အသင်းသစ်နဲ့အတူ ပြန်လည် မြင်တွေ့သွားရဖွယ်ရှိတဲ့ နာမည်ကျော် CSGO ပရို FalleN

MIBR CSGO အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်ပြီး ပရို CSGO လောကနဲ့ ဝေးကွာနေခဲ့တဲ့ ဘရာဇီး အခြေစိုက် နာမည်ကျော် CSGO ကစားသမား FalleN ကတော့ အသင်းသစ်ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင် တည်ထောင်သွားဖို့ ကြံရွယ်နေတဲ့ ပုံပါပဲ။

MIBR နဲ့ လမ်းခွဲပြီး သိပ်မကြာခင် အချိန်အတွင်းမှာ FalleN ကို ပိုလန်အခြေစိုက် CSGO အသင်းဖြစ်တဲ့ Honoris မှာ Neo, Taz စတဲ့ နာမည်ကျော် ကစားသမားတွေနဲ့အတူ မြင်တွေ့ရဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း အမှန်တကယ် ပေါ်ပေါက်လာခြင်းတော့ မရှိခဲ့ပါဘူး။

ယခုအခါမှာ ထပ်မံ ထွက်ပေါ်လာတဲ့ သတင်းများအရ FalleN အနေနဲ့ အသင်းဖော်ဟောင်းလည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့ Fer နဲ့အတူ ဘရာဇီးအခြေစိုက် CSGO အသင်း၊ ဒါမှမဟုတ် ဥရောပအခြေစိုက် CSGO အသင်းကို ဖွဲ့စည်းသွားဖို့ အတွက် ကစားသမား အချို့ကို လျာထားလျက် ရှိတယ်လို့ သိရပါတယ်။
Numa stream, FalleN deixou vazar um bloco de notas com anotações sobre dois supostos times. A VOD foi deletada.
— Roque Marques (@roque_mn) November 16, 2020
• FalleN, fer, boltz, shz, chelo / peacemaker e Apoka
• FalleN, fer, STYKO, zehN, maden / peacemaker
(Imagem é do @MuralhaCSGO) pic.twitter.com/KAa2SJFAF8
အဆိုပါ သတင်းဟာ FalleN နဲ့ Streaming Session တစ်ခုကနေ တစ်ဆင့် ပေါက်ကြားလာခဲ့တာဖြစ်ပြီး FalleN အနေနဲ့ FalleN, Fer, boltz, shz, chelo, Peacemaker (Coach) တို့ဖြင့် ဘရာဇီး အခြေစိုက် CSGO အသင်း ဒါမှမဟုတ် FalleN, Fer, STYKYO, zehN, maden, Peacemaker (Coach) တို့ဖြင့် ဥရောပ အခြေစိုက် CSGO အသင်းကို ဖွဲ့စည်းသွားဖို့ ကြံစည်လျက် ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ Lineup နှစ်ခုလုံးမှာ သူငယ်ချင်းဖြစ်တဲ့ Fer ပါဝင်လာခဲ့တာကြောင့် FalleN အနေနဲ့ အသင်းသစ်ကို ဖွဲ့စည်းဖြစ်ခဲ့မယ်ဆိုရင် Fer နဲ့အတူ ဖွဲ့စည်းသွားဖွယ် ရှိနေပါတယ်။ လက်ရှိအချိန်မှာ FalleN အနေနဲ့ အသင်းသစ် ဖွဲ့စည်းသွားဖို့ ပြင်ဆင်နေကြောင်းကို အတည်ပြုပေးခဲ့ပေမယ့် အကောင်အထည်ဖော်နိုင်ဖို့ အတော်လေး လိုသေးတာကြောင့် အရမ်းကြီး မျှော်လင့်ချက် မထားကြဖို့ ပရိသတ်တွေကို ပြောကြားသွားခဲ့ပါတယ်။
REF: AfkGaming