အသက်(၁၇)နှစ်ကွာတဲ့ သတင်းထောက်မလေး Jo Eun Jung နဲ့ တွဲနေတဲ့ So Ji Sub

အသက်(၁၇)နှစ်ကွာတဲ့ သတင်းထောက်မလေး Jo Eun Jung နဲ့ တွဲနေတဲ့ So Ji Sub

၉၀ ခုနှစ် မိန်းကလေးတွေရဲ့ အသည်းနှလုံးတွေကို သိမ်းပိုက်ခဲ့တဲ့ ဦးဦး So Ji Sub တစ်ယောက်တော့ စွံသွားပါပြီနော်။ မေလ ၁၇ ရက်နေ့က ဦးဦး So Ji Sub ဟာ သူ့ထက် အသက် ၁၇ နှစ်ငယ်တဲ့ သတင်းကြေညာသူလည်းဖြစ်ပြီး သတင်းထောက်မလေးဖြစ်တဲ့ Jo Eun Jung ဆိုသူနဲ့ Date နေပါတယ် ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။


သူတို့နှစ်ဦး စတင်တွေ့ခဲ့ပုံကတော့ သတင်းထောက်မလေးဖြစ်တဲ့ Jo Eun Jung ဟာ SBS ရဲ့ Night of Real Entertainment ပရိုဂရမ်မှာ ဦးဦးရဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ ” Be With You” ကို အင်တာဗျူးလုပ်ရင်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူငယ်ချင်းတွေအားလုံးနဲ့ စုပြီး မိတ်ဆုံစားပွဲလုပ်တဲ့အခါမှာ ထပ်မံတွေ့ဆုံခဲ့ရာမှ ရင်းနှီးကျွမ်းဝင်မှုတွေ ရရှိလာပြီး နောက်ပိုင်းမှာ ချစ်သူရည်စားအဖြစ်ကို သဘာဝကျကျနဲ့ ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

So Ji Sub ရဲ့ အေဂျင်စီဖြစ်တဲ့ 51K Entertainment ကလည်း သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်နေကြတာကို အတည်ပြုပြောကြားပေးခဲ့ပါတယ်။ 51K Entertainment က “So Ji Sub နဲ့ Jo Eun Jung တို့ တွဲနေကြတာ အမှန်ပါပဲ။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ တစ်ယောက်ပေါ် တစ်ယောက် လေးလေးနက်ထားရှိပြီး ချစ်နေကြတဲ့ အချစ်ရေးမျိုးပါ။ သူတို့နှစ်ယောက် ဘယ်အချိန်ထဲက ဒိတ်နေလဲဆိုတာကိုတော့ ကျွန်တော်တို့ မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက မင်းသားရဲ့ ကိုယ်ပိုင်ဘဝ ဖြစ်တဲ့ အတွက်ကြောင့်ပါ” လို့ဆိုပြီး ဖြေကြားပေးခဲ့ပါတယ်။

အောက်ကဗီဒီယိုလေးကတော့ သူတို့နှစ်ယောက်စတင်တွေ့ခဲ့တဲ့ အင်တာဗျုး ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။

ဦးဦးရဲ့ So Ji Sub ရဲ့ အသက်ကတော့ (၄၂) နှစ်ဖြစ်ပြီး Jo Eun Jung ရဲ့ အသက်ကတော့ (၂၅ ) နှစ်ပဲရှိသေးတာမို့ ဦးနဲ့ သမီးအတွဲအဖြစ် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိမှာ အသေအချာပါပဲ။ ပရိသတ်ကြီးအနေနဲ့ရော ဦးနဲ့သမီး စုံတွဲကို သဘောတူကြလား ဘယ်လိုထင်မြင်လဲဆိုတာကို ပြောပြပေးသွားကြပါဦး။ ဘာပဲဖြစ်ဖြစ် မင်မင်ကတော့ ရင်နာနာနဲ့ပဲ ဦးဦး So Ji Sub နဲ့ Jo Eun Jung ကို Congratulation ပါလို့။

H.H(Akhayar)

Photo Credit: lh3.googleusercontent.com, WowKeren.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ