ကိုရီးယားနိုင်ငံ အခြေစိုက် ကိုရိုနာ ကပ်ဘေးသင့် ပြည်သူတွေ အတွက် ဒေါ်လာ နှစ်သောင်းခွဲ လှူဒါန်းခဲ့တဲ့ Faker

ကိုရီးယားနိုင်ငံ အခြေစိုက် ကိုရိုနာ ကပ်ဘေးသင့် ပြည်သူတွေ အတွက် ဒေါ်လာ နှစ်သောင်းခွဲ လှူဒါန်းခဲ့တဲ့ Faker

နာမည်ကျော် LoL ကစားသမား Faker အနေနဲ့ အခြားသော ကိုရီးယားနိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် Esportsအဖွဲ့အစည်းတွေ၊ ကစားသမားတွေနည်းတူ ကိုရိုနာ ကပ်ဘေးသင့် ပြည်သူတွေ အတွက် လှူဒါန်းမှုတွေ ပြုလုပ် ပေးလိုက်ပြီ ဖြစ်ပါတယ်။

T1 LoL အသင်းရဲ့ နာမည်ကျော် Mid Lane ကစားသမား တစ်ဦးဖြစ်တဲ့ Lee “Faker” San Hyeok အနေနဲ့ ကိုရိုနာ ကပ်ဘေးသင့် ပြည်သူတွေ အတွက် အမေရိကန်ဒေါ်လာ နှစ်သောင်းခွဲ (ကိုရီးယားဝမ် သန်း ၃၀ခန့်) လှူဒါန်း ပေးခဲ့တယ်လို့ သိရပါတယ်။ Faker အနေနဲ့ အခုလို လှူဒါန်းဖြစ်ခဲ့ခြင်းနဲ့ ပတ်သတ်ပြီး အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ်။

“လူသားတွေ အားလုံး ယခုဖြစ်ရပ်ဆိုးကြီးကို စည်းစည်းလုံးလုံးနဲ့ ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်မိပါတယ်။ နောက်ပြီးတော့ အကူအညီ လိုအပ်နေတဲ့ လူပုဂ္ဂိုလ်တွေ အနေနဲ့လည်း လိုအပ်တဲ့ အထောက်အပံ့တွေ အမြန်ဆုံး ရရှိစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။”

ပြီးခဲ့တဲ့လတုန်းက ကိုရီးယားနိုင်ငံ အခြေစိုက် Overwatch အသင်း Seoul Dynasty အနေနဲ့ မတ်လအတွင်း ကုန်ပစ္စည်းရောင်းရငွေတွေ၊ In-Game Item ရောင်းရငွေတွေကို ကိုရိုနာကပ်ဘေးသင့် ပြည်သူတွေ အတွက် လှူဒါန်းသွားမှာဖြစ်ကြောင်း ကြေညာသွားခဲ့သလို၊ Gen.G LoL အသင်းရဲ့ Mid Lane ကစားသမားဖြစ်သူ Bdd အနေနဲ့လည်း ကန်ဒေါ်လာ ၄၀၀၀ ခန့်ကို ကိုရိုနာဗိုင်းရပ်စ် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဥ်တွေ အတွက် အသုံးပြုဖို့ အတွက် လှူဒါန်းပေးခဲ့ပါတယ်။

ဒါ့အပြင် DragonX LoL အသင်းရဲ့ Mid Lane ကစားသမားဖြစ်သူ Chovy အနေနဲ့လည်း ကိုရီးယားဝမ် ၁၀ သန်းခန့်ကို ကိုရိုနာဗိုင်းရပ်စ်သင့် ပြည်သူတွေ အတွက် လှူဒါန်းပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကိုရီးယားနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ၇၁၀၀ အထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူဦးရေ ၅၀ ကျော်တဲ့ အထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်က ကာကွယ်နိုင်ဖို့ အတွက် ကမ္ဘာတစ်ဝှမ်းမှ Esports ပြိုင်ပွဲအများစုကို ရပ်နားထားရတဲ့ အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းခန့်က ကျင်းပပြီးစီးသွားခဲ့တဲ့ IEM Katowice 2020 CSGO ပြိုင်ပွဲကိုလည်း ပရိသတ် ပါဝင်ခြင်း မရှိဘဲ ကျင်းပခဲ့ရပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle