လစ်လပ်နေတဲ့ Offlane Position အတွက် Iceiceice ကို ခေါ်ယူခဲ့တဲ့ EG Dota2

လစ်လပ်နေတဲ့ Offlane Position အတွက် Iceiceice ကို ခေါ်ယူခဲ့တဲ့ EG Dota2

Ramzes ကို အနားပေးပြီးနောက် လစ်လပ်လျက်ရှိတဲ့ Offlane Position အတွက် EG Dota2 အသင်းကတော့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်တဲ့ Iceiceice ကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ Iceiceice အနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ Fnatic Dota2 အသင်းနဲ့အတူ အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံး Offlane ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ်လည်း လက်ရှိအချိန်ထိ ရပ်တည်နေနိုင်တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

EG Dota2 အသင်းဟာ Carry ကစားသမားဖြစ်သူ Ramzes ကို အသင်းရဲ့ Offlane Position အတွက် ၂၀၁၉-၂၀၂၀ DPC ရာသီ စတင်ချိန်မှာ ခေါ်ယူခဲ့ပေမယ့် Ramzes တစ်ယောက် Role အသစ်မှာ ရုန်းကန်ခဲ့ရတာကြောင့် ယခု တစ်ကြိမ်မှာတော့ အတွေ့အကြုံရင့် Offlane ကစားသမား တစ်ဦးဖြစ်တဲ့ Iceiceice ကို ခေါ်ယူဖို့ အတွက် ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

Iceiceice အနေနဲ့ ယခင်အချိန်တွေတုန်းက SEA, China အခြေစိုက် Dota2 အသင်းတွေမှာသာ ဝင်ရောက် ကစားခဲ့တာဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ Fnatic Dota2 အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ဒေသအသစ်မှာ ပြောင်းလဲ အခြေချလိုတဲ့ စိတ်ကူးရှိတာကြောင့် Fnatic ဘက်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခြင်းကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ Iceiceice ရဲ့ စိတ်ကူးဆန္ဒတွေ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်သလို အသင်းဖော်ဟောင်းဖြစ်တဲ့ Abed နဲ့ EG Dota2 အသင်းမှာ ပြန်လည် တွဲဖက် ကစားခွင့်ကိုလည်း ရရှိတော့မှာ ဖြစ်ပါတယ်။

EG Dota2 အသင်း အနေနဲ့ လူစာရင်း အသစ်ကို ဘယ်အချိန်မှာ စတင် ပွဲထုတ်သွားမယ် ဆိုတာကို တရားဝင် ပြောကြားခြင်း မရှိသေးသလို Abed နဲ့ Iceiceice တို့ အနေနဲ့ အသင်းနဲ့ လာရောက် ပူပေါင်းနိုင်ခြင်း ရှိမရှိကိုလည်း အတိအကျ သိရှိရခြင်း မရှိသေးတာကြောင့် မကြာခင် ကျင်းပသွားမယ့် Dota2 ပြိုင်ပွဲတွေမှာ လူစာရင်း အသစ်နဲ့ EG Dota2 အသင်းကို မြင်တွေ့သွားရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

EG Dota2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Artour “Arteezy” Babev – Pos 1
  • Azel “Abed” Yusop – Pos 2
  • Daryl Koh “iceiceice” Pei Xiang – Pos 3
  • Andreas Franck “Cr1t-” Nielsen – Pos 4
  • Tal “Fly” Aizik – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle