2021 LOL ရာသီအတွက် နည်းပြစာရင်းကို ကြေညာသွားခဲ့တဲ့ Evil Geniuses LOL

2021 LCS ရာသီ ပြန်လည် စတင်သွားမယ့် တဖြည်းဖြည်းနဲ့ ပြန်လည် နီးကပ်လို့ လာခဲ့ပြီ ဖြစ်တာနဲ့ အညီ အသင်းအများစု အနေနဲ့ ကစားသမား စာရင်းတွေ၊ နည်းပြစာရင်းတွေကို တရားဝင် ထုတ်ပြန် ကြေညာလျက် ရှိကြပါတယ်။ ယခုအခါမှာတော့ LCS ပြိုင်ပွဲဝင် LOL အသင်း Evil Geniuses အနေနဲ့ 2021 LOL ရာသီ အတွက် နည်းပြစာရင်းကို တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။
Presenting our League of Legends masterminds for 2021!
— Evil Geniuses (@EvilGeniuses) December 22, 2020
Head Coach: @pcdv8r
LCS Strategic: @Artemis
LCS: @TurtleGabriel
LCS: @dontmashme
Academy: @mattelento
Prodigies: @IdoSptember pic.twitter.com/39cFzIMY0V
EG LOL အသင်းမှာ နည်းပြချုပ် အဖြစ် တာဝန်ထမ်းဆောင်သွားမယ့် သူကတော့ ယခင် MAD Lions, Splyce စတဲ့ LOL အသင်းတွေမှာ နည်းပြချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Peter Dun ပဲ ဖြစ်ပါတယ်။ ယခင် EG LOL အသင်းရဲ့ လက်ထောက် နည်းပြဖြစ်သူ Artemis ကတော့ နည်းစနစ်ပိုင်းဆိုင်ရာ နည်းပြ အဖြစ် ပြောင်းလဲ တာဝန်ယူသွားမှာဖြစ်ပြီး လက်ထောက်နည်းပြများ အဖြစ် Turtle နဲ့ Mash တို့က ပူးတွဲ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Turtle အနေနဲ့ ယခင်အချိန်တုန်းက တောင်အမေရိက အခြေစိုက် LOL အသင်းတွေဖြစ်တဲ့ Vivo Keyd, CNB Esports Club တို့မှာ နည်းပြချုပ် အဖြစ် တာဝန်ယူခဲ့ပေမယ့် EG LOL အသင်းမှာတော့ နည်းပြချုပ်ဖြစ်သူ Peter Dun ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ နောက်ထပ် လက်ထောက် နည်းပြဖြစ်သူ Mash ကတော့ LOL လောကမှာ ၂၀၁၁ ခုနှစ်ကတည်းက ကျင်လည်နေခဲ့သူ တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ 2020 LOL ရာသီမှာလည်း FlyQuest LOL အသင်းရဲ့ AD Carry အရံကစားသမား အဖြစ် တာဝန်ယူခဲ့ပါတယ်။

EG Academy LOL အသင်းကိုတော့ အသက် ၂၃ နှစ်အရွယ် Support ကစားသမားဟောင်း Matt Elento က တာဝန်ယူသွားမှာ ဖြစ်တယ်လို့ သိရပြီး EG Prodigies အသင်းရဲ့ နည်းပြချုပ် အဖြစ်ကိုတော့ Team Liquid Academy, Zenith Esports, Slaughter House စတဲ့ အသင်းတွေမှာ နည်းပြအဖွဲ့ဝင် အဖြစ် တာဝန်ယူခဲ့တဲ့ Ido ကို ခန့်အပ်ခဲ့ပါတယ်။
REF: DotEsports