ပြန်လည် ဖွဲ့စည်းသွားမယ့် EXTREMUM CSGO မှာ မြင်တွေ့ရဖွယ်ရှိတဲ့ Cloud9 နည်းပြဟောင်း Kassad

ပြန်လည် ဖွဲ့စည်းသွားမယ့် EXTREMUM CSGO မှာ မြင်တွေ့ရဖွယ်ရှိတဲ့ Cloud9 နည်းပြဟောင်း Kassad

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ Cloud9 CSGO အသင်းနဲ့ လမ်းခွဲခဲ့တဲ့ နည်းပြကြီး Kassad ကတော့ အသင်းသစ်ကို ရှာဖွေ တွေ့ရှိသွားတဲ့ ပုံပါပဲ။ လက်ရှိအချိန်မှာ ထွက်ပေါ်လျက်ရှိတဲ့ သတင်းများအရ Renegades, 100 Thieves, Cloud9 စတဲ့ CSGO အသင်းတွေရဲ့ နည်းပြဟောင်းဖြစ်သူ Aleksandar “kassad” Trifunovic ကို 100 Thieves ကစားသမားတွေနဲ့ ပြန်လည် ဖွဲ့စည်းသွားမယ့် EXTREMUM CSGO အသင်းမှာ မြင်တွေ့သွားရဖွယ် ရှိတယ်လို့ သိရပါတယ်။

100 Thieves CSGO အသင်း ဖျက်သိမ်းသွားခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလက စတင်ပြီး လက်ရှိအချိန်ထိ အသင်းလက်မဲ့ အဖြစ် တည်ရှိလျက်ရှိတဲ့ Aaron “AZR” Ward, Jay “Liazz” Tregillgas, Sean “Gratisfaction” Kaiwai တို့ဟာ EXTREMUM CSGO အသင်းကို ပြောင်းရွေ့ ကစားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပြီး 100 Thieves ကနေ Apeks CSGO အသင်းကို ပြောင်းရွေ့သွားခဲ့တဲ့ Joakim “jkaem” Myrbostad ဟာ ဆိုရင်လည်း EXTREMUM ကို ပြောင်းရွေ့ဖို သေချာသလောက် ရှိနေခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Ex 100 Thieves

ဒါကြောင့် Cloud9 CSGO အသင်းမှာ In-Game Leader ဖြစ်သူ Alex နဲ့ နည်းစနစ်ပိုင်းဆိုင်ရာ သဘောတူ မတိုက်ဆိုင်မှုတွေကြောင့် လမ်းခွဲခဲ့တဲ့ Kassad ဟာ အသင်းဖော်ဟောင်းတွေရှိရာ EXTREMUM ကို ရောက်ရှိသွားဖွယ် ရှိနေပါတယ်။ လက်ရှိအချိန်မှာ EXTREMUM CSGO အသင်းဘက်မှ ထွက်ပေါ်လျက်ရှိတဲ့ ကောလာဟလတွေနဲ့ ပက်သက်ပြီး အတည်ပြုပေးခြင်း မရှိသေးတာကြောင့် 100 Thieves အဖွဲ့သားဟောင်းတွေကို EXTREMUM CSGO အသင်းမှာ မြင်တွေ့သွားရမလား ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ်ရှိတဲ့ EXTREMUM CSGO အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Aaron “AZR” Ward
  • Jay “Liazz” Tregillgas
  • Sean “Gratisfaction” Kaiwai
  • Joakim “jkaem” Myrbostad
  • Aleksandar “kassad” Trifunovic (Coach)

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle