FIFA 21 မှာ ပွဲချိန် မကြာကြာအောင် အတင်းဆွဲတဲ့ အောင်ပွဲခံပုံစံတွေ ဖြုတ်ပစ်မည်

FIFA 21 မှာ ပွဲချိန် မကြာကြာအောင် အတင်းဆွဲတဲ့ အောင်ပွဲခံပုံစံတွေ ဖြုတ်ပစ်မည်

FIFA 21 မှာ Online က Player တွေ မလိုအပ်တဲ့ Toxic အတွေ့အကြုံတွေ မခံစားရစေဖို့အတွက် အောင်ပွဲခံတဲ့ပုံစံအချို့တွေကို ထုတ်ပစ်သွားမှာဖြစ်ပြီး၊ အချို့အောင်ပွဲခံတဲ့ Cutscenes တွေကိုလည်း တိုတိုလေးဖြစ်အောင် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် Online မှာ Player တွေအချင်းချင်း အကျင့်ယုတ်ပြီး Goal တစ်ခါဝင်တာကို မကြာကြာအောင် အောင်ပွဲခံတာမျိုးတွေ မပြုလုပ်နိုင်ဖို့ဖြစ်တယ်လို့ သိရှိရပါတယ်။

အောင်ပွဲခံတဲ့ပုံစံနှစ်မျိုးဖြစ်တဲ့ “Shush” နဲ့ “A-OK” တို့ကို လုံးဝဂိမ်းထဲက ဖြုတ်ပစ်လိုက်မှာဖြစ်ပါတယ်။ “Shush” ကတော့ ပြေးပြီး အောင်ပွဲခံတဲ့ပုံစံဖြစ်ပြီးတော့ အချိန်လည်းအတော်ကြာတယ် လို့သိရှိရပါတယ်။ ဒါကြောင့်မို့ ဂိမ်းထဲမှာ အချိန်ဆွဲအောင်ပွဲခံတာမျိုး တွေမဖြစ်အောင် ထုတ်ပယ်ထားပါတယ်။

“A-OK” ကိုကျတော့ အန္တရာယ်ရှိတဲ့ ဂယက်တွေကြောင့်ထုတ်ပစ်လိုက်တာပဲဖြစ်ပါတယ်။ ဒီ အောင်ပွဲခံတဲ့ပုံစံဟာ လူမျိုးခွဲခြားရေးသင်္ကေတ ပုံစံဖြစ်နေတာကြောင့် ဂိမ်းထဲကထုတ်ပယ်လိုက်ရခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် အခြား Cutscenes တွေကိုလည်း လျှော့ချလိုက်တာပဲဖြစ်ဖြစ်၊ ထုတ်ပစ်လိုက်တာပဲဖြစ်ဖြစ် ပြုပြင်ပြောင်းလဲထားပါသေးတယ်။ FIFA 21 မှာ “Walk Back” Animation တွေကိုလည်း ဖြုတ်ပစ်လိုက်တာကြောင့် Goal သွင်းပြီးတာနဲ့ ကြည့်ရတဲ့ Cutscenes တွေက တိုသွားမှာဖြစ်ပါတယ်။ မထုတ်ပစ်လိုက်ပေမယ့် Online ပွဲတွေအတွက် လက်ပစ်ဘောတွေနဲ့ ဂိုးသမားက ဘောလုံးကန်တင်ဖို့ ပြင်နေတဲ့ Animation တွေကိုလည်း ဖျောက်ပစ်ထားမယ်လို့ သိရှိရပါတယ်။

အချိန်ဖြုန်းလို့ရတဲ့ အရာတွေမှန်သမျှကိုလည်း FIFA 21 မှာလျှော့ချထားပါသေးတယ်။ ဘောလုံးပွဲစတဲ့အခါ ကန်ဖို့အချိန်ကို ၁၀ စက္ကန့်၊ လက်ပစ်ဘောကို ၁၂ စက္ကန့်၊ ဂိုးလွန်ဘော ကို ၁၅ စက္ကန့် နဲ့ ပြစ်ဒဏ်ဘောကိုတော့ စက္ကန့် ၂၀ သာကြာမြင့်တော့မှာဖြစ်ပါတယ်။

Lead Gameplay Producer တစ်ယောက်ဖြစ်တဲ့ Sam Rivera ကတော့ ဒီလိုအပြောင်းအလဲတွေဟာ Players တွေရဲ့ ပြန်လည်ပြောကြားမှုတွေကနေ တစ်ဆင့် ပြုပြင်ပြောင်းလဲပေးထားတာမို့လို့ Game ဟာ ဒီထက်ပိုပြီးဆော့လို့ကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်လို့ ပြောကြားထားပါတယ်။

FIFA 21 ကို Xbox One၊ PS4 နဲ့ PC မှာ အောက်တိုဘာလ ၆ ရက်နေ့ကနေ စပြီး ဖြန့်ချိပေးတော့မှာဖြစ်ပြီး၊ Nintendo Switch မှာလည်း Legacy Edition အနေနဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။ ဒီဂိမ်းကို အသစ်ထွက်ရှိလာတော့မယ့် Xbox Series X နဲ့ PS5 တို့မှာလည်း ရရှိနိုင်မှာဖြစ်ပြီး၊ အရင် Console တွေအတွက်ဝယ်ယူထားတယ်ဆိုရင်လည်း Console အသစ်မှာ Free Upgrade ရရှိမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Reference: Gamespot