နာမည်ကျော် Support ကစားသမား Eyyou ကို Fnatic Dota2 အသင်းမှာ ပြန်လည် မြင်တွေ့ရတော့မည်

နာမည်ကျော် Support ကစားသမား Eyyou ကို Fnatic Dota2 အသင်းမှာ ပြန်လည် မြင်တွေ့ရတော့မည်

SEA အခြေစိုက် အင်အားကြီး Dota2 အသင်း Fnatic အသင်းကတော့ အပြောင်းအရွေ့တွေကို ဆက်တိုက် ဆိုသလို လုပ်ဆောင်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က အသင်းရဲ့ Carry ကစားသမား 23savage ကို ထုတ်ပယ်ပြီး Geek Fam Dota2 အသင်းရဲ့ Carry ကစားသမား Raven ကို ခေါ်ယူခဲ့ပါတယ်။

raven

အဲဒီနောက်မှာ အသင်းရဲ့ Offlane ကစားသမားဖြစ်သူ Iceiceice တစ်ယောက် DPC ရာသီ ပြန်လည် မစတင် အထိ ခေတ္တ အနားယူ သွားခဲ့တာကြောင့် T1 Dota2 အသင်းကနေ ထွက်ခွာခဲ့တဲ့ Forev ကို အစားထိုး ကစားသမား အဖြစ် ခေါ်ယူပြီး ESL One Thailand 2020 မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

iceiceice

ESL One Thailand 2020 မှာ တတိယ နေရာကို ရရှိခဲ့ပေမယ့်လည်း Fnatic လို အသင်းအတွက် ဒီရလဒ်က ကျေနပ်စရာ ကောင်းလှတဲ့ ရလဒ် တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ ဒါ့အပြင် ESL One Thailand 2020 ပြိုင်ပွဲ အပြီးမှာ အသင်းအတွင်း ပြဿနာ အနည်းငယ် ပေါ်ပေါက်ခဲ့ပြီး အခုလို အပြောင်းအလဲ တစ်ရပ်ကို ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

Fnatic welcomes Nico "eyyou" Barcelon to our Dota 2 roster. The Filipino support will join us ending his one year break...

Posted by Fnatic Dota on Tuesday, September 8, 2020

“Iceiceice တစ်ယောက် အသင်းကနေ ခေတ္တ အနားယူခဲ့ခြင်းကြောင့် ကျွန်တော်တို့ Fnatic Dota2 အသင်း အတွက် In-Game Leader တစ်ဦး လိုအပ်လို့ လာခဲ့ပါတယ်။ ESL One Thailand ပြိုင်ပွဲ စတင်ချိန်မှာ Jabz ကို In-Game Leader အဖြစ် တာဝန်ယူခိုင်းခဲ့ပေမယ့် Jabz ကတော့ လက်ခံခဲ့ခြင်း မရှိဘဲ အခြားသူ တစ်ဦးကိုသာ တာဝန်ပေးဖို့ ပြောကြားခဲ့ပါတယ်။

ဒါကြောင့် DJ ကို In-Game Leader အဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့ပါတယ်။ DJ အနေနဲ့ In-Game Leader အဖြစ် တာဝန်ယူရမယ် ဆိုပါက Pos4 အဖြစ် ကစားနိုင်မှာ မဟုတ်ကြောင်း ပြောကြားလာခဲ့ပြီး Pos 5 အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့ကာ Jabz ကို Pos4 နေရာမှာ ပြောင်းလဲ ကစားစေခဲ့ပါတယ်။

ပြိုင်ပွဲ ပြီးဆုံးချိန်မှာ ကျွန်တော်တို့ Fnatic Dota2 အဖွဲ့သားတွေ အကြား ရှေ့ဆက်လျှောက်မယ့် လမ်းခရီးနဲ့ ပတ်သက်ပြီး ရင်းနှီး ပွင့်လင်းစွာ တိုင်ပင်ခဲ့ကြပါတယ်။ Jabz နဲ့ DJ တို့ နှစ်ဦးလုံးဟာ Pos4 နေရာမှာသာ ကစားဖို့ စိတ်အား ထက်သန်ခဲ့ပြီး Jabz အနေနဲ့ Pos5 အဖြစ် ပြန်လည် ကစားလိုခြင်း မရှိကြောင်း ပြောကြား လာခဲ့တာကြောင့် အခုလို နှစ်ဦး သဘောတူ လမ်းခွဲဖို့အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

Jabz & Eyyou

Jabz တစ်ယောက် အသင်းနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်တာကြောင့် အရည်အချင်းရှိ Pos5 ကစားသမား တစ်ဦးကို အသင်းအတွက် ပြန်လည် ခေါ်ယူသွားဖို့ လိုအပ်လာခဲ့ပါတယ်။ Eyyou အနေနဲ့ Pos5 အဖြစ် ကောင်းမွန်စွာ ကစားနိုင်သလို အသင်းရဲ့ လက်ရှိကစားသမားတွေဖြစ်တဲ့ DJ, Raven တို့အပြင် နည်းပြဖြစ်သူ SunBhie ကပါ Eyyou ကို ခေါ်ယူဖို့ အကြံပေးခဲ့တာကြောင့် Fnatic Dota2 အသင်းရဲ့ Pos5 နေရာ အတွက် ခေါ်ယူဖြစ်ခဲ့တာ ဖြစ်ပါတယ်။”

eyyou

လက်ရှိအချိန်မှာ Jabz အနေနဲ့ အသင်းလက်မဲ့ အဖြစ်သာ တည်ရှိနေတုန်းပဲ ဖြစ်ပေမယ့် Jabz လို အရည်အချင်းရှိတဲ့ ကစားသမား တစ်ယောက်ကို ခေါ်ယူချင်တဲ့ အသင်းပေါင်း များစွာ တည်ရှိလျက် ရှိတာကြောင့် ဘယ်အသင်းကို ရောက်ရှိသွားမလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Fnatic Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Marc Polo “Raven” Luis Fausto – Pos 1
  • Kam “Moon” Boon Seng – Pos 2
  • Daryl Koh “iceiceice” Pei Xiang – Pos 3
  • Djardel “DJ” Mampusti – Pos 4
  • Nico “eyyou” Barcelon – Pos 5

REF: VpEsports