T1 နဲ့ စာချုပ်သက်တမ်း ထက်မံ တိုးမြှင့်ခဲ့တဲ့ နာမည်ကျော် LoL ကစားသမား Faker

T1 နဲ့ စာချုပ်သက်တမ်း ထက်မံ တိုးမြှင့်ခဲ့တဲ့ နာမည်ကျော် LoL ကစားသမား Faker

LoL လောကရဲ့ အကောင်းဆုံး ကစားသမားတွေ အထဲမှာ တစ်ဦးအပါအဝင် အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ Lee “Faker” Sang Hyeok ကတော့ နာမည်ကျော် LoL အသင်း T1 မှာပဲ အချိန် ကြာမြင့်စွာ ထပ်မံ ရှိနေဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

T1 LoL အသင်းရဲ့ ထုတ်ပြန် ကြေငြာချက်များအရ Faker အနေနဲ့ T1 LoL အသင်းမှာ (၂၀၂၃) ခုနှစ်အထိ ဆက်လက် ရှိနေမှာဖြစ်တဲ့အပြင် ရှယ်ယာရှင် အဖြစ် T1 LoL အသင်းကနေ ရရှိလာတဲ့ အကျိုးအမြတ် အချို့ကိုပါ ခံစားခွင့် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

Faker ကို သက်တမ်းတိုး စာချုပ်ချုပ် ဆိုနိုင်ခဲ့ခြင်းနဲ့ ပတ်သတ်ပြီး T1 Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Joe Marsh ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“Faker ကို သုံးနှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ အတွက်လည်း အထူးပင် ဝမ်းမြောက်မိပါတယ်။ Faker အနေနဲ့ ကျွန်တော်တို့ အဖွဲ့အစည်း LoL လောကမှာ အောင်မြင်တဲ့ အဖွဲ့အစည်း တစ်ခု အဖြစ် ရပ်တည်နိုင်ဖို့ အတွက် အသင်းကို စတင် ရောက်ရှိစဥ် ကာလက စတင်ပြီး လက်ရှိအချိန်ထိ ကြိုးစားပေးခဲ့တာကြောင့် အခုလို T1 Entertainment & Sports ရဲ့ ရှယ်ယာရှင် တစ်ဦး အဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ Faker တစ်ယောက် ပရိုဖက်ရှင်နယ် ကစားသမား ဘဝကနေ အနားယူသွားခဲ့ရင်တောင် T1 Esports အဖွဲ့အစည်းရဲ့ အုပ်ချုပ်ရေးပိုင်းမှာ ဆက်လက် တာဝန်ယူသွားမှာဖြစ်ပြီး မျိုးဆက်သစ် ကစားသမားတွေ တိုးတက်စေဖို့ အတွက် တာဝန်ယူ ကြိုးစားပေးသွားမှာ ဖြစ်ပါတယ်။”

T1 LoL အသင်းရဲ့ ရှယ်ယာရှင် အဖြစ် ကမ်းလှမ်းခြင်း ခံယူနိုင်ခဲ့တာနဲ့ ပတ်သတ်ပြီး Faker ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“အခုလို ပရိုဖက်ရှင်နယ် LoL အသင်း T1 ရဲ့ ရှယ်ယာရှင် တစ်ယောက် အဖြစ် ကမ်းလှမ်းခြင်း ခံခဲ့ရတဲ့ အတွက် တကယ်ကို ဂုဏ်ယူမိပါတယ်။ အဖွဲ့အစည်းရဲ့ အုပ်ချုပ်‌ရေးပိုင်းဆိုင်ရာ တာဝန်တွေကို လုပ်ကိုင်ခွင့် ရရှိတော့မှာဖြစ်တဲ့ အတွက်လည်း တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော် ချစ်မြတ်နိုးရတဲ့ အသင်းနဲ့ အဖွဲ့အစည်းကို အစွမ်းကုန် ကူညီခွင့် ရရှိတော့မှာဖြစ်တဲ့ အတွက်လည်း တကယ်ကို ဝမ်းမြောက်မိပါတယ်။”

အခုလို စာချုပ်သက်တမ်းတိုးမြှင့်နိုင်ခဲ့တာကြောင့် LoL ရာသီ တစ်ခု ပြီးဆုံးတိုင်း Faker တစ်ယောက် ကိုရီးယားကို စွန့်ခွာပြီး အခြားဒေသ အခြေစိုက် LoL အသင်း တစ်သင်းသင်းကို ပြောင်းရွေ့တော့မယ်လို့ ထွက်ပေါ်လာလေ့ရှိတဲ့ ကောလာဟလတွေကို ငြိမ်းသက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: OneEsports, VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle