Mudgolems Dota2 အသင်းကို အတူတကွ ပူးတွဲတည်ထောင်လိုက်ပြန်တဲ့ Fata နဲ့ 33

Alliance Dota2 အသင်းကနေ ရုတ်တရက် ထုတ်ပယ်ခံခဲ့ရပြီးကတည်းက ပရို Dota2 လောကကနေ ပျောက်ကွယ်နေခဲ့တဲ့ Adrian “Fata” Trinks နဲ့ Neta “33” Shapira တို့ နှစ်ဦးကတော့ Mudgolems Dota2 အသင်းကို ထပ်မံ တည်ထောင်လိုက်ပြန်ပြီ ဖြစ်ပါတယ်။

Fata နဲ့ 33 တို့ အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ် Ninja in Pyjamas Dota2 အသင်းမှာ ကစားခဲ့စဉ် အချိန်က စတင်ပြီး အတူတကွ ကစားခဲ့ကြသလို NiP Dota2 ကနေ ထွက်ခွာချိန်မှာလည်း လက်ရှိ Alliance ဖြစ်လာမယ့် Dota2 အသင်းကို Limmp, Nikobaby, Handsken တို့ကို ခေါ်ယူပြီး တည်ထောင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ကံမကောင်း အကြောင်းမလှစွာဖြင့် Alliance Dota2 အသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ Fata နဲ့ 33 တို့ဟာ Beyond the Summit Pro Series Season 3 မှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ အတွက် Mudgolems Dota2 အသင်းကို Dota2 ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမားတွေနဲ့ ထပ်မံ တည်ထောင်ခဲ့ပါတယ်။

Mudgolems Dota2 အသင်းမှာ Mid Laner အဖြစ် Elements Pro Gaming, Aggressive Mode စတဲ့ Dota2 အသင်းတွေနဲ့ အတူ နာမည်ရလာခဲ့တဲ့ BoraNija မှ တာဝန်ယူသွားမှာဖြစ်ပြီး Carry ကစားသမား အဖြစ်ကိုတော့ Penta, NiP, Fighting Pandas, CR4ZY စတဲ့ Dota2 အသင်းတွေမှာ ဝင်ရောက် ကစားခဲ့ဖူးတဲ့ နာမည်ကျော် ကစားသမားဖြစ်သူ Skiter မှ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Offlane Position မှာတော့ ထုံးစံအတိုင်း 33 ကပဲ ဝင်ရောက် ကစားသွားမှာဖြစ်ပြီး Position 4 နေရာမှာတော့ လက်စွမ်းကောင်းတွေကို ပိုင်ဆိုင်ထားပေမယ့် လက်ရှိအချိန်ထိ နာမည်ရသင့်သလောက် ရရှိခြင်း မရှိသေးတဲ့ Milan မှ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ Position 5/ Captain အဖြစ်ကိုတော့ Fata မှ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
EU, get ready...
— Beyond the Summit (@BeyondTheSummit) September 9, 2020
because #BTSProSeries is coming to YOU! 🥳
You can catch all of the EU/CIS Pro Series action on our channel starting September 12! 🌟
📺 https://t.co/VZnt4kO1Z3 pic.twitter.com/DMzxOb5Bmp
Mudgolems Dota2 အသင်းရဲ့ ကစားသမားတွေဟာ တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းတွေကို ပိုင်ဆိုင်ထားကြသလို အသင်းရဲ့ မန်နေဂျာဖြစ်သူ Curtis Coffin ရဲ့ အဆိုအရ Mudgolems အဖွဲ့သားတွေ အနေနဲ့ အတူတကွ လေ့ကျင့်လျက်ရှိတာ သုံးပတ်ကျော်ခဲ့ပြီ ဖြစ်တယ်လို့ သိရတာကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့ (ယနေ့) မှာ စတင် ကျင်းပသွားမယ့် BTS Pro Series Season 3: EU/ CIS ပြိုင်ပွဲမှာ ဘယ်အဆင့်ထိ တက်လှမ်းသွားနိုင်မလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: AfkGaming