အားကစားလိုက်စားတဲ့ သူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ snack တွေက ဘာတွေဖြစ်မလဲ ?

Gym Player တွေအနေနဲ့ weight gain ပဲ ဖြစ်ဖြစ် weight loss ပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ အစားအသောက်တွေကို ကိုယ်ကစားတဲ့ ပုံစံအပေါ်မူတည်ပြီး ဂရုစိုက်ကြရတာပဲဖြစ်ပါတယ်။ ဝိတ်တက်လွယ်၊ ကျလွယ်ဖြစ်လို့ snack တွေရှောင်တာမျိုးနဲ့ အစားအသောက်တော်တော်များများရှောင်တာမျိုးကလည်း သိသာတဲ့ result ကို ရစေမှာမဟုတ်ပါဘူး။ ဒီတော့ gym player တွေ အတွက်အာဟာရဖြစ်စေမဲ့ snack လေးတွေကို ဖော်ပြထားပါတယ်။
Smoothie
အသီးအနှံတွေကို ဒီအတိုင်းစားရတာ ငြီးငွေ့လာတဲ့သူတွေအဖို့ ရာသီပေါ်သီးနှံလေးတွေကို smoothie လေးလုပ်သောက်မယ်ဆိုရင် အမောလည်းပြေ အရသာလည်းရှိစေမှာပါ။ Weight Gain ဆော့တဲ့သူတွေအဖို့တော့ ကိုယ်သောက်နေကြ protein powder လေးရောထည့်လို့ရပါတယ်။

Photo Crd – unsplash.com
Yogurt with fresh fruits
ဒိန်ချဉ်မှာလည်း အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ရစေမှာပဲဖြစ်ပါတယ်။ ဒိန်ချဉ်သက်သက်ကြီးပဲမစားချင်တဲ့ သူတွေအတွက်တော့ ကိုယ်ကြိုက်နှစ်သက်ရာ အသီးအနှံတစ်မျိုးမျိုးနဲ့တွဲဖက်ပြီးစားနိုင်ပါတယ်။

Photo Crd – unsplash.com
Protein Snacks
Protein Snacks ဆိုတာမျိုးက Gym သမားတွေ နဲ့ ကျန်းမာရေးလိုက်စားတဲ့ သူတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ snack လေးတွေဖြစ်ပါတယ်။ များသောအားဖြင့် Almond စေ့၊ သီဟိုဠ်စေ့၊ စွံပလွန်သီး၊ peanut butter ၊ oat တွေနဲ့ လုပ်ထားတဲ့ ကွတ်ကီး၊ Brownie တွေနဲ့ ပေါင်မုန့်တွေပဲဖြစ်ပါတယ်။ ကယ်လိုရီပါဝင်မှုလည်းနည်းတာကြောင့် ကိုယ်အလေးချိန်ထိန်းတဲ့ သူတွေအတွက်တော့ အဆင်ပြေပါတယ်။

Protein Snacks လေးတွေ ကိုဘယ်မှာရှာရမှန်းမသိဖြစ်နေတဲ့သူတွေအတွက် Flexible Pass ရဲ့ Healthy Meals မှာ Flexible Pass ရဲ့ points တွေနဲ့ဝင်ရောက်ဝယ်ယူနိုင်ပြီး order တင်လို့ရပါတယ်။Home Delivery Service ပါရှိပြီး အလွယ်တကူ Flexible Pass Application ကနေ Healthy Snacks လေးတွေကိုမှာစားလိုက်ကြရအောင်။
Mavvy (Akhayar)
Photos Crd – unsplash.com