FaZe CSGO အသင်းမှာ ဝင်ရောက် ကစားသွားမယ့် Kjaerbye

ကျန်းမာရေး ပြဿနာတွေကြောင့် အနားယူနေခဲ့တဲ့ Markus “Kjaerbye” Kjaerbye ကတော့ နာမည်ကျော် FaZe CSGO အသင်းမှာ ဝင်ရောက် ကစားဖို့ အတွက် ခေါ်ယူခြင်းကို ခံခဲ့ရပြီ ဖြစ်ပါတယ်။ Kjaerbye အနေနဲ့ Astralis CSGO အသင်းကနေ ထွက်ခွာခဲ့တဲ့ ၂၀၁၈၊ အစောပိုင်းကာလတွေက စတင်ပြီး North CSGO အသင်းမှာသာ ဝင်ရောက် ကစားခဲ့ပြီး အောင်မြင်မှု များစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အသင်းမှာ ၂ နှစ်ခွဲခန့် ကျင်လည်ပြီးမှာတော့ Kjaerbye တစ်ယောက် North CSGO အသင်းကနေ ပြန်လည် ထွက်ခွာလို့ သွားခဲ့ပါတယ်။ Kjaerbye အနေနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေခဲ့ရတာကြောင့် ပရို CSGO ကစားသမား ဘဝကနေ မေလကတည်းက အနားယူနေခဲ့တာဖြစ်ပြီး (၃) လကျော် ကြာမြင့်တဲ့ အချိန်မှ FaZe CSGO အသင်းနဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။
Kjaerbye အနေနဲ့ FaZe CSGO အသင်းရဲ့ အသက် (၁၆) နှစ် အရွယ် Rifler ဖြစ်သူ Aurimas “Bymas” Pipiras ရဲ့ နေရရာမှာ ဝင်ရောက် ကစားသွားမှာ ဖြစ်တယ်လို့ သိရပြီး Bymas အနေနဲ့လည်း Mousesports CSGO အသင်းကို ပြောင်းရွေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
It's official. Meet the new 5th member of FaZe Clan's professional CS:GO Roster:@KjaerbyeCS #FaZeUp pic.twitter.com/mtcMc1qKYd
— FaZe Clan (@FaZeClan) August 11, 2020
FaZe CSGO အသင်းကို နာမည်ကျော် ကစားသမားပေါင်း များစွာနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပေမယ့်လည်း ထင်သလောက် အောင်မြင်ခြင်း မရှိသလို အသင်းလိုက် စွမ်းဆောင်ရည်ပိုင်းဟာလည်း လက်ရှိအချိန်ထိ တိုးတက်လာခြင်း မရှိသေးပါဘူး။ ယခုအချိန်ထိ လူစာရင်း အပြောင်းအလဲတွေ ပြုလုပ်လျက် ရှိပေမယ့် ထင်သလို ဖြစ်လာခြင်း မရှိသေးတာကြောင့် Kjaerbye ကို ခေါ်ယူခဲ့ခြင်းက FaZe အတွက် လိုအပ်တဲ့ အပြောင်းအလဲ တစ်ခု ဖြစ်လာမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

FaZe CSGO အသင်း ကိုယ်စားပြု ပွဲဦးထွက် ပြိုင်ပွဲ အဖြစ် Kajerbye အနေနဲ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ကျင်းပသွားမယ့် ESL One Cologne ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ FaZe CSGO အသင်းရဲ့လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Havard “rain” Nygaard
- Nikola “NiKo” Kovac
- Marcelo “coldzera” David
- Helvijis “broky” Saukants
- Markus “Kjaerbye” Kjaerbye
- Janko “YNk” Paunovic (Coach)
REF: VpEsports