TNC Dota2 အသင်းရဲ့ နည်းပြဘဝကနေ ကစားသမားဘဝကို ရောက်ရှိသွားတဲ့ Febby

TNC Dota2 အသင်းရဲ့ နည်းပြဘဝကနေ ကစားသမားဘဝကို ရောက်ရှိသွားတဲ့ Febby

TNC Predator Dota2 အသင်းမှာ တစ်နှစ်ခန့် နည်းပြဘဝဖြင့် ကျင်လည်ပြီး နောက်မှာတော့ Kim “Febby” Yong Min တစ်ယောက် ကစားသမား ဘဝကို ပြန်လည် ရောက်ရှိလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ Febby အနေနဲ့ TNC Dota2 အသင်းရဲ့ နည်းပြဘဝကို ဇန်နဝါရီလ ၁၄ ရက်နေ့၊ ၂၀၂၀ ခုနှစ်မှာ စတင်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

March

ဒါ့အပြင် TNC Dota2 အသင်းရဲ့ ကပ္ပတိန်လည်းဖြစ်၊ Pos5 ကစားသမားလည်းဖြစ်တဲ့ March တစ်ယောက် အသင်းကနေ ထွက်ခွာသွားချိန်မှာ Febby အနေနဲ့ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် တာဝန်ယူခဲ့သလို TNC Dota2 အသင်းနဲ့အတူ BTS Pro Series Season 4: SEA ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

အခုလို အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားချိန်မှာ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာကြောင့် TNC Dota2 အသင်း အနေနဲ့ Febby ကို နည်းပြ အဖြစ်ကနေ ရပ်နားပြီး ကစားသမား အဖြစ် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ TNC Dota2 အသင်း အနေနဲ့ နည်းပြဖြစ်သူ Febby ကို နည်းပြ ဘဝကနေ အနားပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းကနေ ထုတ်ပယ်သွားမှာတော့ မဟုတ်ဘဲ Pos5/ Captain အဖြစ် ပြောင်းလဲ တာဝန်ပေးအပ်သွားမှာ ဖြစ်ပါတယ်။”

TNC Dota2 အသင်း အနေနဲ့ DPC 2021 Sea Southeast Asia ပြိုင်ပွဲရဲ့ Upper Division မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဖိတ်ကြားခြင်း ခံထားရတာကြောင့် Febby အပါအဝင် TNC အဖွဲ့သားတွေရဲ့ လက်စွမ်းပြ ကစားဟန်တွေကို ဇန်နဝါရီလ ၁၈ ရက်နေ့မှာ စတင် မြင်တွေ့သွားရမှာ ဖြစ်ပါတယ်။ TNC Dota2 အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Gabbi – Pos 1
  • Armel – Pos 2
  • Kpii – Pos 3
  • Tims – Pos 4
  • Febby – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle