စာဖတ်ချင်ပြီး စာမဖတ်ဖြစ်ရင် ဒီအချက်တွေကို လိုက်လုပ်ကြည့်ပါနော်

စာဖတ်ချင်ပြီး စာမဖတ်ဖြစ်ရင် ဒီအချက်တွေကို လိုက်လုပ်ကြည့်ပါနော်

စာဖတ်တဲ့သူတိုင်းက ခေါင်းဆောင်ကောင်းတွေ မဟုတ်ကြပေမယ့် ခေါင်းဆောင်ကောင်းတွေတိုင်းကတော့ စာဖတ်ကြပါတယ်ဆိုပြီး Harry Truman က ပြောခဲ့ဖူးပါတယ်။ အမှန်တိုင်းပြောရမယ်ဆိုရင် စာဖတ်တာဟာ စိတ်ကူးဉာဏ်တွေ ပိုရင့်သန်စေပြီး ဗဟုသုတတွေတိုးစေကာ အမှားအမှန်ကို ခွဲခြားနိုင်စေလို့ လူတိုင်းလိုလို စာဖတ်ဖို့က လိုကိုလိုအပ်ပါတယ်။ ဒါပေမယ့်လည်း ဒီဂျစ်တယ်ခေတ်ကိုရောက်လာတဲ့အတွက် စာဖတ်ဖို့မပြောနဲ့ စာအုပ်ကိုင်ဖို့တောင် အချိန်တွေ ရှားပါးလာကြပါတယ်။ ဆိုရှယ်မီဒီယာတွေနဲ့ တခြားအနှောင့်အယှက်တွေဝင်တာကြောင့် စာဖတ်ချင်ပြီး ဘယ်လိုမှ မဖတ်နိုင်တဲ့သူတွေ၊ ဒီနှစ်မှာ အရင်နှစ်တွေကထက် စာအုပ်ပိုဖတ်ချင်တဲ့သူတွေအနေနဲ့ အခုပြောပြေးမယ့် လွယ်ကူတဲ့ နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်လိုက်ရင် သေချာပေါက် စာများများ ပိုဖတ်နိုင်လာမှာပါနော်။ စာဖတ်ချင်ပြီး ဖတ်ဖို့ အချိန်ဘယ်လိုမှ ရှာမရတဲ့ စာကြမ်းပိုးလေးတွေ စာပိုဖတ်နိုင်ဖို့ ကြည့်ကြည့်လိုက်ကြရအောင်နော်။

စာအုပ်တစ်အုပ်အမြဲဆောင်ထားပါ
စာဖတ်ဖြစ်ဖို့ဆို စာအုပ်တစ်အုပ်ကတော့ အမြဲပါနေဖို့လိုပါတယ်။ ကျောင်းသွားချိန်၊ ရုံးသွားချိန် လမ်းပိတ်နေတာမျိုးနဲ့ကြုံရင် ပါလာတဲ့စာအုပ်ကို ကောက်ဖွင့်ပြီး ဖတ်လိုက်ရုံပါပဲ။ ကိုယ်တွေနိုင်ငံကလည်း ဘယ်နားသွားသွား လမ်းအရမ်းပိတ်တာဆိုတော့ စာအုပ်ပါလာတော့ စာလည်း နည်းနည်းပိုဖတ်ဖြစ်သလို အပျင်းလည်းပြေကာ အချိန်ဘယ်လိုကုန်လို့ကုန်သွားမှန်းမသိ ဖြစ်စေမှာပါ။ ဒါကြောင့်မို့ စာဖတ်ဖြစ်ဖို့ စာအုပ်ဆောင်ထားပါလို့ ပြောတာပါ။ ဒါ့အပြင် စာဖတ်ပြီး အချိန်ဖြုန်းတာကလည်း တခြားအချိန်ဖြုန်းနည်းတွေထက်စာရင် လူကိုလည်း အကျိုးရှိစေပြီး ကောင်းမွန်တဲ့ အလေ့အကျင့်ဖြစ်လို့ စာအုပ်ကို ဘယ်နေရာရောက်ရောက် ဖတ်နိုင်ဖို့ အိတ်ထဲမှာ အမြဲဆောင်ထားပါနော်။ စာအုပ်ဆောင်ထားရင်လာည်း ကိုယ်အဖတ်ချင်ဆုံး စာအုပ်ကိုရွေးပြီး ဆောင်ထားပါနော်။ အဖတ်ချင်ဆုံးစာအုပ်ဖြစ်မှသာ ဖတ်ဖြစ်မှာမို့လို့ပါ။ အခုချိန်ကစပြီး စာအုပ်ကောက်ထည့်ထားလိုက်တော့နော်။

ဘယ်လောက်ဖတ်ပြီးပြီလဲဆိုတာစာရင်းပြုစုထားပါ
ကိုယ်ဘယ်စာအုပ်တွေကို ဖတ်ပြီသွားပြီးလဲဆိုတာကို စာရင်းပြုစုထားတာဟာ စာဆက်ဖတ်ချင်စိတ်ကို လှုံဆော်ပေးပါတယ်။ ဖတ်ပြီးသားစာအုပ်တွေကို စာရင်းပြုစုတဲ့အခါမှာ ရှေးဟောင်းနည်းလမ်းလည်းဖြစ်ပြီး ယနေ့ထိတိုင်လည်းသုံးတဲ့ နေ့စဉ်မှတ်တမ်းမှာ ရေးပြီး ဘောပင်နဲ့ခြစ်ကာ မှတ်ထားတာမျိုး ပြုလုပ်လို့ရသလို စမတ်ဖုန်းထဲမှာ ရိုးရှင်းတဲ့ App တွေကို ထည့်ထားပြီး မှတ်တာမျိုးလည်း ပြုလုပ်လို့ရပါတယ်။ App တွေကို သုံးတဲ့အခါမှာတော့ စာဖတ်တဲ့အလေ့အကျင့်ပေါ်မူတည်ပြီး ဘာပြီးရင် ဘာဖတ်ရမလဲဆိုတာကို သတိပေးတာမျိုး ရှိတတ်ပါတယ်။ ရွေးချယ်မှုကတော့ ကိုယ်အားသာရာကို ရွေးချယ်တာ အကောင်းဆုံးပါပဲနော်။

Book Club တွေထဲဝင်တာမျိုး (သို့) သူငယ်ချင်းတွေနဲ့ စုပြီး ဖတ်တာမျိုးလုပ်ပါ
Book Club တွေထဲကို အသင်းဝင်တာဟာ တကယ်ကို အကျိုးရှိတဲ့ နည်းလမ်းကောင်းတစ်ခုပါနော်။ Book Club ထဲမှာရှိတဲ့ လူတွေဟာ ကိုယ်နဲ့ ဝါသနာတူတဲ့လူတွေဖြစ်လို့ သူတို့တွေနဲ့ တွေ့ဆုံလိုက်တဲ့အခါမှာ စာပိုဖတ်ဖြစ်အောင် တွန်းအားတွေဖြစ်စေပြီး ဘယ်လောက်ထိဖတ်ပြီးပြီလို့ ပြောဆိုဆွေးနွေးရာကနေ စာဖတ်တဲ့လမ်းကြောင်းပေါ်ကနေ တခြားဘက်ကို တိမ်းစောင်းသွားတာမျိုး မဖြစ်တော့ပါဘူး။ Book Club ထဲမှာ ဖတ်ပြီးသားစာအုပ်တွေအကြောင်းကို ပြန်လည်မျှဝေတာတွေ၊ ပြန်လည်ဆွေးနွေးတာတွေ လုပ်တာက စာပိုဖတ်ဖြစ်စေရုံတင်မကဘဲ ကိုယ်ရဲ့ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကိုလည်း ကျယ်ပြန့်လာစေပါတယ်။ ဒါ့အပြင် Book Club အဖွဲ့အဝင်တွေဘက်က ကောင်းတဲ့စာအုပ်တွေ ပြန်ညွှန်းပေးတာတွေလည်း ရရှိနိုင်လို့ ဘယ်လိုစာအုပ်ကောင်းလေးတွေ ဖတ်ရမလဲဆိုတာပါ သိရှိနိုင်စေတဲ့ အကျိုးကျေးဇူးတွေပါ ရရှိစေပါတယ်။

Reading Challenge လုပ်ကြည့်ပါ
စာများများပိုဖတ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပြီး Motivation ယူတာကလည်း အကျိုးရှိတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ဘယ်လိုမျိုး စိန်ခေါ်ရမလဲဆိုတာကတော့ အွန်းလိုင်းပေါ်မှာ Reading Challenges တွေအများကြီးရှိလို့ အဲဒီထဲကနေ ကိုယ်အဆင်ပြေတာကို ရွေးချယ်ပြီး စိန်ခေါ်လို့ ရပါတယ်။ Reading Challenge လုပ်တာက တကယ်ကို ထိရောက်လွယ်ကူတဲ့ နည်းလမ်းဖြစ်လို့ သူများကို စိန်ခေါ်မယ့်အစား ကိုယ့်ကိုယ်ကိုယ် ပြန်စိန်ခေါ်ကြည့်ပါနော်။ Goodreads တို့၊ Premier’s Reading Challenge တို့ဟာ စမ်းလုပ်ကြည့်လို့ကောင်းတဲ့ Reading Challenge အမျိုးအစားလေးတွေပဲ ဖြစ်ပါတယ်နော်။

အရေအတွက် ဘယ်လောက်ပဲဖြစ်ပါစေ နေ့တိုင်းဖတ်ပါ
တစ်နေ့ကို ငါးရွက်ပဲဖြစ်ဖြစ်၊ စာမျက်နှာ ၅၀ ပဲဖြစ်ဖြစ် ဘယ်လောက်လေးပဲဖြစ်ဖြစ် ဖတ်ဖြစ်အောင်ဖတ်တဲ့ အကျင့်လေးကို လုပ်ထားပါ။ ဖတ်တဲ့စာတွေကလည်း စာကြီးပေကြီးတွေ ဖြစ်နေမှ မဟုတ်ပါဘူး စာအုပ်အပါးလေးပဲဖြစ်စေ၊ ပုံပြင်တိုလေးတွေပဲဖြစ်ေစေ၊ သတင်းစာပဲဖြစ်စေ၊ ဟာသစာအုပ်လေးပဲဖြစ်စေ၊ မဂ္ဂဇင်းလေးပဲဖြစ်စေ ဘာကိုပဲဖြစ်ဖြစ် စိတ်ကိုအာဟာရ ရရှိအောင် ဖတ်လိုက်ပါ။ ဒီနေ့ကို ဘယ်လောက်ထိပြီးအောင် ဖတ်မယ်ဆိုပြီး ပန်းတိုင်သတ်မှတ်ပြီး ဖတ်ကာ အလေ့အကျင့်လေးဖြစ်သွားရင်လည်း စာပိုဖတ်ချင်လာပြီး စာဖတ်အားလည်း ပိုကောင်းလာပါလိမ့်မယ်။

အိပ်ရာဝင်ခါနီးစာဖတ်ပါ
လေ့လာမှုတွေအရရော၊ ကျွမ်းကျင်သူတွေ ပြောကြားချက်တွေအရရော အိပ်ရာဝင်ခါနီးကျရင် တစ်နေ့တာလုံး ပင်ပန်းလာတဲ့ ဦးနှောက်ကို အနားပေးဖို့အတွက် ကွန်ပျူတာ မျက်နှာပြင်တွေကြည့်တာ၊ ဖုန်းမျက်နှာပြင်တွေ ကြည့်တာကို ရပ်နားပေးဖို့ လိုအပ်ပါတယ်။ အိပ်ရာမဝင်ခင် စာဖတ်တာက ကွန်ပျုတာမျက်နှာပြင်ကြည့်နေတာနဲ့ ဖုန်းမျက်နှာပြင်တွေ ကြည့်နေတာထက် ပိုအကျိုးများစေပါတယ်။ အိပ်ရာမဝင်ခင် စာဖတ်တဲ့အလေ့အထဟာ စိတ်ကိုကြည်လင်လန်းဆန်းစေပြီး၊ အိပ်ပျော်အောင်လည်း ကူညီပေးပါတယ်။ ဒါကြောင့်မို့ မအိပ်ခင် စမတ်ဖုန်းနဲ့မျက်နှာ ကပ်နေမယ့်အစား စာမျက်နှာအနည်းငယ်လေးလောက်ကို ဖတ်ပြီးမှ အိပ်တဲ့ အလေ့အကျင့်ကိုလုပ်လိုက်ရင် စာလည်းပိုဖတ်ဖြစ်သွားပြီး အထက်မှာ ပြောတဲ့ ကောင်းကျိုးတွေလည်း တစ်ပါးတည်း ရရှိပိုင်ဆိုင်သွားမှာပါနော်။


ကဲ….နည်းလမ်းလေးတွေလည်း သိသွားပြီဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို အသုံးချပြီး စာများများ ပိုဖတ်နိုင်တဲ့သူအဖြစ် ပြောင်းလဲယူကြည့်လိုက်တော့နော်။ စာဖတ်ကြမ်းတဲ့သူတွေ အသုံးချနေတဲ့ နည်းလမ်းကောင်းလေးတွေ ရှိရင်လည်း ကျန်တဲ့သူတွေ အသုံးချလို့ရအောင် ပြန်လည်မျှဝေပေးခဲ့ပါဦးနော်။

Photo Credit:www.adhoc-translations.com, North Central Regional Library ,  careergirldaily.com,

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle