ကစားသမား ဘဝကနေ ခေတ္တအနားယူဖို့ ဆုံးဖြတ်ခဲ့တဲ့ Dota2 Legend ကြီး Fear

ကစားသမား ဘဝကနေ ခေတ္တအနားယူဖို့ ဆုံးဖြတ်ခဲ့တဲ့ Dota2 Legend ကြီး Fear

Evil Geniuses Dota2 အသင်းနဲ့အတူ The International 2015 ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ NA အခြေစိုက် Dota2 Legend ကြီး Fear ကတော့ ကစားသမား ဘဝကနေ ခေတ္တ အနားယူသွားဖို့ ဆုံးဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။ Fear အနေနဲ့ ကစားသမား ဘဝကနေ ခေတ္တအနားယူဖို့ မဆုံးဖြတ်ရသေးခင် အချိန်ထိ NA အခြေစိုက် Dota2 အသင်းဖြစ်တဲ့ Business Associates မှာ Moo, Eternal Envy တို့နဲ့ အတူ ကစားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ DPC ရာသီကို ၂၀၂၁ ခုနှစ် အစောပိုင်း ကာလမှ ပြန်လည် စတင်သွားဖို့ သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်တာကြောင့် Tier 2 အသင်း အချို့ အနေနဲ့ ဖျက်သိမ်းမှုတွေကို ပြုလုပ်ခဲ့သလို Fear အပါအဝင် အချို့သော ကစားသမားတွေ အနေနဲ့လည်း ၂၀၂၀ နှစ်ကုန်ပိုင်း အထိ အနားယူသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Fear ဦးဆောင်တဲ့ Business Associates အဖွဲ့သားတွေ အနေနဲ့ OMEGA League, Beyond the Summit Pro Series, ESL One LA, ESL One Birmingham, ESL One Thailand စတဲ့ အွန်လိုင်း ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ထင်သလောက် အောင်မြင်ခဲ့ခြင်း မရှိခဲ့သလို OMEGA League: Americas Ancient Division ပြိုင်ပွဲ တစ်ခုတည်းမှာသာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း OMEAGA League: Ancient Division မှာ ဗိုလ်စွဲခြင်းက Fear ရဲ့ ခေတ္တ အနားယူသွားမယ့် အစီအစဉ်ကို ပြောင်းလဲနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ Fear အနေနဲ့ ကစားသမား ဘဝက‌နေ ခေတ္တ အနားယူသွားမှာ ဖြစ်ကြောင်းကို ကိုယ်ပိုင် တွစ်တာအကောင့်ကနေ တစ်ဆင့် အခုလိုပဲ ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် DPC ရာသီ ပြန်လည် မစတင်ခင် အချိန်အထိ ပရိုဖက်ရှင်နယ် Dota2 ကစားသမား ဘဝကနေ အနားယူသွားဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Business Associates Dota2 အသင်းရဲ့ ကစားသမား သုံးဦးဖြစ်တဲ့ Eternal Envy, Brax, Sneyking တို့ကတော့ အခြားသော ကစားသမား နှစ်ဦးနဲ့ ပူးပေါင်းပြီး အသင်းသစ် ဖွဲ့စည်းကာ အွန်လိုင်း ပြိုင်ပွဲတွေမှာ ဆက်လက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အားလုံးပဲ ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။”

Fear ပြောကြားသွားခဲ့တဲ့ အတိုင်း Business Associates Dota2 အသင်းရဲ့ ကစားသမား သုံးဦးဖြစ်တဲ့ EE, Brax, Sneyking တို့ အနေနဲ့ NA အခြေစိုက် အခြားသော ကစားသမား နှစ်ဦးဖြစ်တဲ့ Ryoya (Pos2), 1437 (Pos5) တို့နဲ့ အတူ Team Zero အမည်ရ Dota2 အသင်းကို ဖွဲ့စည်းပြီး လက်ကျန် အွန်လိုင်း ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Business Associates Dota2 အသင်းရဲ့ Carry ကစားသမားဖြစ်သူ Moo ကတော့ Fear နည်းတူ ခေတ္တ အနားယူသွားမလား ဒါမှမဟုတ် တခြား ဘယ်အသင်းမှာ ဝင်ရောက် ကစားသွားမလည်း ဆိုတာကိုတော့ ကြေညာခြင်း မရှိသေးပါဘူး။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle