HONROIS CSGO အသင်းမှာ အတူတကွ ပြန်လည် ကစားခွင့် ရရှိတော့မယ့် NEO နဲ့ TaZ

HONROIS CSGO အသင်းမှာ အတူတကွ ပြန်လည် ကစားခွင့် ရရှိတော့မယ့် NEO နဲ့ TaZ

Filip “NEO” Kubski နဲ့ Wiktor “TaZ” Wojtas ဆိုတာကတော့ CSGO လောကမှာ မသိသူ မရှိသလောက်ကို ထင်ရှား ကျော်ကြားခဲ့တဲ့ နာမည်ကျော် CSGO ကစားသမားတွေပဲ ဖြစ်ပါတယ်။ NEO နဲ့ TaZ အနေနဲ့ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် အထိ အသင်းပေါင်း များစွာမှာ အတူတကွ ကစားခဲ့ကြတဲ့ ကစားသမား နှစ်ဦးပဲ ဖြစ်သလို ဆုဖလားပေါင်း များစွာကိုလည်း အတူတကွ သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

TaZ

CS 1.6 ခေတ်ကတည်းက အတူတကွ ကစားခဲ့ကြတဲ့ NEO နဲ့ TaZ ဟာ CSGO ခေတ်မှာလည်း Virtus Pro CSGO အသင်းနဲ့အတူ ESM One Katowice Major အပါအဝင် ချန်ပီယံဆုပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့သလို Virtus Pro CSGO အသင်းကိုလည်း ကမ္ဘာ့အကောင်းဆုံး CSGO အသင်းတွေ အထဲမှာ တစ်သင်း အပါအဝင် အဖြစ် ရပ်တည်လာနိုင်အောင် စွမ်းဆောင်ပေးခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ၂၀၁၈ ခုနှစ်မှာ TaZ တစ်ယောက် Virtus Pro CSGO အသင်းရဲ့ အရံကစားသမား ဘဝကို သက်ဆင်း ပေးခဲ့ရခြင်းနဲ့ အတူ သူငယ်ချင်း နှစ်ယောက် နှစ်ကာလရှည် အတူတကွ ကစားခွင့် ရရှိခဲ့တဲ့ နေ့ရက်တွေလည်း ရပ်တန့်လို့ သွားခဲ့ပါတယ်။

NEO

TaZ နဲ့ Neo တို့ နှစ်ဦးလုံး အနေနဲ့ Virtus Pro CSGO အသင်းကနေ ထွက်ခွာသွားပြီး နောက်ပိုင်းမှာ ARCY CSGO အသင်းမှာ အတူတကွ ပြန်လည် ကစားခွင့် ရရှိခဲ့ကြပေမယ့်လည်း အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့တာကြောင့် ARCY CSGO အသင်းကို ဖျက်သိမ်းခြင်းနဲ့ အတူ သူငယ်ချင်း နှစ်ယောက် ပြန်လည် ဝေးကွာလို့ သွားခဲ့ရပါတယ်။

ယခုအခါမှာတော့ ပိုလန်နိုင်ငံ အခြေစိုက် HONORIS CSGO အသင်းရဲ့ ထုတ်ပြန် ကြေညာချက်များအရ အသစ် ဖွဲ့စည်းလိုက်တဲ့ HONORIS CSGO အသင်းမှာ Neo နဲ့ TaZ နှစ်ဦးလုံးကို ပြန်လည် မြင်တွေ့ခွင့် ရရှိတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ HONORIS CSGO အသင်းမှာ ဝါရင့်ကစားသမားတွေဖြစ်တဲ့ Neo နဲ့ TaZ တို့ အပြင် အသက်အရွယ်ပိုင်းအရ ငယ်ရွယ်ပေမယ့် လက်စွမ်းကောင်းတွေကို ပြသလျက်ရှိတဲ့ Kamil “reiko” Cegielko, Wojciech “Prism” Zieba တို့ ပါဝင်သလို Illuminar CSGO အသင်းရဲ့ AWP ကစားသမား တစ်ဦးဖြစ်သူ Daniel “STOMP” Plominski လည်း ပါဝင်မှာ ဖြစ်ပါတယ်။

NEO

HONORIS CSGO အသင်း အနေနဲ့ လက်ရှိအချိန်မှာ မည်သည့် ပြိုင်ပွဲများမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်း ကြေညာခြင်း မရှိသေးတာကြောင့် ဝါရင့် ကစားသမားနှစ်ဦးဖြစ်တဲ့ Neo နဲ့ TaZ အနေနဲ့ လူငယ်ကစားသမားတွေကို ထိန်းကျောင်းကာ အောင်မြင်မှုတွေကို ပြန်လည် စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

STOMP

HONORIS CSGO အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Filip “NEO” Kubski
  • Wiktor “TaZ” Wojtas
  • Daniel “STOMP” Plominski
  • Kamil “reiko” Cegielko
  • Wojciech “Prism” Zieba

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle