပရိသတ် အချစ်တော် ကစားသမားတွေကို အသင်းကနေ ထုတ်ပယ်ပစ်လေ့ ရှိတာကြောင့် Dota2 ပရိသတ်တွေ အကြားမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေသူဖြစ်သလို ကိုယ်တိုင် ဦးဆောင် တည်ထောင်ထားတဲ့ Fighting Pandas Dota2 အသင်းကို စွန့်ခွာပြီး Cloud9 Dota2 အသင်းကို ပြောင်းရွေ့ သွားခဲ့တာကြောင့် ပရိသတ်တွေ အကြား ပိုလို့တောင် မျက်မုန်းကျိုးစရာ ပုဂ္ဂိုလ်တစ်ဦးဖြစ်လို့ လာခဲ့ပါတယ်။

Fear

ဒါကြောင့် ပရိသတ် အချစ်တော် ကစားသမားတွေလည်းဖြစ်၊ Dota2 လောကရဲ့ လူအေးကြီးတွေလည်းဖြစ်တဲ့ Fear, Moo တို့ ပါဝင်တဲ့ Business Associates Dota2 အသင်း အနေနဲ့ EternalEnvy ရဲ့ ကျိန်စာဆိုးကို ဆက်လက် ခံယူသွားရမလား ဒါမှမဟုတ် Fear ရဲ့ ဦးဆောင် ညွှန်ကြားမှုတွေအောက်မှာ EE တစ်ယောက် အောင်မြင်တဲ့ ကစားသမား ဘဝကို ပြန်လည် တက်လှမ်းသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle