PUBG Moible လောကထဲကို စတင် ဝင်ရောက် လာခဲ့ပြီဖြစ်တဲ့ နာမည်ကျော် Esports အဖွဲ့အစည်း Faze Clan

PUBG Moible လောကထဲကို စတင် ဝင်ရောက် လာခဲ့ပြီဖြစ်တဲ့ နာမည်ကျော် Esports အဖွဲ့အစည်း Faze Clan

PUBG Mobile အနေနဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ကျင်းပသွားမယ့် PUBG Mobile ပြိုင်ပွဲတွေ အတွက် စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၅ သန်းခန့် အသုံးပြုသွားမှာ ဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပြီး နောက်ပိုင်းမှာ နာမည်ကျော် Esports အဖွဲ့အစည်း အများစု အနေနဲ့ PUBG Mobile လောကထဲကို စတင် ဝင်ရောက်လို့ လာခဲ့ကြပါတယ်။

ယခုအခါမှာတော့ မြောက်အမေရိက အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ Faze Clan အနေနဲ့ အခြားသော နာမည်ကျော် Esports အဖွဲ့အစည်းများ နည်းတူ တစ်နေ့ထက်တစ်နေ့ လူကြိုက် များပြားလာခဲ့တဲ့ PUBG Mobile လောကထဲကို ဝင်ရောက် လာခဲ့တာ ဖြစ်ပါတယ်။

Faze Clan PUBG Mobile အသင်းကို ထိုင်းနိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် PUBG Mobile ကစားသမားများဖြင့် ဖွဲ့စည်းထားပြီး အဆိုပါ ကစားသမားများ အနေနဲ့ EVOS Burnout PUBG Mobile အသင်းမှာ ကစားခဲ့ဖူးတယ်လို့ သိရပါတယ်။ Faze Clan PUBG Mobile အသင်းမှာ PUBG Mobile လောကရဲ့ အထင်ကရ ကစားသမားတွေဖြစ်တဲ့ Blushark, Echo, Maroon 5, Vintorez တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ အခြေစိုက် PUBG Mobile ကစားသမားတွေဟာ PUBG Mobile လောကရဲ့ အထင်ကရ အသင်းတွေမှာ ပါဝင် ကစားခွင့် ရရှိတဲ့အထိ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်တာကြောင့် Faze Clan အနေနဲ့ PUBG Mobile အသင်းကို ထိုင်းနိုင်ငံသားတွေနဲ့ ဖွဲ့စည်းဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်နိုင်ပါတယ်။

Welcome our Official PubG Mobile Squad 😤 #FaZeUp #PubG BulShark Echo Gamer EVOS Maroon5 Vintorez FaZe Clan Thailand

Geplaatst door FaZe Clan op Vrijdag 10 januari 2020

မကြာခင် အချိန်အတွင်းမှာ ၂၀၂၀ ခုနှစ်ရဲ့ အကြီးမားဆုံး PUBG Mobile ပြိုင်ပွဲတွေ စတင်တော့မှာ ဖြစ်တာကြောင့် အခြားသော Esports ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ စွတ်ခူးနိုင်ခဲ့တဲ့ Faze Clan အနေနဲ့ PUBG Mobile လောကမှာလည်း အောင်မြင်မှုတွေ စွတ်ခူးနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Faze Clan PUBG Mobile အသင်းရဲ့ ကစားသမားတွေကတော့‌ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Maroon 5
  • Vintorez
  • Echo
  • Blueshark

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle