၆ လအတွင်း ဒုတိယမြောက် Boeing 737 MAX 8 ပျက်ကျမှုလို့ ဆိုရမယ့် Ethiopian Airlines Crash

၆ လအတွင်း ဒုတိယမြောက် Boeing 737 MAX 8 ပျက်ကျမှုလို့ ဆိုရမယ့် Ethiopian Airlines Crash

ပြီးခဲ့တဲ့ ၆ လအတွင်း ဒုတိယအကြိမ်မြောက် အသစ်စက်စက် Boeing လေယာဉ်ပျက်ကျမှုလို့ ဆိုရမယ့် Ethiopian Airlines ရဲ့ လေယာဉ်ပျက်ကျမှုတစ်ခု ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာ သိပြီးကြပြီ ဖြစ်ပါလိမ့်မယ်။ ဝမ်းနည်းစရာကောင်းတာတစ်ခုက အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော် Addis Ababa က ပျံသန်းလာတဲ့ ဒီလေယာဉ်မှာ လိုက်ပါသွားတဲ့ လူ ၁၅၇ ဦး လုံး သေဆုံးသွားတယ်လို့ အတည်ပြုသတင်းတက်လာတာကြောင့်ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲနှစ် အောက်တိုဘာလတုန်းက ဂျာဗားပင်လယ်ထဲ ပျက်ကျခဲ့တဲ့ Lion Air Flight ရဲ့ လူပေါင်း ၁၈၉ ဦး သေဆုံးရမှုအပြီးမှာ ဒုတိယမြောက် Boeing 737 Max 8 ပျက်ကျမှုလို့ ဆိုရမှာ ဖြစ်ပါတယ်။ Ethiopian Airlines ပျက်ကျမှုအတွက် အကြောင်းရင်းကို အခုထိ မသိသေးရသလို ဒီ အဖြစ်အပျက်နှစ်ခုကြား ဆက်စပ်မှုရှိသလားဆိုတာလည်း ဘာအထောက်အထားမှ မရှိသေးပါဘူး။

ဒါပေမယ့် U.S Transportation Department ရဲ့ စုံစမ်းရေးမှုးဟောင်းတစ်ယောက်လည်း ဖြစ်၊ CNN လေကြောင်းဆိုင်ရာဆန်းစစ်လေ့လာသူလည်း ဖြစ်တဲ့ Mary Schaivo ကတော့ “ဒီဖြစ်ရပ်ဟာ သံသယဖြစ်စရာကောင်းလွန်းပါတယ်။  အသစ်စက်စက်လေယာဉ်တွေဟာ တစ်နှစ်ထဲမှာ နှစ်ကြိမ်ပျက်ကျခဲ့တာ ဖြစ်ပြီး လေကြောင်းလုပ်ငန်းတစ်ခုလုံးအတွက် အချက်ပေးသံလည်း ဖြစ်ပါတယ်” လို့ ထောက်ပြသွားခဲ့ပါတယ်။

ဒီပျက်ကျမှုနှစ်ခုအကြား တူညီမှုတွေ ရှိပြီး လေယာဉ်နှစ်ခုလုံးဟာ လုံခြုံရေးဆိုင်ရာမှတ်တမ်းတွေအရ ကောင်းသတင်းရှိတဲ့ လေကြောင်းလိုင်းနှစ်ခုက ဖြစ်ပါတယ်။ Lion Air Flight က စတင်ပျံတက်ပြီး ၁၃ မိနစ်အကြာမှာ ပျက်ကျခဲ့သလို Ethiopian Airlines လေယာဉ်ကတော့ လေဆိပ်ကနေ ပျံတက်ပြီး ၆ မိနစ်အတွင်းမှာပဲ ပျက်ကျခဲ့တဲ့အတွက် ပျံသန်းပြီး အချိန်တိုလေးအတွင်းမှာ ပျက်ကျခဲ့ကြတာ ဖြစ်ပါတယ်။

အောက်တိုဘာမှာ ဖြစ်ပွားခဲ့တဲ့ Lion Air ပျက်ကျမှုရဲ့ အရင်းအမြစ်ကတော့ Boeing 737 MAX 8 မှာ တပ်ဆင်ထားတဲ့ လုံခြုံရေးစနစ်အသစ်ဖြစ်တဲ့ Maneuvering Characteristics Augmentation System (MCAS) ဟာ အန္တရာယ်ကြုံတဲ့အခါ လေယာဉ်ရဲ့ ထိပ်ဦးပိုင်းကို အလိုအလျောက်ဆွဲချတဲ့ စနစ်ကြောင့် ဖြစ်ပါတယ်။

Lion Air မှာ ဒီစနစ်ဟာ Data အမှားတွေကို လက်ခံရရှိခဲ့ပြီး လေယာဉ်ရဲ့ ဦးပိုင်းဟာ လိုအပ်တာထက် ပိုမြင့်နေတယ်လို့ သတင်းပို့ချက်ရရှိခဲ့ရာမှာ ဒီစနစ်ကို လုပ်ဆောင်ခဲ့ပြီး ပျက်ကျခဲ့တာ ဖြစ်မယ်လို့ ယူဆနေကြပါတယ်။ ဒီကိစ္စကို ဆက်လက်စုံစမ်းစစ်ဆေးနေတုန်းလည်း ဖြစ်ပါတယ်။

Boeing ကတော့ ဒီကိစ္စအတွက် လေယာဉ်မှုးတွေကို စောဒကတက်ခဲ့ပြီး ဒီစနစ်စပြီး အလုပ်လုပ်မှန်းနေသိရင် ပိတ်လိုက်ရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ Schiavo ကတော့ “Boeing ဟာ တွေ့နေကြမဟုတ်တဲ့ စနစ်တစ်ခုကို တပ်ဆင်ထားတာ ဖြစ်ပြီး လေကြောင်းလိုင်းအားလုံးရဲ့ လေယာဉ်မှုးတွေကို ဒီစနစ်နဲ့ အကျွမ်းတဝင်ဖြစ်အောင် သေချာလေ့ကျင့်ပေးထားသင့်သလို လေယာဉ်မှုးတွေဟာလည်း ဒီစနစ်ကို ပိတ်တဲ့ လုပ်ဆောင်ချက်ကို သိနေရမှာ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒီလို ပျက်ကျမှုတွေ ဖြစ်ပွားနေတဲ့ 737 MAX ဟာ Boeing ရဲ့ အရောင်းရဆုံး မော်ဒယ်လ်တွေထဲက တစ်ခုဖြစ်ပြီး Boeing ကုမ္ပဏီဟာဆိုရင် ပြီးခဲ့တဲ့နှစ်က ဂျက်လေယာဉ် ၈၀၆ စီးလောက် ကမ္ဘာအရပ်ရပ်က လေကြောင်းလိုင်းတွေဆီ ရောင်းချပေးခဲ့ပါတယ်။

အခုလို ဖြစ်ရပ်တွေမှာ လေယာဉ်ဘက်က အမှားအယွင်းတစ်ခုခုရှိနေပြီဆိုရင်တော့ Boeing ဘက်က တာဝန်ယူစစ်ဆေးပြီး MAX 8 ကို ရပ်နားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Yoe Lu (Akhayar)
Source : cnn.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle