ပျော်စရာကောင်းတဲ့မိသားစုလေးတည်ဆောက်ဖို့လျှို့ဝှက်ချက်လေးတွေ
လူတွေရဲ့ လိုချင်တဲ့ဘဝကိုမေးရင် အများစုကတော့ အနာဂတ်မှာသာယာပြီး ပြည့်စုံတဲ့ မိသားစုဘဝလေးပါ။မိသားစုတစ်ခုတည်ဆောက်ရတာထင်သလောက်မလွယ်ကူပါဘူး။သာယာအေးချမ်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ချင်တာက လူသားတိုင်းပါ။ဘဝနှစ်ခုကိုပေါင်းစည်းကြပြီး ကိုယ်ပိုင်မိသားစုဘဝလေးကိုတည်ဆောက်ကြပြီ ဆိုကတည်းက အေးအတူပူအမျှ ငိုလည်းမခွဲ၊ရီလည်းမခွာ ကောင်းမွေး ဆိုးမွေ အတူတကွ ရင်ဆိုင်ဖြေရှင်းကြရမှာပါ။
Photo Credit- Imtidad
မိသားစုဆိုတာက တစ်ယောက်အခက်အခဲ ဖြစ်နေချိန် တစ်ယောက်ကလိုအပ်မှုတွေ ခံစားမှုတွေကိုဖြည့်တွေးနားလည်စာနာခြင်း၊ ဖေးမကူညီနားလည်ခြင်းအပြန်အလှန်ရှိနေရမယ့်အသိုက်အမြုံလေးတစ်ခုပါ။တစ်ယောက်နဲ့တစ်ယောက်လေးစားမှုရှိဖို့လည်းလိုအပ်ပါတယ်။ ငါကအသက်ကြီးလို့ အရာရာ ဦးစားပေးခံမှဖြစ်မယ်ဆိုတဲ့ အံတထက် သူ့လိုအပ်နေလို့အလျော့ပေးလိုက်မယ်ဆိုတဲ့စိတ်ထားလိုက်ရင် အငြင်းပွားစရာမလိုတော့ဘူးပေါ့။
Photo Credit- Angsana
တချို့က မိဘတွေကြောင့်ရခဲ့တဲ့စိတ်ဒဏ်ရာတွေဟာ အိမ်ထောင်ဘက်အပေါ်မှာပါ ဝန်ပိသွားစေပြီး ကိုယ့်အိမ်ထောင်ဘက်က ကိုယ့်ဒဏ်ရာကိုနားလည်မပေးနိုင်တဲ့အခါ ကိုယ့်မိသားစုဘဝဟာလည်း ကိုယ်မိဘတုန်းကလိုပဲ ပြန်ဖြစ်သွားတတ်ပါတယ်။ပျော်ရွှင်မှုအချိန်လေးတွေကိုတန်ဖိုးထားပါ။အမှတ်တရအဖြစ် ရင်ထဲမှာ သိမ်းဆည်းနိုင်ခြင်းဟာ ငွေနဲ့ဝယ်လို့မရပါဘူး။အချိန်ဆိုတာ ငွေနဲ့ဝယ်လို့မရသလို နောက်ပြန်ဆုတ်လို့လည်းမရပါဘူးနော်။ တစ်ချို့ကကိုယ်ချစ်တဲ့သူနဲ့အတူရှိနေချင်လို့ လက်ထက်တာ၊ ကိုယ်ချစ်ရတဲ့သူနဲ့အတူ ဘဝခရီးကိုအေးအတူပူအမျှဖြတ်သန်းချင်တာ၊ဘဝမှာ ဘယ်လို အခက်အခဲတွေပဲ့ကြုံရကြုံရ၊ဘယ်လောက်ပဲ့ပင်ပန်းပါစေ ကိုယ်ချစ်တဲ့သူနဲ့သာ အတူရှိမယ်ဆိုရင်အားလုံးကို အပြုံးမပျက်ရင်ဆိုင်နိုင်မယ့်သတ္တိမျိုးတွေရှိဖို့လိုအပ်တယ်နော်။
Kelly ( Akhayar Lifestyle)