SEA ဒေသရဲ့ လက်စွမ်းပိုင်း အတည်ငြိမ်ဆုံး Offlaner တစ်ဦးကို ခေါ်ယူလိုက်တဲ့ Fnatic Dota2

SEA အခြေစိုက် နာမည်ကျော် Dota2 အသင်း Fnatic ကတော့ Offlaner Position အတွက် Motivate.Trust Gaming နဲ့အတူ လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့တဲ့ ထိုင်းနိုင်ငံသား Natthaphon “Masaros” Ouanphakdee ကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ Masaros အနေနဲ့ Iceiceice ထွက်ခွာသွားကတည်းက လစ်လပ်လျက်ရှိတဲ့ Fnatic Dota2 အသင်းရဲ့ Offlane Position မှာ ဝင်ရောက် ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Fnatic Dota2 အသင်း အနေနဲ့ Masaros ကို ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ကြောင်းကို တွစ်တာကနေ တစ်ဆင့် ကြေညာသွားခဲ့တာဖြစ်ပြီး M-God အဖြစ် အရွှန်းဖောက် ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။
Make way for M-god. Well, the other M-god!
— FNATIC (@FNATIC) November 24, 2020
Welcome @masarosdota as our new Fnatic Dota 2 offlaner.
พวกเรายินดีต้อนรับ @masarosdota เข้าสู่ทีม Fnatic pic.twitter.com/cWigzBohas
“M-God တစ်ယောက် အသင်းကို ရောက်ရှိလို့ လာခဲ့ပါပြီ။ ဒါပေမယ့် လူတိုင်းသိထားတဲ့ M-God တော့ မဟုတ်ပါဘူး။ နောက်ထပ် M-God တစ်ယောက်ပါ။ Fnatic Dota2 အသင်းမှာ Offlaner အဖြစ် ဝင်ရောက် ကစားသွားမယ့် Masaros ကို အားလုံးပဲ ကြိုဆိုပေးပါဦး။”
Fnatic အနေနဲ့ အွန်လိုင်း ပြိုင်ပွဲတွေ စတင်စဉ် အချိန်က ချန်ပီယံဆုပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ Jabz, Iceiceice တို့ ထွက်ခွာခြင်းနဲ့အတူ လက်စွမ်းပိုင်းမှာ ထိခိုက်နစ်နာမှုတွေ ပေါ်ပေါက်လာခဲ့ပြီး ဆက်တိုက် ဆိုသလို ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း Fnatic Dota2 အသင်း အနေနဲ့ အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ Jabz ကို ပြန်လည် ခေါ်ယူနိုင်ခဲ့သလို ယခုအခါမှာလည်း Motivate. Trust Gaming ကို အောင်မြင်မှုတွေ ရရှိအောင် အဓိက နေရာကနေ ကူညီစွမ်းဆောင်ပေးလျက်ရှိတဲ့ Masaros ကို ခေါ်ယူလိုက်နိုင်တာကြောင့် အသင်းကြီး အဖြစ် ပြန်လည် ရပ်တည်နိုင်ဖို့ တောင့်တင်းတဲ့ ကစားသမား တစ်စုကို ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။
Fnatic Dota2 အသင်းရဲ့လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Raven – Pos 1
- Moon – Pos 2
- Masaros – Pos 3
- Jabz – Pos 4
- DJ – Pos 5
- Sunbhie – Coach
Motivate.Tust Gaming အနေနဲ့ကတော့ အသင်းရဲ့ Offlane ကစားသမားဖြစ်သူ Masaros ကို လက်လွှတ် ဆုံးရှုံးလိုက်ရပြီ ဖြစ်သလို Carry ကစားသမားဖြစ်သူ Souliya “JaCkky” Khoomphetsavong အနေနဲ့လည်း အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်တာကြောင့် ကစားသမား သုံးဦးသာ ကျန်ရှိတော့တဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

REF: AfkGaming