BTS Pro Series SEA ချန်ပီယံရှစ် ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Fnatic

BTS Pro Series SEA ချန်ပီယံရှစ် ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Fnatic

BTS Pro Series SEA ချန်ပီယံရှစ် ပြိုင်ပွဲဆိုတာကတော့ COVID-19 ကာလအတွင်း အရှေ့တောင်အာရှ အခြေစိုက် Dota2 အသင်းများ လက်ရည်သွေးနိုင်စေဖို့ အတွက် ဧပြီလ ၁၀ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အွန်လိုင်း ပြိုင်ပွဲ တစ်ခုပဲ ဖြစ်ပါတယ်။

BT Pro Series SEA ချန်ပီယံရှစ် ပြိုင်ပွဲမှာ SEA အခြေစိုက် ပရိုဖက်ရှင်နယ် Dota2 အသင်း (၈) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ Fnaitc အနေနဲ့ အုပ်စုတွင်း ပွဲစဉ်တွေမှာကတည်းက လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပြီး (၇) ပွဲကစား (၇) ပွဲနိုင် ရလဒ်ကို ဖော်ဆောင်ကာ Playoffs အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Fnatic

Playoffs အဆင့် ပထမ ပွဲစဉ်ဖြစ်တဲ့ Boom Esports နဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပွဲစဉ်မှာလည်း (၂-၁) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့သလို Upper Bracket Finals ပွဲစဉ်မှာလည်း SEA အင်အားကြီး Dota2 အသင်း TNC ကို နှစ်ပွဲပြတ်ဖြင့် ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် ဖိုင်နယ်အဆင့်ကို အလွယ်တကူပဲ တက်လှမ်းနိုင်ခဲ့ပါတယ်။

TNC အနေနဲ့ အုပ်စုအဆင့်မှာ ၄ ပွဲနိုင် ၃ ပွဲရှုံးရလဒ်ကိုသာ ဖော်ဆောင်နိုင်ခဲ့ပေမယ့် Playoffs ပထမ ပွဲစဉ်မှာ Adroit Dota2 အသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Upper Bracket Finals ပွဲစဉ်မှာ Fnatic ကို နှစ်ပွဲပြတ်ဖြင့် ပြန်လည် ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို သက်ဆင်းပေးခဲ့ရပါတယ်။

TNC

Lower Bracket Finals ပွဲစဉ်မှာ TNC အနေနဲ့ KuKu, Raven စတဲ့ ဖိလစ်ပိုင် အခြေစိုက် နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ Geek Fam နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့သလို Fnatic နဲ့ ပြန်လည် ရင်ဆိုင်ခွင့် ရရှိမယ့် အခွင့်အရေးကို ရယူနိုင်ခဲ့ပါတယ်။

Fnatic

BTS Pro Series SEA ချန်ပီယံရှစ် ပြိုင်ပွဲကို Best of 5 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပေမယ့် Fnatic အနေနဲ့ TNC Dota2 အသင်းကို (၃) ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့သလို SEA Dota2 လောကရဲ့ ဘုရင် အစစ်အမှန်မှာ မိမိသာဖြစ်ကြောင်း ပြသနိုင်ခဲ့ပါတယ်။ Fnatic Dota2 အသင်း အနေနဲ့ BTS Pro Series SEA ချန်ပီယံရှစ် ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တာကြောင့် ဆုကြေးငွေ ဒေါ်လာ နှစ်သောင်းတစ်ထောင်ကို သိမ်းပိုက်နိုင်ခဲ့သလို Dota Summit 12, WeSave! CharityPlay, ESL One LA Online League: SEA စတဲ့ ပြိုင်ပွဲတွေ အပါအဝင် ပြိုင်ပွဲစုံ လေးပွဲဆက်တိုက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: AfkGaming, VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle