ကိုးကြိမ်မြောက် LCK ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ LoL အသင်း T1

ကိုးကြိမ်မြောက် LCK ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ LoL အသင်း T1

ကိုရီးယားနိုင်ငံ အခြေစိုက် နာမည်ကျော် LoL အသင်း T1 ကတော့ ကိုးကြိမ်မြောက် LCK ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 2020 LCK Spring ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ T1 နဲ့ Gen.G တို့ ယှဉ်ပြိုင်ခဲ့ရပြီး Gen.G LoL အသင်းရဲ့ Mid Lane ကစားသမား Gwak “Bdd” Bo Seong ဟာဆိုရင် 2020 LCK Spring ပြိုင်ပွဲ တစ်လျှောက် လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့တာကြောင့် ပရိသတ် အများစု အနေနဲ့ T1 LoL အသင်းရဲ့ နာမည်ကျော် ကစားသမား Faker နဲ့ Gen.G ရဲ့ Bdd တို့ အကြား ပွဲကြီးပွဲကောင်းကို ကြည့်ရှုခွင့် ရရှိဖို့ အတွက် မျှော်လင့်ခဲ့ကြပါတယ်။

T1.Faker

ဒါပေမယ့်လည်း ပရိသတ် အများစု ထင်မှတ်ထားသလို ပွဲကြီးပွဲကောင်း တစ်ခုကို ကြည့်ရှုခွင့် ရရှိခဲ့ခြင်း မရှိဘဲ Bdd အနေနဲ့ ပွဲစဉ် သုံးပွဲစလုံး Faker ကို အနိုင်ယူနိုင်ခြင်း မရှိသလို အသင်းအတွက်လည်း အကျိုးပြုနိုင်ခြင်း မရှိခဲ့ပါဘူး။ Gen.G နဲ့ T1 တို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ LCK Spring 2020 ဗိုလ်လုပွဲစဉ်မှာ T1 အနေနဲ့ သုံးပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့သလို Faker အနေနဲ့ ပွဲငယ် သုံးပွဲပေါင်း KDA 9/1/19 ရရှိတဲ့ အထိ လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။

Gen.G

လက်ရှိအချိန်မှာ Mid-Season Invitational 2020 ပြိုင်ပွဲကြီးကို ကျင်းပတော့မှာ မဟုတ်တာကြောင့် T1 အနေနဲ့ LCK Spring 2020 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့ပေမယ့် MSI 2020 ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့်ကိုတော့ ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ်။ T1 အနေနဲ့ 2020 LoL ရာသီ စတင်ချိန်မှာ ရလဒ်ဆိုးတွေကိုသာ ပိုင်ဆိုင်ခဲ့တာကြောင့် Faker တို့ တစ်သိုက် ကျရှုံးချိန် ရောက်ရှိခဲ့ပြီလို့ ပရိသတ် အများစုက ထင်မှတ်ထားခဲ့ကြပေမယ့် LCK Spring 2020 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်ခြင်းနဲ့ အတူ ဝေဖန်မှုတွေကို ချေဖျက်ပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

T1

ဒါကြောင့် Faker အပါအဝင် T1 LoL အသင်း အနေနဲ့ LCK Summer 2020 ပြိုင်ပွဲမှာလည်း ရလဒ်ကောင်းတွေကို ထပ်မံ ဖော်ဆောင်နိုင်ပြီး ဆယ်ကြိမ်မြောက် LCK ချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle