Abed နဲ့ Gpk အကြား ကွာခြားချက်တွေကို ပြောပြသွားခဲ့တဲ့ EG Dota2 အသင်းရဲ့ ကပ္ပတိန်ကြီး Fly

Abed နဲ့ Gpk အကြား ကွာခြားချက်တွေကို ပြောပြသွားခဲ့တဲ့ EG Dota2 အသင်းရဲ့ ကပ္ပတိန်ကြီး Fly

OMEGA League EU Immortal Division မှာ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိတဲ့ NA အခြေစိုက် Dota2 အသင်း Evil Geniuses ရဲ့ အဖွင့်ပွဲစဉ်ကတော့ 5Men Dota2 အသင်းကို နှစ်ပွဲပြတ် အနိုင်ရရှိခြင်းနဲ့ အတူ အဖွင့် လှသွားခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်အပြီးမှာ EG Dota2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Tal “Fly” Aizik ကို အင်တာဗျူး ပြုလုပ်ခဲ့ရာမှာ Fly အနေနဲ့ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိသေးတဲ့ Abed “Abed” Azel L. Yusop နဲ့ အစားထိုး ကစားသမားဖြစ်သူ Danil “Gpk” Skutin တို့ အကြား ကွာခြားချက်တွေကို အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

Abed

“Gpk က တကယ်ကို အရည်အချင်းရှိတဲ့ ကစားသမား တစ်ဦးပါ။ Gpk ကို အစားထိုး ကစားသမား အဖြစ် ခေါ်ယူနိုင်ခဲ့တဲ့ အတွက်လည်း ဝမ်းသာမိပါတယ်။ ဒါပေမယ့် Abed ဆိုတာကလည်း တကယ်ကို ထူးချွန်တဲ့ ကစားသမားကောင်း တစ်ဦးပဲ ဖြစ်ပါတယ်။

Gpk နဲ့ Abed တို့ နှစ်ဦးလုံးက အသက်အရွယ်အားဖြင့် ငယ်ရွယ်တယ်၊ အရည်အချင်းကောင်းတွေကို ပိုင်ဆိုင်ထားကြတယ်၊ သင်ယူလိုစိတ်၊ တိုးတက်လိုစိတ်တွေလည်း အတော်လေးကို ပြင်းထန်လှပါတယ်။ သူတို့နှစ်ဦးရဲ့ Dota2 အပေါ် ထားရှိတဲ့ စိတ်နေစိတ်ထားတွေက အတော်လေး တူညီကြပေမယ့် Abed က အပြင်လောကမှာတော့ အနေအေးတဲ့ ကောင်လေး တစ်ယောက်ဖြစ်ပြီး Gpk ကတော့ ပျော်ပျော်နေတတ်တဲ့ ကောင်လေး တစ်ယောက်ပဲ ဖြစ်ပါတယ်။”

RAMZES666

CIS အခြေစိုက် ကစားသမားတွေဖြစ်တဲ့ RAMZES666 နဲ့ Gpk တို့ကို In-Game အတွင်း ညွှန်ကြားရမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရခြင်း ရှိမရှိ မေးမြန်းခဲ့ရာမှာ Fly အနေနဲ့ အခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။

“ကစားနေရင်း တန်းလန်းနဲ့ သူတို့ နှစ်ယောက် ရုရှားလိုတွေ အပြန်အလှန် ပြောဆိုလာတာမျိုးနဲ့တော့ ကြုံတွေ့ခဲ့ရပါတယ်။ များသောအားဖြင့် RAMZES666 ကပဲ Gpk ကို အဓိက ထိန်းပေးသွားခဲ့ပြီး Artezzy ကလည်း ရုရှားလို အနည်းငယ် နားလည်တာကြောင့် ကျွန်တော်တောင် သိပ်ပြီး ပြောနေစရာ မလိုအပ်ခဲ့ပါဘူး။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ အသင်းက NA အခြေစိုက် အသင်းနဲ့တောင် မတူတော့ပါဘူး။ CIS အခြေစိုက် အသင်း တစ်သင်းလိုတောင် ဖြစ်နေခဲ့ပါပြီ။”

Lockdown ကာလအတွင်း ဘယ်လို နေထိုင်ခဲ့လည်းဆိုပြီး Fly ကို မေးမြန်ခဲ့ရာမှာတော့ အခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။

“တကယ်ကို ရူးချင်စရာပါပဲ။ ကျွန်တော်အိမ်မှာ ဒီလောက် အကြာကြီး မနေခဲ့ဖူးတာ နှစ်နဲ့ချီပြီး ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့်လည်း အိမ်မှာနေတဲ့ ကာလအတွင်း ကျွန်တော် ဝါသနာတစ်ခု ထပ်တိုးလာခဲ့တယ်ဗျ။ အခုဆိုရင် ကျွန်တော် အားလပ်ချိန်တွေမှာ ခရမ်းချဉ်သီး အပင်တွေ စိုက်ပျိုးပြီး အချိန်ဖြုန်းလေ့ ရှိပါတယ်။ အပင်စိုက်ရတာ ကျွန်တော့် အတွက် တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။”

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle