Sonneiko ရဲ့ အသင်းသစ်ဖြစ်တဲ့ Live to Win Dota2 အသင်းမှာ Mid Laner အဖြစ် ကစားသွားမယ့် Fn

Sonneiko ရဲ့ အသင်းသစ်ဖြစ်တဲ့ Live to Win Dota2 အသင်းမှာ Mid Laner အဖြစ် ကစားသွားမယ့် Fn

ယခုလ အစောပိုင်း ကာလမှာ Dota2 လောကကနေ ခေတ္တ ကွယ်ပျောက်လျက်ရှိတဲ့ နာမည်ကျော် Support ကစားသမား Sonneiko အနေနဲ့ အသင်းသစ်ကို ကြေညာသွားခဲ့ပါတယ်။ Sonneiko ဦးစီး တည်ထောင်ထားတဲ့ Live to Win Dota2 အသင်းမှာ CIS အခြေစိုက် နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ ILTW, Ergon, Afterlife, Immersion တို့ ပါဝင်ခဲ့ပါတယ်။

LTW Dota2 အသင်းကို စတင် တည်ထောင်ခဲ့စဉ် အချိန်ကတည်းက ဘယ်ပြိုင်ပွဲမှာမှ ဝင်ရောက် ယှဉ်ပြိုင်သွားဦးမှာ မဟုတ်ကြောင်း Omega League Season 2 မှသာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း Sonneiko အနေနဲ့ တစ်ခါတည်း ပြောကြားသွားခဲ့ပါတယ်။ ယခုအခါမှာတော့ LTW Dota2 အသင်းမှာ အပြောင်းအလဲ အနည်းငယ် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Sonneiko

LTW Dota2 အသင်းရဲ့ Mid Lane ကစားသမားဖြစ်တဲ့ Ergon အနေနဲ့ အသင်းကနေ ပြန်လည် ထွက်ခွာသွားခဲ့ပြီ ဖြစ်တယ်လို့ သိရပြီး Ergon နေရာမှာ CIS အခြေစိုက် နာမည်ကျော် ကစားသမား တစ်ဦးဖြစ်တဲ့ Fn က ဝင်ရောက် ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Fn အနေနဲ့ ယခင်အချိန်တွေကတည်းက CIS အခြေစိုက် နာမည်ကျော် Mid Lane ကစားသမား တစ်ဦး အဖြစ် ရပ်တည်နိုင်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ Virtus Pro Prodigy Dota2 အသင်းနဲ့ အတူလည်း အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Fn

Ergon နေရာမှာ Fn ကို အစားထိုးလိုက်ခြင်းက Live To Win Dota2 အသင်း အတွက် ပိုမို အားကောင်းစေမယ့် အစားထိုးမှု တစ်ရပ်ဖြစ်လာမယ်လို့လည်း ယုံကြည်မိပါတယ်။ သိပ်မကြာခင် အချိန်အတွင်းက ထွက်ပေါ်လာတဲ့ ကောလာဟလတွေ အရ Ramzes, Noone, Sumail, Sumail တို့ ပါဝင်တဲ့ Dota2 အသင်းကိုလည်း မြင်တွေ့ရဖို့ ရှိနေတာကြောင့် Sonneiko ဦးဆောင်တဲ့ LTW Dota2, Ramzes တို့ တစ်သိုက် ပါဝင်တဲ့ Dota2 အသင်းတို့ကြောင့် EU Dota2 လောကမှာ အတော်လေးကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲစဉ်တွေကို မြင်တွေ့သွားရဖို့ ရှိနေပါတယ်။

Live To Win Dota2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • iLTW – Pos 1
  • fn – Pos 2
  • AfterLife – Pos 3
  • Immersion – Pos 4
  • SoNNeikO – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle