EHOME Dota2 အသင်းကို ရောက်ရှိသွားပြီဖြစ်တဲ့ Fade

EHOME Dota2 အသင်းကို ရောက်ရှိသွားပြီဖြစ်တဲ့ Fade

တရုတ် Dota2 လောကရဲ့ အကောင်းဆုံး Position 4 ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ Fade ကတော့ အသင်းဖော်ဟောင်း Sccc ရှိရာ EHOME Dota2 အသင်းကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ Fade အနေနဲ့ ယခင်အချိန်တုန်းက ViCi Gaming နဲ့အတူ အောင်မြင်မှုပေါင်း များစွာကို ရရှိနိုင်ခဲ့ပြီး 2019-2020 DPC ရာသီ စတင်ချိန်မှာတော့ Team Aster Dota2 အသင်းကို ပြောင်းရွေ့သွားခဲ့ပါတယ်။

Fade

Team Aster Dota2 အသင်းကို စတင် ရောက်ရှိချိန်မှာလည်း Fade တစ်ယောက် လက်စွမ်းကောင်းတွေကို စတင်ပြသနိုင်ခဲ့ပြီး Minor ပြိုင်ပွဲတစ်ခုဖြစ်တဲ့ StarLadder ImbaTV Dota2 Minor Season 3 ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ပြိုင်ပွဲနောက်ပိုင်းမှာ ကိုဗစ်-၁၉ ကြောင့် ပြိုင်ပွဲတွေကို အွန်လိုင်းပုံစံ ပြောင်းလဲ ကျင်းပခဲ့ရပြီး Fade အပါအဝင် Team Aster ရဲ့ စွမ်းဆောင်ရည်ဟာ ထိုးဆင်းသွားခဲ့ပြီး Fade တစ်ယောက်လည်း Team Aster Dota2 အသင်းကနေ အနားပေးခံခဲ့ရပါတယ်။

Fade အနေနဲ့ Team Aster Dota2 အသင်းကနေ အနားပေးခံရပြီး နောက်ပိုင်းမှာ Team Sirius ကို ပြောင်းရွေ့ ကစားခဲ့ပေမယ့်လည်း အောင်မြင်မှုတွေနဲ့တော့ ဆက်လက် ဝေးကွားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာတဲ့ သတင်းများအရ Fade တစ်ယောက် EHOME Dota2 အသင်းကို ရောက်ရှိသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

Fade

“ကလပ်အသင်း နှစ်သင်းကြား ညှိနှိုင်းဆွေးနွေးမှုတွေ အပြီးမှာ Pan “Fade” Yi ကို EHOME Dota2 အသင်းရဲ့ Position 4 ကစားသမား အဖြစ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Fade ကို ခေါ်ယူလိုက်နိုင်တာကြောင့် အသင်းရဲ့ Pos4 ကစားသမားဟောင်းဖြစ်တဲ့ Zhou “Yif” Yifu ကို အသင်းကနေ အနားပေးသွားမှာ ဖြစ်ပါတယ်။ Yif အနေနဲ့ အသင်းမှာ ရှိနေတဲ့ အချိန်အတွင်းမှာ အသင်း အောင်မြင်ရေး အတွက် ကူညီစွမ်းဆောင်ပေးခဲ့တဲ့ အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။

Fade နဲ့အတူ EHOME Dota2 အသင်း အနေနဲ့ အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မယ်လို့ ယုံကြည်မိသလို ကျွန်တော်တို့ အသင်းကို အားပေးသူတွေ စိတ်ကျေနပ်လောက်တဲ့ စွမ်းဆောင်မှုတွေကို ပြသသွားနိုင်ဖို့ အတွက်လည်း အစွမ်းကုန် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။” လို့ EHOME Dota2 အသင်းဘက်ကတော့ ကြေညာသွားခဲ့ပါတယ်။

Yif

EHOME Dota2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Song “Sccc” Chun – Pos 1
  • Guo “Xm” Hongcheng – Pos 2
  • Yang “Chalic” Shenyi – Pos 3
  • Pan “Fade” Yi – Pos 4
  • Yap “xNova” Jian Wei – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle