Ramzes ကို အသင်းကနေ အနားပေးလိုက်တဲ့ Evil Geniuses Dota2

Ramzes ကို အသင်းကနေ အနားပေးလိုက်တဲ့ Evil Geniuses Dota2

NA အခြေစိုက် နာမည်ကျော် Dota2 အသင်း Evil Geniuses မှာ တစ်နှစ်ကြာ ဝင်ရောက် ကစားပြီး နောက်မှာတော့ Ramzes တစ်ယောက် အသင်းကနေ အနားပေးခံလိုက်ရပြီ ဖြစ်ပါတယ်။ Ramzes အနေနဲ့ ၂၀၁၉-၂၀၂၀ DPC ရာသီ မစတင်ခင်မှာ EG Dota2 အသင်းကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

EG Dota2

ယခင် အသင်းဟောင်းဖြစ်တဲ့ Virtus Pro မှာ Carry ကစားသမား အဖြစ် တာဝန်ယူခဲ့ပေမယ့် EG Dota2 အသင်းမှာတော့ Offlane Position မှာ ပြောင်းလဲ ကစားခဲ့တာ ဖြစ်ပါတယ်။ Ramzes အနေနဲ့ EG Dota2 အသင်းနဲ့အတူ MDL Chengdu Major မှာ စတုတ္ထ၊ DreamLeague Season 13: Leipzig Major မှာ ဒုတိယတို့ကို ရရှိခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နေအိမ်ကို ပြန်သွားခဲ့ရာက စတင်ပြီး လက်ရှိအချိန်ထိ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

ကိုဗစ်-၁၉ ကြောင့် ပြိုင်ပွဲတွေကို အွန်လိုင်းပုံစံ ပြောင်းလဲခဲ့ရာမှာလည်း Ramzes အနေနဲ့ Connection အခက်အခဲကြောင့် EG Dota2 အသင်းနဲ့အတူ ပြိုင်ပွဲအများစုမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ OMEGA League ပြိုင်ပွဲ တစ်ခုတည်းမှာသာ အသင်းနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

Ramzes

အဆိုပါ ပြိုင်ပွဲ နောက်ပိုင်းက စတင်ပြီး EG Dota2 အသင်း အနေနဲ့ ဘယ်ပြိုင်ပွဲမှာမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ယခုအခါမှာသာ Ramzes ကို အသင်းကို အနားပေးခြင်းနဲ့ အတူ Dota2 ကစားသမား အပြောင်းအလဲ အချို့ကို ပြုလုပ်သွားမှာဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

Ramzes နည်းတူ ကိုဗစ်-၁၉ စတင်စဉ် အချိန်က စတင်ပြီး မွေးရပ်မြေဖြစ်တဲ့ ဖိလစ်ပိုင်ကို ပြန်သွားခဲ့တဲ့ Abed ကိုလည်း အသင်းကနေ ထုတ်ပယ်သွားမလား ဆိုတာကို EG Dota2 ဘက်က ကြေညာခြင်း မရှိသေးတာကြောင့် DPC ရာသီ ပြန်လည် မစတင်ခင်မှာ Evil Geniuses Dota2 အသင်းသားများ အဖြစ် ဘယ်ကစားသမားတွေကို မြင်တွေ့သွားရမလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Abed

လက်ရှိအချိန်မှာ Ramzes တစ်ယောက် EG Dota2 အသင်းကနေ အနားပေးခံလိုက်ပြီ ဖြစ်တာကြောင့် မကြာသေးခင် အချိန်က ထွက်ပေါ်လာခဲ့တဲ့ ကောလာဟလတွေ အတိုင်း Ramzes, Sumail, NoOne, Yamich, Solo တို့ ပါဝင်တဲ့ ထိပ်သီး အသင်း တစ်သင်းကို မြင်တွေ့သွားရမလား ဆိုတာကိုလည်း စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

EG Dota2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Arteezy – Pos 1
  • Abed – Pos 2
  • Crit – Pos 4
  • Fly – Pos 5
  • Bulba – Coach

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle