Fade, Sccc, ChYuan တို့နဲ့ လမ်းခွဲပြီး ကစားသမားသစ် သုံးဦးနဲ့ အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့တဲ့ Team Aster Dota2

Fade, Sccc, ChYuan တို့နဲ့ လမ်းခွဲပြီး ကစားသမားသစ် သုံးဦးနဲ့ အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့တဲ့ Team Aster Dota2

Aster Dota2 အသင်းရဲ့ Carry ကစားသမား ဖြစ်သူ Song “Sccc” Chun တစ်ယောက် အသင်းနဲ့ စာချုပ် သက်တမ်း တိုးသွားမှာ မဟုတ်ကြောင်း အတည်ပြုချက်တွေ ထွက်ပေါ်ပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Pos4 ကစားသမားဖြစ်သူ Pan “Fade” Yi ဟာ ဆိုရင်လည်း အသင်းကနေ ထွက်ခွာလို့ သွားခဲ့ပါတယ်။

Fade

ဒါကြောင့် Team Aster Dota2 အသင်း အနေနဲ့ ကစားသမားသစ်တွေနဲ့ အသင်းကို ပြန်လည် ဖွဲ့စည်းဖို့ ဆုံးဖြတ်ချက် ချခဲ့ပြီး အသင်းရဲ့ Mid Lane ကစားသမားဖြစ်သူ ChYuan နဲ့ပါ ထပ်မံ လမ်းခွဲကာ ကစားသမား အသစ် သုံးဦးကို ခေါ်ယူပြီး အသင်းကို ပြန်လည် ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

Sccc

Team Aster Dota2 အသင်းရဲ့ လူစာရင်းအသစ်ကို Co-Owner ဖြစ်သူ Xu “Burning” Zhilei ကိုယ်တိုင် ကြေညာ ပေးခဲ့တာ ဖြစ်ပါတယ်။ Burning ရဲ့ ထုတ်ဖော် ပြသချက်များ အရ Team Aster Dota2 အသင်းမှာ RNG Dota2 အသင်းရဲ့ Carry ကစားသမား Du “Monet” Peng နဲ့ Mid Lane ကစားသမား Liu “白学家” Yuhao တို့ ပါဝင်ကစားသွားမှာ ဖြစ်တယ်လို့ သိရပြီး ကပ္ပတိန်ဖြစ်သူ Fade ရဲ့ နေရာမှာတော့ Team Sirius Dota2 အသင်းရဲ့ Pos4 ကစားသမား Jiang “天命” An က ဝင်ရောက် ကစားသွားမှာ ဖြစ်ပါတယ်။

Chyuan

ဒါ့အပြင် လစ်လပ်နေတဲ့ နည်းပြရာထူး အတွက်ကိုလည်း ဝါရင့်နည်းပြတစ်ဦးလည်းဖြစ်၊ နာမည်ကျော် ကစားသမားဟောင်း တစ်ဦးလည်းဖြစ်တဲ့ Zhang “Lanm” Zhicheng က ဝင်ရောက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Pos 3 နဲ့ Pos 5 နေရာ အတွက်ကိုတော့ အပြောင်းအလဲတွေ ပြုလုပ်သွားမှာ မဟုတ်ဘဲ အသင်းရဲ့ ပူးတွဲ ပိုင်ရှင်ဖြစ်သူ Burning နဲ့ IG Dota2 အသင်းမှာကတည်းက လက်တွဲ လာခဲ့တဲ့ Lin “Xxs” Jing နဲ့ Ye “BoBoKa” Zhibiao တို့က ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Monet

အသင်းကနဲ့ ထွက်ခွာ သွားခဲ့တဲ့ Fade, Sccc, ChYuan တို့ အနေနဲ့ ဘယ်အသင်းကို ရောက်ရှိသွားမယ် ဆိုတာကို သိရှိရခြင်း မရှိသေးပေမယ့် လက်ရှိ တရုတ် Dota2 လောက အတွင်းမှာ ကစားသမား အပြောင်းအရွေ့နဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ကောလာဟလတွေ ထွက်ပေါ်လျက် ရှိတာကြောင့် နာမည်ကျော် Dota2 အသင်း တစ်သင်းသင်းမှာပဲ ပြန်လည် မြင်တွေ့သွားရဖွယ် ရှိနေပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle