ကျန်းမာရေးကို မသိမသာ ဖျက်ဆီးနေတဲ့ နေ့စဉ်သုံး ဖက်ရှင်ပစ္စည်းများ

ကျန်းမာရေးကို မသိမသာ ဖျက်ဆီးနေတဲ့ နေ့စဉ်သုံး ဖက်ရှင်ပစ္စည်းများ

မိန်းကလေးတွေဟာ လှလှပပ ကြွကြွရွှရွှလေးဖြစ်ဖို့အတွက်ဆို အနာခံပြီး ဝတ်စားဆင်ယင်တတ်ကြသလို ယောကျာ်းလေးတွေကလည်း စတိုင်လ်ကျပြီး အထာကျဖို့အတွက်ဆို အပူခံကာ ဝတ်ဆင်တတ်ကြတာကို တွေ့ဖူးကြမှာပါ။ ငယ်တုန်းရွယ်တုန်းမှာ ဒီလိုဝတ်စားဆင်ယင်တာက ကျန်းမာရေးကို ဘာမှသိပ်မထိခိုက်ဘူးလို့ ထင်ရပေမယ့် အသက်အရွယ်ရလာတဲ့အခါမှာ ကျန်းမာရေးကို ထိခိုက်စေတာကို တွေ့ရပါလိမ့်မယ်။ ကျန်းမာခြင်းသည်လာဘ်တစ်ပါးဖြစ်တဲ့အတွက် ကိုယ်အဝတ်ဘီဒိုထဲမှာရှိတဲ့ ဘယ်လိုအဝတ်အစားတွေက ကျန်းမာရေးကို ထိခိုက်စေလဲဆိုတာ သိရှိပြီး ရှောင်ရှားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘောင်းဘီကျပ်ကျပ်များ
ခေတ်စားနေတဲ့ “Skinny Jeans” လို့ခေါ်တဲ့ လူကြိုက်များတဲ့ ဘောင်းဘီကျပ်ကျပ်တွေဟာ ဝတ်ဆင်တဲ့လူကို စည်းထားသလို ဖြစ်စေတဲ့အတွက် ဝတ်တဲ့အခါမှာလည်း သက်သောင့်သက်သာ မရှိစေသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အမြဲလိုလို Skinny Jean တွေကိုသာ ဝတ်ဆင်နေမယ်ဆိုရင် သွေးလည်ပတ်မှုနှေးကွေးလာခြင်း၊ သွေးပြန်ကြောတွေ ကျယ်လာခြင်း၊ အစာခြေစနစ်တွေ နှေးကွေးလာခြင်း အစရှိတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်စေပါတယ်။ တင်းကျပ်တဲ့ ဘောင်းဘီတွေကို ဝတ်ဆင်တဲ့အတွက် ဘေးဘက်ပေါင်ရိုးရှိ အရေပြားနဲ့ဆိုင်တဲ့ အာရုံကြောတွေကိုလည်း ဖိမိပြီး ပွတ်တိုက်မိတဲ့အခါ ထုံထိုင်းလာစေပြီး နာကျင်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ Skinny Jean တွေ ဝတ်ခါနီးကျရင် ခန္ဓာကိုယ်ကောင်းကြောင်းကို ပေါ်လွင်စေတာမှန်ပေမယ့်လည်း ကျန်းမာရေးဆိုးကျိုးတွေ အများကြီး ဖြစ်စေနိုင်တယ်ဆိုတာကိုလည်း ပြန်လည်သတိရပါ။

(၂) ဒေါက်ဖိနပ်များ
Auburn University က သုတေသနပညာရှင်တွေရဲ့ နောက်ဆုံးပေါ်လေ့လာမှုတွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ခြေထောက်ပြဿနာ လေးဆလောက် ပိုဖြစ်နေတယ်လို့ ကောက်ချက်ချကြပါတယ်။ လှချင်ပြီး စမတ်ကျချင်တဲ့အတွက် ဒေါက်ဖိနပ်တွေ ဝတ်ဆင်တဲ့အခါ အဆစ်အမြစ်တွေနာကျင်ခြင်း၊ အသားမာတက်ခြင်း၊ ခြေချင်းဝတ်လည်ခြင်း၊ အရိုးအဆစ်ရောင်ရမ်းနာကျင်ခြင်းအစရှိတဲ့ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အဲဒီလို ထိခိုက်မှုတွေဖြစ်ရခြင်းက မြတ်မြတ်နိုးနိုးတန်ဖိုးထားပြီး ဝတ်ဆင်နေတဲ့ ဒေါက်ဖိနပ်တွေက အဓိကတရားခံတွေပါပဲ။ ပိုမြင့်ပြီး ပိုသေးတဲ့ ဒေါက်တွေက ကျန်းမာရေးဆိုးကျိုးတွေ ပိုပြီး ဖြစ်စေပါတယ်။ အဲဒီလိုကျန်းမာရေးပြဿနာနဲ့ ကင်းဝေးစေဖို့ဆို ဒေါက်ဖိနပ်ကို အမြဲမဝတ်ဘဲ ပွဲလမ်းသဘင်ရှိမှ ဝတ်တာမျိုး၊ ဒေါက်ဖိနပ်ဝတ်စားမယ့်အစား သက်သောင့်သက်သာရှိတဲ့ ဖိနပ်မျိုး ဝတ်ဆင်ပြီး ကျန်းမာရေးကို ဂရုစိုက်ကြည့်ပါ။

(၃) လေးလံတဲ့နားကပ်နဲ့ ဆွဲကြိုးများ
မကြာသေးမီက လေ့လာမှုတွေအရ နားကပ်တွေအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းက ဘတ်တီးရီးယားပိုးဝင်ခြင်းတွေကို ဖြစ်စေပါတယ်။ နားကပ်တွေကို မှန်မှန်ကန်ကန်မဝတ်ဆင်တတ်ခဲ့ရင်လည်း ရေရှည်မှာ ပိုးဝင်ပြီး အသက်အန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ကြီးမားတဲ့ နားကပ်တွေနဲ့ နားကွင်းတွေ ဝတ်ဆင်တဲ့အခါမှာလည်း နားပေါက်တွေ ကျယ်လာပြီး ဝတ်ဆင်လို့မရတဲ့အထိ ဖြစ်လာကာ Plastic Surgery ပြန်လုပ်ရတဲ့အထိ ဖြစ်လာနိုင်စေပါတယ်။ ကြီးမားတဲ့ ဆွဲကြိုးတွေ ဝတ်ဆင်တာကလည်း လည်ပင်းကို နာကျင်စေပြီး ဇက်ကြောတွေ တက်စေကာ ရေရှည်မှာဆိုရင် နာတာရှည်ကျီးပေါင်းတက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

(၄) နက်ခ်တိုင်
အဝတ်အစားတွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်တာက အမျိုးသမီးတွေချည်းပဲ မဟုတ်ဘဲ အမျိုးသားတွေလည်း ထိခိုက်ပါတယ်။ Cornell University က လေ့လာမှုတွေအရ အမျိုးသားတွေ ၆၇ ရာခိုင်နှုန်းက သူတို့လည်ပင်းထက် သေးငယ်တဲ့ ရှပ်အကျီၤတွေကို ဝယ်ယူဝတ်ဆင်ကြပါတယ်။ သေးငယ်တဲ့ ရှပ်အကျီၤိနဲ့တင်းကျပ်တဲ့ နက်ခ်တိုင်တွေကို တွဲဖက်ဝတ်ဆင်တဲ့အခါ ရလဒ်အနေနဲ့ သွေးလည်ပတ်မှု လျော့ကျလာခြင်း၊ မျက်လုံးအတွင်းရှိ ရေဖိအားကျဆင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ နောက်ကျောနဲ့ ပခုံးကြွက်သားတင်းကျပ်မှုတွေ ပိုဖြစ်လာခြင်း အစရှိတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

(၅) ဆိုဒ်မမှန်တဲ့ Bra
ဆိုဒ်မမှန်တဲ့ Bra တွေကို ဝတ်ဆင်တဲ့အခါမှာ နောက်ကျောတွေ၊ ပခုံးတွေနဲ့ ကျောရိုးတွေ နာကျင်မှု ဖြစ်စေပါတယ်။ Bra ကို ဝယ်ယူတဲ့အခါတိုင်းမှာ ဆိုင်ကမထွက်ခင် ဆိုဒ်မှန်လားမမှန်လား သေချာစစ်ဆေးပြီးမှ ဝယ်ယူပါ။ရင်သားကြီးတဲ့သူတွေအနေနဲ့ဆို ကြိုးလေးသေးတဲ့ Bra တွေကို ရှောင်ရှားပြီး ဝတ်ပါ။ ရင်သားသေးတဲ့သူဆိုရင် အသားရေထိခိုက်ခြင်း မဖြစ်အောင် သတ္တုချောင်းပါတဲ့ Bra ကို ဝတ်ဆင်ပါ။

(၆) ကြီးမားလွန်းတဲ့လက်ကိုင်အိတ်များ
ဘာနှိုက်နှိုက်ထွက်လာအောင် အမျိုးသမီးတွေဟာ လက်ကိုင်အိတ်ကြီးကြီးကိုင်ပြီး စုံပလုံစိအောင်ထည့်ပြီး လွယ်ကြပါတယ်။ အဲဒီလိုလွယ်တာက ဘာပဲလိုချင်လိုချင် ရနိုင်တာမှန်ပေမယ့်လည်း လေးလွန်းတဲ့အိတ်ကို ပခုံးတစ်ဖက်တည်းက သယ်ထားရတဲ့အတွက် ကြာလာတဲ့အခါမှာ ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်းနဲ့ အဆစ်အမြစ်တွေကို ထိခိုက်နာကျင်စေပါတယ်။ အိတ်ကြီးကြီးတွေကို မစွန့်လိုက်နိုင်ဘူးဆိုရင်တော့ တကယ်လိုအပ်တဲ့ ပစ္စည်းတွေကိုသာ ထည့်ပြီး မလိုတဲ့ ပစ္စည်းတွေကို ဖယ်ထုတ်ပြီး လွယ်ပါ။

(၇) Pencil Skirt များ
Pencil Skirt တွေနဲ့ Pipe Skirt တွေကို ဝတ်ဆင်ခြင်းက ခြေထောက်တွေကို ပူးကပ်နေစေပြီး လမ်းလျှောက်ရမလွယ်ကူစေဘဲ ဟန်ချက်မညီဖြစ်ကာ ချော်လဲစေနိုင်ပါတယ်။

ဒီ Pencil Skirt တွေနဲ့ Pipe Skirt တွေက လှုပ်ရှားမှု မလွယ်ကူစေတဲ့အတွက် အားစိုက်ပြီး လှုပ်ရှားတဲ့အခါမှာ ကြွက်သားဒဏ်ဖြစ်လာပြီး ဒူးခေါင်းပုံမမှန်တာတွေ ဖြစ်လာနိုင်စေပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle