Twistzz ကို တရားဝင် ခေါ်ယူလိုက်ပြီဖြစ်တဲ့ FaZe CSGO

Twistzz ကို တရားဝင် ခေါ်ယူလိုက်ပြီဖြစ်တဲ့ FaZe CSGO

NiKo ထွက်ခွာသွားစဉ် အချိန်က စတင်ပြီး ရလဒ်ပိုင်း ဆိုးရွားလျက်ရှိတဲ့ FaZe CSGO အသင်းကတော့ ဒီနေ့မှာ Team Liquid ကနေ ထွက်ခွာခဲ့တဲ့ ထိပ်သီး CSGO ကစားသမားကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၂၁ နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ Twistzz အနေနဲ့ Team Liquid ကနေ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှာ ထွက်ခွာခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ FaZe Clan ရဲ့ ကစားသမားဖြစ်သူ Markus “Kjaerbye” Kjaerbye နေရာမှာ ဝင်ရောက် ကစားသွားမှာ ဖြစ်ပါတယ်။

“ကျွန်တော့် အတွက်တော့ ကစားသမား ဘဝရဲ့ နောက်ထပ် ခြေလှမ်း တစ်လှမ်းကို ထပ်မံ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ မကြာခင် အချိန်အတွင်းမှာ ဆုဖလားပေါင်း များစွာကို FaZe အဖွဲ့သားတွေနဲ့ အတူ သိမ်းပိုက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပြီး အခုလို FaZe Clan နဲ့ ပူးပေါင်းဖို့ အခွင့်အရေး ရရှိခဲ့တဲ့ အတွက်လည်း တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။” လို့ Twistzz ကတော့ ပြောကြားသွားခဲ့ပါတယ်။

Twistzz ကို ခေါ်ယူလိုက်ပေမယ့် FaZe CSGO အသင်း အနေနဲ့ In-Game Leader Position အတွက် ကစားသမား တစ်ဦးကို ထပ်မံ ခေါ်ယူသွားဖို့ ဆန္ဒရှိလျက် ရှိနေပြီး Mousesports CSGO အသင်းရဲ့ IGL ဖြစ်သူ Karrigan တစ်ယောက် Mousesports နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားမယ့် အချိန်မှာ ခေါ်ယူသွားဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။

Karrigan ကို ခေါ်ယူနိုင်ခြင်း မရှိသေးခင် အချိန်မှာတော့ FaZe CSGO အသင်း အနေနဲ့ Coldzera ကိုသာ IGL အဖြစ် ဆက်လက် တာဝန်ယူခိုင်းသွားမှာဖြစ်ပြီး အသင်းရဲ့ အရံကစားသမားဖြစ်သူ Olofmeister ကိုသာ အစားထိုး ကစားသမား အဖြစ် ဆက်လက် အသုံးပြုသွားဖွယ် ရှိနေပါတယ်။

Twistzz အနေနဲ့ FaZe CSGO အသင်း ကိုယ်စားပြု ကစားသမား အဖြစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျင်းပသွားမယ့် BLAST Premier Springs Groups 2021 မှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေပြီး အဖွင့်ပွဲစဉ်မှာပဲ အသင်းဟောင်းဖြစ်တဲ့ Team Liquid နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

FaZe Clan CSGO အသင်းရဲ့ လက်ရှိကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Havard “rain” Nygaard
  • Marcelo “coldzera” David
  • Helvijis “broky” Saukants
  • Olof “olofmeister” Kajbjer
  • Russel “Twistzz” Van Dulken

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle