Twitch ကနေပါ ဘန်းခံလိုက်ရတဲ့ Dota2 ကစားသမား Eternal Envy

Twitch ကနေပါ ဘန်းခံလိုက်ရတဲ့ Dota2 ကစားသမား Eternal Envy

4Fun ကနေ ရုတ်တရက် ထွက်ခွာပြီး Twitch မှာ Streaming တွေ ပုံမှန် ပြုလုပ်လျက်ရှိတဲ့ EE Sama ကတော့ မပြောသင့်တဲ့ စကားတစ်ခွန်းကို ပြောမိခဲ့တာကြောင့် အဘန်းခံလိုက်ရပြီ ဖြစ်ပါတယ်။ Eternal Envy အနေနဲ့ 4Fun Dota2 အသင်းကနေ ထွက်ခွာပြီး လက်ရှိအချိန်မှာ အသင်းသစ်ကို ရှာဖွေရင်း Streaming တွေ ပြုလုပ်နေရာကနေ ပထမဆုံး အကြိမ် အဖြစ် Twitch ရဲ့ Ban Hammer ကို ခံစားလိုက်ရပြီ ဖြစ်ပါတယ်။

“G နဲ့ စတဲ့ စကားလုံးကို ပြောမိလိုက်တာကြောင့် Twitch ကနေ ဘန်းခံလိုက်ရပြီ ဖြစ်ပါတယ်။ စိတ်မကောင်းစရာပါပဲ။” လို့ Eternal Envy ကတော့ ကိုယ်ပိုင် တွစ်တာအကောင့်ကနေ တစ်ဆင့် ပြောကြားသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ EE တစ်ယောက် Twitch ကနေ အချိန် ဘယ်လောက် ကြာမြင့်တဲ့ အထိ ဘန်းခံရမယ် ဆိုတာကို သိရှိရခြင်း မရှိသေးပေမယ့် တစ်သက်တာ ဘန်းခံရတာမျိုး မဟုတ်ဘဲ ရက်သတ္တပတ် အနည်းငယ်ခန့်သာ ဘန်းခံရတာမျိုး ဖြစ်နိုင်ပါတယ်။

Black Lives Matter လှုပ်ရှားမှုတွေ စတင်လာတဲ့ အချိန်က စတင်ပြီး Twitch အနေနဲ့ လူမျိုးရေး ခွဲခြားတဲ့ စကားလုံးတွေ အသုံးပြုမှုကို သိသိသာသာ အရေးယူမှုတွေ ပြုလုပ်လျက် ရှိသလို နာမည်ကျော် Streamer အများစု အနေနဲ့ Twitch ကနေ မကြာခဏ ဆိုသလို ခေတ္တ ဘန်းခံရမှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ အတွင်း EE အနေနဲ့ Smurf Account မှာ ရွေးချယ်ထားတဲ့ Role ကို ကစားခြင်း မရှိတာကြောင့် Report မိပြီး ၆ လ Smurf Account နဲ့ Dota2 ကစားခွင့် ပိတ်သိမ်းခံခဲ့ရသလို Behavior Score ၁ မှတ် အထိ ကျဆင်းသွားမှုမျိုးနဲ့လည်း ကြုံတွေ့ခဲ့ရတဲ့ EE အတွက် အခုလို Twitch ကနေ ခေတ္တ ဘန်းခံခြင်းမျိုးက EE အတွက် ပြဿနာ အသေးစားလေး အဖြစ်သာ တည်ရှိနေမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle