Dota 2 လောကထဲကို စတင် ဝင်ရောက်လာခဲ့တဲ့ Esports အဖွဲ့အစည်း CR4ZY

Dota 2 လောကထဲကို စတင် ဝင်ရောက်လာခဲ့တဲ့ Esports အဖွဲ့အစည်း CR4ZY

CR4ZY ဆိုတာက‌တော့ ခရိုအေးရှားနိုင်ငံ၊ ယူကရိန်းနိုင်ငံ နှစ်နိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။ CR4ZY Esports အဖွဲ့အစည်းကို စတင် ထူထောင်ခဲ့စဥ် အချိန်တုန်းက Mobile Esports ပြိုင်ပွဲများ ကျင်းပရေး အဖွဲ့အစည်း အဖြစ် တည်ထောင်ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ CSGO လောကထဲကို ဝင်ရောက်လို့ လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ CR4ZY Esports အဖွဲ့အစည်း အနေနဲ့ CSGO လောကမှာ အခြေတကျ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် အခုလို Dota 2 လောကထဲကို ထပ်မံ ဝင်ရောက် လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။

CR4ZY Esports အဖွဲ့အစည်း အနေနဲ့ Dota 2လောက အထဲကို ယခုမှသာ စတင် ဝင်ရောက်လာတာ ဖြစ်ပေမယ့် အဖွဲ့အစည်း ကိုယ်စားပြု Dota 2 အသင်း အတွက် ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Fighting Pandas Dota 2 အသင်းသားတွေကို ခေါ်ယူခဲ့ပါတယ်။

Skiter

Fighting Pandas Dota 2 အသင်း အနေနဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ EternalEnvy နဲ့ Sneyking တို့ ရုတ်တရက် ထွက်ခွာသွားခြင်းကြောင့် StarLadder ImbaTV Dota 2 Season 3 Minor ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ဖို့ အတွက် Dota 2 ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမားတွေဖြစ်တဲ့ Skiter နဲ့ Khezu တို့ကို ခေါ်ယူအားဖြည့်ခဲ့ရပါတယ်။

Khezu

Dota 2 အသင်းကို ဖွဲ့စည်းလိုက်နိုင်ခြင်းနဲ့ ပတ်သတ်ပြီး CR4ZY Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Alexander Davis ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“အခုလို Dota 2 အသင်းကို ဖွဲ့စည်းလိုက်နိုင်တဲ့ အတွက် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော် Dota 2 ကို စိတ်ဝင်စားနေခဲ့တာ အချိန်အတော်ကို ကြာမြင့်ခဲ့ပါပြီ။ ယခုအခါမှာတော့ Dota 2လောကရဲ့ နာမည်ကျော် ကစားသမားတွေနဲ့ အတူတကွ လက်တွဲ လုပ်ကိုင်ခွင့်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော် Aui2000 နဲ့ လက်တွဲခွင့် ရလိုက်တဲ့ အတွက်လည်း တကယ်ကို ကျေနပ်မိပါတယ်။

Aui2000

ဘာဖြစ်လို့လည်းဆိုတော့ Aui2000 ဆိုတာ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်သလို၊ အသင်းကို အောင်မြင်မှုတွေ ရရှိအောင် ဖန်တီးပေးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်တယ်လေ။ မကြာခင် ကျင်းပသွားမယ့် Minor ပြိုင်ပွဲမှာလည်း CR4ZY Dota 2 အသင်း အနေနဲ့ အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မယ်လို့ ယုံကြည်မိပါတယ်။”

CR4ZY Dota 2 အသင်း အနေနဲ့ မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် StarLadder ImbaTV Dota 2 Season 3 ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် အဆိုပါ ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

CR4ZY Dota2

CR4ZY Dota 2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Skiter – Pos 1
  • Bryle – Pos 2
  • Khezu – Pos 3
  • Aui2000 – Pos 4
  • Moonmeander – Pos 5

REF: LiquidDota, VpEsports