Flusha နေရာမှာ အသက် ၂၁ နှစ်အရွယ် ကစားသမားနဲ့ အစားထိုးလိုက်တဲ့ Fnatic CSGO

နာမည်ကျော် CSGO အသင်း Fnatic ကတော့ အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတဲ့ AWP ကစားသမား Jack “Jackinho” Strom Mattsson ကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ Jackinho အနေနဲ့ Fnatic CSGO အသင်းရဲ့ အသက် အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့သလို အသင်းနဲ့ လမ်းခွဲလိုက်တဲ့ ဝါရင့် ကစားသမားကြီး Flusha နေရာမှာ ဝင်ရောက် ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

“Fnatic လို အသင်းကြီးကို ပြောင်းရွေ့ ကစားခွင့် ရရှိတဲ့ အတွက် တကယ်ကို ပျော်ရွှင်မိသလို ဂုဏ်ယူမိပါတယ်။ Fnatic မှာ ကစားဖို့ အတွက်က ကျွန်တော့် အိပ်မက် တစ်ခု ဖြစ်သလို နောက်ဆုံးမှာ အကောင်အထည် ဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Vi är redo att återgå till där vi hör hemma, ses i toppen.@Jackinhocs joins Fnatic CS:GO.
— FNATIC (@FNATIC) January 12, 2021
The 21-year old comes in as our fifth member ahead of 2021. pic.twitter.com/uM46sksn8T
အားလုံး သိထားတဲ့ အတိုင်း Flusha က တကယ်ကို ထူးချွန်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ သူ့အနေနဲ့ အောင်မြင်မှုပေါင်း များစွာကို ရယူနိုင်ခဲ့သလို ကျွန်တော် ကိုယ်တိုင်ကလည်း လေးစားရတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ Flusha နေရာမှာ ဝင်ရောက် ကစားရမှာ ဖြစ်တာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်သွားရမယ် ဆိုတာကို ကြိုတင် နားလည်ထားသလို အကောင်းဆုံး ကြိုးစားသွားဖို့လည်း ဆုံးဖြတ်ထားပါတယ်။” လို့ Jackinho ကတော့ ပြောကြားသွားခဲ့ပါတယ်။

Jackinho အနေနဲ့ ယခင်အချိန်တွေတုန်းက B-Tier, C-Tier အသင်း အများစုမှာသာ ဝင်ရောက် ကစားခွင့် ရရှိခဲ့ပေမယ့် သူမတူတဲ့ လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့တာကြောင့် အခုလို နာမည်ကျော် CSGO အသင်း Fnatic ရဲ့ တော်ကောက်ခြင်းကို ခံယူခဲ့ရတာ ဖြစ်ပါတယ်။ Fnatic CSGO အသင်း အနေနဲ့ အခုလို AWP ကစားသမားဖြစ်တဲ့ Jackinho ကို ခေါ်ယူခဲ့တာကြောင့် အသင်းရဲ့ AWP ကစားသမားဖြစ်တဲ့ Jesper “JW” Wecksell ကို Rifler အဖြစ် ပြောင်းလဲ အသုံးပြုသွားဖွယ် ရှိပါတယ်။
Fnatic CSGO အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Jesper “JW” Wecksell
- Freddy “KRIMZ” Johansson
- Ludvig “Brollan” Brolin
- Maikil “Golden” Selim
- Jack “Jackinho” Strom Mattsson
- Andreas “Samuelsson” Samuelsson (Coach)
REF: VpEsports