ခေတ်ပျက်ကြီးမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ ကိုယ်ခံပညာသင်တန်းတစ်ခုခု တက်ထားကြစို့

ခေတ်ပျက်ကြီးမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ ကိုယ်ခံပညာသင်တန်းတစ်ခုခု တက်ထားကြစို့

အခရာပရိသတ်ကြီးရေ၊ မင်္ဂလာပါဗျာ။ အခရာကနေ အခုထပ်မိတ်ဆက်ပေးချင်တဲ့ အစီအစဉ်လေးကတော့ “Explore your hobby” ဆိုတဲ့ အစီအစဉ်လေးပါပဲ။ အခရာနဲ့ အတူ ကိုယ့်ရဲ့ ဝါသနာတွေကို ရှာဖွေဖော်ထုတ်ဖို့ပါ။

လူတိုင်းမှာ ဝါသနာပါရာ အကြောင်းအရာတစ်ခုစီ၊ တချို့ဆို တစ်ခုထက် မက ရှိတတ်ပါတယ်။ ဒီလို ဝါသနာနဲ့ လူတွေကြားမှာ တချို့က ဝါသနာနဲ့ အသက်မွေးခွင့်ရအောင် ကံထူးတယ်၊ တချို့ကျတော့ ဝါသနာဟာ ဝါသနာအဆင့်မှာပဲ ရပ်တန့်ပြီး ဘာမှ ဆက်ဖြစ်မလာခဲ့ပါဘူး။ ငယ်ငယ်တည်းက ကိုယ့်ဝါသနာကို ကိုယ်မသိတာပဲ ဖြစ်ဖြစ်၊ ဝါသနာပါတဲ့အရာကို ပျိုးထောင်ခွင့်မရခဲ့တာကြောင့်ပဲ ဖြစ်ဖြစ် ဖြစ်ပါတယ်။

ဒီတစ်ခါတော့ အခရာက ငယ်ငယ်တည်းက တိုက်တမ်းခိုက်တမ်းကစားရတာကို သဘောကျတဲ့၊ ကြီးလာတဲ့အခါမှာလည်း ကိုယ်ခံပညာတစ်ခုခု တတ်ထားချင်တဲ့ ကလေးသူငယ်နဲ့ လူငယ်တွေအတွက် အခြေခံကစပြီး သင်ကြားနိုင်မယ့် ကိုယ်ခံပညာသင်တန်းတွေကို ညွှန်းပေးချင်ပါတယ်။

ဒီနေ့ခေတ်လို စာပဲ ကျက်ရ၊ အလုပ်စားပွဲပဲ ထိုင်နေရတာ များတဲ့ ခေတ်ကြီးမှာ အဆီတွေကျ၊ဖျတ်လတ်သန်စွမ်းဖို့ ကိုယ်ခံပညာတစ်ခုခုလိုက်စားခြင်းက ကူညီပေးနိုင်သလို အခုလို ဘယ်အချိန်မဆို အန္တရာယ်တွေ့ကြုံနိုင်တဲ့ ခေတ်ကြီးမှာလည်း ကိုယ်ခံပညာတစ်ခုခုကို တတ်ထားဖို့ လိုနေပါပြီ။ ဒီတစ်ခါမှာတော့ လူငယ်တွေရော၊ ကလေးတွေရော တတ်လို့ ရတဲ့ ကိုယ်ခံပညာသင်တန်းတွေထဲက ကရာတေး၊ တိုက်ကွမ်ဒိုနဲ့ ကစ်ဘောက်ဆင်သင်တန်းတချို့ကို ဖော်ပြပေးချင်ပါတယ်။

ကရာတေး
ကရာတေးကတော့ Martial Art အမျိုးအစားတစ်ခုဖြစ်ပြီး ၁၅ ရာစုကနေ ၁၉ရာစုနှစ်အတွင်း အုပ်ချုပ်ခဲ့တဲ့ Ryukyu Kingdom ကနေ စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိကမ္ဘာတဝန်းမှာလည်း ကရာတေးလေ့ကျင့်ကစားသူပေါင်း သန်း ၁၀၀ ကျော်ရှိနေတယ်ဆိုတဲ့အတွက် စိတ်ဝင်စားလို့ ဖြစ်ဖြစ်၊ ဝါသနာပါလို့ ဖြစ်ဖြစ်လေ့လာဆော့ကစားချင်တယ်ဆိုရင် IKO-Myanmar လို့ ခေါ်တဲ့ International Karate Organization ရှိနေပါတယ်။

International Karate Organization (Myanmar Branch) ဟာ ကရာတေးပညာရပ်ကို သင်ကြားလာတာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ဂျပန်နိုင်ငံ International Karate Organization မှ ချမှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားနေတဲ့ သင်တန်းတစ်ခု ဖြစ်ပါတယ်။ တက်မယ်ဆိုရင် ကျား/မ မရွေးတက်လို့ရသလို အသက် ၅ နှစ်မှ စပြီးလည်း စတင်ကစားလို့ ရတယ်လို့ သိရပါတယ်။

သင်တန်းကျောင်းများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
ဗဟန်း ရွှေဂုံတိုင် ယုဇနဟိုတယ် (Regular Class)
ဖုန်း ဝ၉-၇၃၁၉၅၆၆၂ ၊

ဗဟန်း ရွှေဂုံတိုင် ယုဇနဟိုတယ် (Fighter Class)
ဖုန်း ဝ၉-၄၂ဝဝ၁၇၇၄၇

မြောက်ဒဂုံ နာရေးကူညီမူအသင်း(ရန်ကုန်)
၀၉ – ၇၉၅၇၈၇၁၂၉
၀၉ – ၇၇၃၀၅၅၇၆၁

မင်္ဂလာတောင်ညွန့် သင်တန်းခွဲ
(ဖုန်း ဝ၉-၄၅ဝဝ၃၁၂၇၈)

သင်္ဃန်းကျွန်း သင်တန်းခွဲ
(ဖုန်း ဝ၉-၅၁၄၉၅၃၃)

အလုံ သင်တန်းခွဲ
(ဖုန်း ဝ၉-၂၅ဝ၂၇၁၄၉၈)

ကမာရွတ် သင်တန်းခွဲ
(ဖုန်း ဝ၉-၄၃ဝ၂၁၁၉၁)

လှိုင် သင်တန်းခွဲ
(ဖုန်း ဝ၉-၇၉၉၈၆၇၆၃၃)

တာမွေသင်တန်းခွဲ
(ဖုန်း ဝ၉-၇၈၁၉၉၁၅၆၈)

သန်လျှင် သင်တန်းခွဲ
(ဖုန်း ၀၉-၇၉၈၀၀၆၀၀၄)

ထောက်ကြန့် သင်တန်းခွဲ
(ဖုန်း ၀၉-၄၂၀၀၁၇၇၄၇)

မှော်ဘီ သင်တန်းခွဲ
(ဖုန်း ဝ၉-၂၅ဝဝ၃၆ဝ၆၆)

ပဲခူး သင်တန်းခွဲ
(ဖုန်း ၀၉-၅၄၁၅၉၅၆)

သာယာဝတီ သင်တန်းခွဲ
(ဖုန်း ၀၉-၅၃၆၀၃၁၇ ၀၉-၇၉၉၁၇၃၃၂၃)

မင်းဘူး သင်တန်းခွဲ
(ဖုန်း ၀၉ -၂၆၅၈၉၇၁၈၃)

မန္တလေး သင်တန်းခွဲ (ဖုန်း ဝ၉-၄၂၃၇၄၁၄၅၃)
ချမ်းမြသုခ၊ မန္တလေး (ဖုန်း ဝ၉-၂၅၉၂၃၇၇၁၃)
ပြည်ကြီးတံခွန်၊ မန္တလေး (ဖုန်း ဝ၉-၄ဝ၂၅၇၇၄ဝ၅)
ပြည်ကြီးတံခွန်၊ မန္တလေး (ဖုန်း ဝ၉-၇၉၆ဝ၂၉၄၂၃)
သခင်ဖိုးလှကြီး၊ မန္တလေး (ဖုန်း ဝ၉-၉၇၇၅၂၂၈ဝ၅)

ပြင်ဦးလွင် သင်တန်းခွဲ
(ဖုန်း ဝ၉-၅၁၈၂၆၃၅)

တောင်ကြီးသင်တန်းခွဲ
(ဖုန်း ဝ၉-၅၁၈၂၆၃၅ ၊ ၀၉-၇၉၅၃၃၀၂၄၁ )

မိုးကုတ် သင်တန်းခွဲ
(ဖုန်း ဝ၉-၄ဝ၂၆၆ဝ၃ဝ၂)

မကွေး သင်တန်းခွဲ
(ဖုန်း ဝ၉-၂၅ဝ၃၄၅၂၇၄)

ကချင် သင်တန်းခွဲ၊ မြစ်ကြီးနား YMCA
(ဖုန်း ဝ၉-၄ဝဝဝ၃ဝ၆၂၉)

စစ်ကိုင်း သင်တန်းခွဲ၊ ကလေး
(ဖုန်း ၀၉-၄၄၀၆၁၀၅၇၂)

ရခိုင် သင်တန်းခွဲ၊ စစ်တွေ
(ဖုန်း ဝ၉-၄၂၁၇၆၈၃၆ဝယ ဝ၉-၄၂၁၇၁၁၉ဝ၈)

နေပြည်တော် သင်တန်းခွဲ
(ဖုန်း ဝ၉-၅၁၄၅၅၂၇)

တွံတေး သင်တန်းခွဲ (ဖုန်း ဝ၉-၄၂ဝ၁၉၄၅၉၈)

ပုသိမ် သင်တန်းခွဲ (ဖုန်း ဝ၉-၅၁၃၈၉၆၉)

သင်တန်းရဲ့ အားသာချက်က IKO Myanmar ဟာ ကရာတေးပြန့်ပွားရေးအတွက် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းအနေနဲ့ ရပ်တည်တာ ဖြစ်လို့ အခမဲ့သင်တန်းတွေကို ဖွင့်လှစ်ထားသလို အခန်းခဈေးကြီးတဲ့နေရာတွေမှာလည်း အခန်းခကျေရုံသင်တန်းကြေးနဲ့ သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ သင်တန်းတည်နေရာတွေကို ဥပမာကြည့်နိုင်ပါတယ်။

တိုက်ကွမ်ဒို
တိုက်ကွမ်ဒိုကစားချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်က ဖွင့်တဲ့ နွေရာသီတိုက်ကွမ်ဒိုအခြေခံနဲ့ အဆင့်မြင့်သင်တန်းရှိနေပါတယ်။ ကိုယ်လုံပညာတစ်ခုခုကို သင်ချင်လို့ပဲ ဖြစ်ဖြစ်၊ ကိုယ်အလေးချိန်ချချင်လို့ပဲ ဖြစ်ဖြစ် တက်လို့ ရပါတယ်။

သင်တန်းနေ့ – အပတ်စဉ် စနေ၊ တနင်္ဂနွေ
သင်တန်းချိန် – ညနေ – ၃:၃၀ မှ ၅:၃၀ ထိ
ဝင်ကြေး – ၁၀,၀၀၀ ကျပ်
လစဉ်သင်တန်းကြေး – ၂၀,၀၀၀ ကျပ်
သင်တန်းနေရာ – မြို့နယ် အားကစားရုံ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး

ဖုန်းနံပါတ်ကတော့ ၀၉ ၄၃၀ ၆၈၆၆၉

Kickboxing
လတ်တလော အမျိုးသားထုကြားမှာရော၊ အမျိုးသမီးထုကြားမှာပါ ခေတ်စားလာတာကတော့ Kickboxing Club တွေပဲ ဖြစ်ပါတယ်။ Kickboxing သတ်သတ်သင်ပေးတာရှိသလို Gym တွေမှာလည်း Kickboxing Class တွေ ရှိနေပါပြီ။Kickboxing လေ့ကျင့်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်လာမယ်၊ ကျစ်လျစ်အဆီကျတဲ့ ခန္ဓာကိုယ်လည်း ဖြစ်လာနိုင်ပါတယ်။

Kickboxing အတန်းမှာ သိထားတဲ့ အတန်းတွေကတော့

X Gym Fitness Myanmar ကဖွင့်တဲ့ Kickboxing သင်တန်း
Sat & Sun : (4:00Pm – 5:30Pm)
10 Days: 40,000 Ks (Expire 2လ)
Daily : 5,000 Ks
လူဦးရေ ကန့်သက်ထားပါသည်။

(Y.M.C.A) မှ ဆရာတင် ဇော် လတ် ကိုယ် တိုင် အခြေခံမှစ၍ စနစ်တစ်ကျသင် ကြား ပေးမယ်လို့ သိရပါတယ်။

Ph: 01-210794, 09-780533166

Address: ညောင်ပင်လေး Plaza, လမ်းမတော်မြို့နယ်။

Ray Kickboxing & Body Workshop
Ray Kickboxing & Body Workshop မှာလည်း Kickboxing Class တွေ ရှိပြီး တစ်လကို ၃၅,၀၀၀ ကျပ်လောက် ကျသင့်မှာ ဖြစ်ပါတယ်။ နေရာကတော့

အမှတ် (၂၁၀၊ ၂၁၄) ၊ ၃လွှာ၊ ၃၂လမ်းနှင့် အနော်ရထာလမ်းထိပ်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်ရန် ၀၉၄၅၇၄၉၉၄၂၄ ဖြစ်ပါတယ်။

ကိုယ်ခံပညာတစ်ခုခု လိုက်စားချင်သူတွေနဲ့ ကျန်းမာရေးလိုက်စားချင်သူတွေအတွက် ဒီအချက်အလက်တွေက အထောက်အကူပြုလိမ့်မယ်လို့ ထင်ပါတယ်။ အခရာပရိသတ်ကြီးအားလုံး ဝါသနာကို ပျိုးထောင်ခွင့်ရတဲ့သူတွေ ဖြစ်ကြပါစေ။

Yoe Lu (Akhayar)