အဝတ်အစားအရောင်တွေကနေ စိတ်နေစိတ်ထားခန့်မှန်းကြည့်ကြမယ် (အပိုင်း၂)

အဝတ်အစားအရောင်တွေကနေ စိတ်နေစိတ်ထားခန့်မှန်းကြည့်ကြမယ် (အပိုင်း၂)

ဟိုတစ်ခေါက်တုန်းက အနက်ရောင်၊ အညိုရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ ခရမ်းရောင်နဲ့ အနီရောင်တို့ရဲ့ အဓိပ္ပာယ်တွေနဲ့ အဲဒီအရောင်တွေကို ဝယ်စုတဲ့သူတွေဟာ ဘယ်လိုစိတ်နေစိတ်ထားရှိလဲဆိုတာ စုစည်းဖော်ပြပေးခဲ့ပြီးပြီးဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ကျန်ရှိနေတဲ့ အရောင်တချို့ရဲ့အဓိပ္ပာယ်တွေနဲ့ အဲ့ဒီအရောင်တွေကို ကြိုက်တဲ့သူတွေကရော ဘယ်လိုလူတွေလဲ၊ ဘယ်လိုစိတ်နေစိတ်ထားရှိကြလဲဆိုတာကို ဗဟုသုတတိုးစေဖို့အတွက် ဆက်လက်ဖော်ပြပေးပါဦးမယ်။

အဝါရောင်
အဝါရောင်ကတော့ ပျော်ရွှင်စေတဲ့အရောင်ဖြစ်ပါတယ်။ လေ့လာမှုတွေအရဆိုရင်လည်း အဝါရောင်ဟာ ဦးနှောက်ထဲမှာ Serotonin ဓာတ်ထုတ်လုပ်မှုကို တိုးမြင့်ပေးပြီး ခန္ဓာကိုယ်တွင်းဇီဝဖြစ်ပျက်မှုနှုန်းကို အရှိန်အဟုန်မြင့်တင့်ပေးကာ စိတ်ခံစားချက်ကို ကောင်းမွန်လာအောင် လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် အဝါရောင်ဟာ အာရုံစူးစိုက်နိုင်စွမ်းအားကို မြင့်တင့်ပေးပါတယ်။ ဒါကြောင့်မို့ Billboards တွေ၊ ကြော်ငြာSite တွေ၊ လမ်းဆိုင်းဘုတ်တွေမှာ အဝါရောင်ကို အများဆုံး အသုံးပြုကြတာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေ ပြောကြားချက်အရ အဝါရောင်ကို အမြဲလိုလိုဝတ်ဆင်တဲ့သူတွေက တက်ကြတဲ့သူ ၊ Creative ဖြစ်တဲ့သူ ၊ အစွဲအလန်းကြီးတဲ့သူတွေပါတဲ့။ ဒါ့အပြင် သူတို့ဟာ တောက်ပတဲ့ အိပ်မက်တွေကို မက်လေ့ရှိကြပြီး စွန့်စားဖို့အတွက်ဆို အမြဲအဆင့်သင့်ဖြစ်ကာ အောင်နိုင်မှုရရှိဖို့အတွက်လည်း လက်မလျှော့ဘဲ ကြိုးစားတတ်သူတွေပါ။

အဖြူရောင်
အဖြူရောင်က လွတ်လပ်တယ်၊ သန့်ရှင်းစင်ကြယ်တယ်၊ အပြစ်ကင်းတယ်၊ ရိုးရှင်တယ်ဆိုတာတွေကို ဖော်ဆောင်ပေးတဲ့ သင်္ကေတတစ်ခုပါ။ ဒါကြောင့်မို့ လူတွေဟာ ဘဝသစ်တစ်ခုခုကို စတင်မယ်၊ ကောင်းတဲ့နောက်တစ်ခုခုကို ကူးပြောင်းမယ်ဆိုရင် အဖြူရောင်ကို ဝယ်ဖို့ ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။ အဖြူရောင်ကို ကြိုက်နှစ်သက်တဲ့သူတွေဟာ သပ်သပ်ရပ်ရပ်နေထိုင်တတ်ပြီး အရာအားလုံးကို သေသေသပ်သပ်နဲ့ စုစုစည်းစည်း ထားတတ်သူတွေပါ။ အသစ်တွေ စလုပ်ရတာကြိုက်သလို ပြီးပြည့်စုံဖို့အတွက် ကြိုးစားလုပ်ဆောင်ရတာကိုလည်း ကြိုက်နှစ်သက်ကြပါတယ်။

ပန်းရောင်
တောက်ပတဲ့ ပန်းရောင်ကိုတော့ မိန်းမဆန်ပြီး နူးညံ့တဲ့ မိန်းကလေးငယ်တွေရဲ့ဘီရိုထဲမှာ အများဆုံးတွေ့ရမှာပါနော်။ ကလေးလေးတွေကလည်း ပန်းရောင်ကို ကြိုက်တတ်ကြလို့ ကလေးတွေရဲ့ ဘီရိုထဲမှာလည်း ပန်းရောင်ကို တွေ့ရတတ်ပါတယ်နော်။ အရွယ်ရောက်တဲ့သူတွေကတော့ ရင့်ကျက်တည်ငြိမ်လာပြီး ဖြစ်တဲ့အတွက် ပန်းရောင်တောက်တောက်ကြီးကို မကြိုက်တတ်ကြဘဲ ပန်းရောင်ပြေးတွေကိုသာ ကြိုက်ကြပါတယ်။ ပန်းရောင်ဖျော့ဖျော့လေးတွေက တည်ငြိမ်မှု၊ နွေးထွေးမှု၊ မိန်းမဆန်မှုနဲ့ အေးဆေးမှုတွေကို ဖော်ဆောင်ပေးပါတယ်။ဒါကြောင့်မို့ တချို့အကျဉ်းထောင်တွေရဲ့ နံရံတွေမှာ ပန်းရောင်ဖျော့ေျဖျာ့ပြေးတဲ့ ဆေးသုတ်ထားပြီး ရန်လိုမှုတွေကို လျော့ချထားပါတယ်။ စိတ်ပညာရှင်တွေရဲ့ ပြောကြားချက်တွေအရဆိုရင်တော့ ပန်းရောင်ကြိုက်တဲ့သူတွေဟာ စိတ်ကူးယဉ်ဆန်တယ်၊ အကောင်းမြင်စိတ်ရှိတယ်၊ ဖြောင့်မတ်တဲ့သူတွေ ဖြစ်ကြပါတယ်။ဒါ့အပြင် သူတို့ဟာ ကြင်နာမှုနဲ့ နှစ်သိမ့်မှုတွေကို တန်ဖိုးအရမ်းထားတဲ့သူတွေ ဖြစ်ကြပါတယ်။

လိမ္မော်ရောင်
လိမ္မော်ရာင်ဟာ ပျော်စရာတွေ၊ နွေးထွေးမှုတွေကို ဖော်ဆောင်ပေးတဲ့အရောင် ဖြစ်ပါတယ်။ လိမ္မော်ရောင်ကို ဝတ်လိုက်ရင် စိတ်ကိုပျော်ရွှင်စေပြီး တီထွင်ဖန်တီးမှု ဉာဏ်တွေလည်း ပိုကောင်းစေကာ စွဲဆောင်မှုလည်း ရှိစေပါတယ်။ လိမ္မော်ရောင်ကို ဝတ်ဆင်ရတာ ကြိုက်နှစ်သက်သူတွေဟာ အကောင်းမြင်စိတ်ရှိကြသူ၊ တက်ကြလှုပ်ရှားသူ၊ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူ၊ အပြောင်းအလဲတွေ လုပ်ရတာကိုလည်း စိတ်အားထက်သန်တဲ့သူတွေ ဖြစ်ကြပါတယ်။သူတို့ဟာ နည်းနည်းထူးခြားတဲ့သူတွေ ဖြစ်ကြပေမယ့် ရည်မှန်းချက်ကြီးကြီးထားပြီး သတိကြီးကြီးလုပ်တတ်တဲ့သူတွေပါ။

မီးခိုရောင်
ကျွမ်းကျင်တဲ့ Stylist တွေရဲ့ ပြောကြားချက်တွေအရ မီးခိုရောင်ဟာ ညီမျှမှုကိုဖော်ဆောင်တဲ့အရောင်ဖြစ်ပြီး အရမ်းလည်းမမှောင်သလို အရမ်းလည်း မလင်းတဲ့ အရောင် ဖြစ်ပါတယ်။ မီးခိုရောင်အဝတ်အစားတွေ အများကြီးဝယ်ယူစုဆောင်းထားတဲ့သူတွေဟာ လူအများကြားမှာ အရမ်းထင်ပေါ်ချင်တဲ့စိတ် မရှိကြတဲ့သူတွေပါ။ မီးခိုရောင်ဟာ ငြိမ်သက်အေးချမ်းတာနဲ့ ရင့်ကျက်မှုကို ဖော်ဆောင်ပေးတဲ့ သင်္ကေတရှိပါတယ်။ ဒါကြောင့်မို့လည်း သက်လတ်ပိုင်းအမျိုးသားတွေဟာ မီးခိုရောင် Suit တွေ အများဆုံးဝတ်ဆင်ကြပြီး တည်ငြိမ်မှုတွေ ဖော်ဆောင်ကြသလို သက်လတ်ပိုင်းအမျိုးသမီးတွေကလည်း ကျက်သရေရှိပြီး တင့်တယ်အောင် မီးခိုးရောင်ဝတ်စုံတွေကို အများဆုံး ရွေးချယ်ဝတ်ဆင်ကြပါတယ်။ အမျျားအားဖြင့် မီးခိုရောင်ကြိုက်တဲ့သူတွေအများစုဟာ တစ်ပါးသူတွေဆီက အာရုံစိုက်ခံရမှုတွေကို မကြိုက်တဲ့သူတွေ ဖြစ်ပြီး ကြားနေနိုင်ေ်အာင် ကြိုးစားတဲ့သူတွေ ဖြစ်ကြပါတယ်။


ဒီတစ်ပတ်မှာတော့ ကျန်ရှိနေတဲ့ အရောင်တချို့ရဲ့ အဓိပ္ပာယ်တွေနဲ့ အဲဒီအရောင်လေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေဟာ ဘယ်လိုစိတ်နေစိတ်ထားရှိလဲဆိုတာကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော အခုဖော်ပြထားတဲ့ အရောင်တွေထဲက ဘယ်အရောင်ကို ဝတ်ရတာ အကြိုက်ဆုံးဖြစ်ပြီး ဒီအရောင်တွေကို ကြိုက်နှစ်သက်တဲ့သူတွေရဲ့ စိတ်နေစိတ်ထားကလည်း ဒီထဲမှာ ဖော်ပြထားတဲ့အတိုင်း တစ်ထပ်တည်းကျရဲ့လားဆိုတာ ဖတ်ကြည့်ပြီး ပြောပေးသွားကြပါဦးနော်။

Photo Credit: marieclaire.co.uk , Pinterest , FashionBeans

H.H(Akhayar)