Dota Summit 12 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Fnatic

Dota Summit 12 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Fnatic

SEA အခြေစိုက် ပရိုဖက်ရှင်နယ် Dota 2 အသင်း Fnatic အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပြီးစီးသွားခဲ့တဲ့ Non-DPC Event ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Dota Summit 12 ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ OG Seed Dota 2 အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ယူပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Fnatic

Fnatic Dota 2 အသင်း အနေနဲ့ အုပ်စုအဆင့် ပွဲစဉ်တွေမှာ နှစ်ပွဲနိုင်၊ သုံးပွဲသရေ ရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် အုပ်စု ပထမ နေရာဖြင့် Playoffs အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ Playoffs အဆင့် ပထမပွဲစဉ်မှာ EU အခြေစိုက် နာမည်ကျော် Dota 2 အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ၂ ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့သလို၊ Upper Bracket Finals ပွဲစဉ်မှာလည်း 10K MMR ကစားသမား သုံးဦး ပါဝင်တဲ့ နာမည်ကျော် Dota 2 အသင်း Evil Geniuses ကို (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို သက်တောင့်သက်သာပဲ တက်လှမ်းနိုင်ခဲ့ပါတယ်။

OG Seed Dota 2 အသင်း အနေနဲ့ Play Offs အဆင့် ပထမပွဲစဉ်မှာ EG Dota 2 အသင်းကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို သက်ဆင်းခဲ့ရပေမယ့် Lower Bracket R1 ပွဲစဉ်မှာ Team Liquid Dota 2 နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့သလို Lower Bracket Finals ပွဲစဉ်မှာလည်း EG Dota 2 အသင်းကို (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် ပြန်လည် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

OG Seed

Fnatic Dota 2 အသင်းနဲ့ OG Seed Dota 2 အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ Dota Summit 12 ဗိုလ်လုပွဲစဉ်ဟာဆိုရင် ဗိုလ်လုပွဲလို့ ထင်မှတ်မထားရလောက်အောင် Fnatic Dota 2 အသင်း အတွက် လွယ်ကူလွန်းခဲ့ပြီး သုံးပွဲပေါင်း စုစုပေါင်း ကြာမြင့်ချိန် (၉၆) မိနစ်ခန့်ဖြင့် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Fnatic Dota 2 အသင်းအနေနဲ့ အခုလို Dota Summit 12 ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့တာကြောင့် ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၆၀၅၀၀) ခန့်ကို ရယူနိုင်ခဲ့သလို ၂၀၁၅ ခုနှစ် နောက်ပိုင်း Dota 2 ပြိုင်ပွဲတွေမှာ အနိုင်ရ ဗိုလ်စွဲနိုင်ခြင်း မရှိခဲ့တဲ့ ကျိန်စာဆိုးကိုလည်း ရိုက်ချိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Fnatic.Jabz

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ အတွက် Dota 2 ပြိုင်ပွဲ အများစုကို ရက်အကန့်အသတ်မရှိ ရပ်နားထားပြီ ဖြစ်တာကြောင့် Dota 2 ပြိုင်ပွဲတွေ ပြန်လည် ကျင်းပသွားတဲ့ အခါမှာလည်း Fnatic Dota 2 အသင်း အနေနဲ့ အခုလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle