Adroit Dota2 အသင်းမှာ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားသွားမယ့် Forev

Fnatic Dota2 အသင်းမှာ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားပေးခဲ့တဲ့ Lee “Forev” Sang-don ကတော့ ယခုအခါမှာလည်း Adroit Dota2 အသင်းမှာ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားသွားဦးမှာ ဖြစ်ပါတယ်။ Forev အနေနဲ့ Adroit Dota2 အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ Offlane ကစားသမား Prince Vince “Bensoy” Enriquez နေရာမှာ ဝင်ရောက် ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
As we gear up for the upcoming DPC season, we have evaluated our current performance, we have decided to make changes in our roster.
— Adroit Esports (@AdroitEsportsPH) October 7, 2020
1/4 pic.twitter.com/fFmxuNu00o
“DPC ရာသီအသစ် အတွက် ရည်ရွယ်ပြီး အသင်းအတွင်းမှာ အပြောင်းအလဲ အချို့ကို ပြုလုပ်ဖို့ အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ ပထမဆုံး အနေနဲ့ အသင်းရဲ့ Offlane ကစားသမား Prince Vince “Bensoy” Enriquez နဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာချင်ပါတယ်။ အသင်းမှာ ရှိနေပေးခဲ့တဲ့ အတွက်လည်း Bensoy ကို ကျေးဇူးတင်သလို ရှေ့ဆက်ပြီးတော့လည်း အောင်မြင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။
Bensoy ရဲ့ နေရာမှာ အစားထိုးသွားဖို့ အတွက် နာမည်ကျော် Offlaner တစ်ဦးဖြစ်တဲ့ Lee “Forev” Sang-don ကို Stand-in ကစားသမား အဖြစ် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ Forev ဟာ SEA Dota2 လောကရဲ့ ဝါရင့်ကစားသမား တစ်ဦးဖြစ်သလို The International ပြိုင်ပွဲတွေမှာ ဝင်ရောက် ကစားခဲ့ဖူးတဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တာကြောင့် အသင်းအတွက် အတွေ့အကြုံကောင်းတွေကို ယူဆောင် လာနိုင်မယ်လို့ ယုံကြည်မိပါတယ်။”

Bensoy အနေနဲ့ Adroit Dota2 အသင်းကို ပြီးခဲ့တဲ့ ဇူလိုင်လက ရောက်ရှိခဲ့တာဖြစ်ပြီး Ninjaboogie ရဲ့ 032 Dota2 အသင်းမှာ ကစားဖို့ အတွက် Adroit ကနေ ထွက်ခွာသွားခဲ့တဲ့ Bok နေရာမှာ ဝင်ရောက် ကစားခဲ့တာ ဖြစ်ပါတယ်။ Adroit Dota2 အသင်း အနေနဲ့ ယခင်အချိန်တွေတုန်းက ပြိုင်ပွဲအများစုမှာ ထိပ်ဆုံး လေးသင်း အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပေမယ့် Natsumi နဲ့ Bok တို့ ထွက်ခွာသွားပြီး နောက်ပိုင်းမှာ ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရသလို ပြိုင်ပွဲအများစုမှာလည်း အောက်ဆုံးအဆင့်တွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာ SEA ဒေသတွင်း ထပ်မံ ကျင်းပသွားမယ့် ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး တရားဝင် သိရှိရခြင်း မရှိသေးတာကြောင့် Forev ကို ခေါ်ယူ အားဖြည့်ထားတဲ့ Adroit အဖွဲ့သားတွေ အနေနဲ့ နောင်လာမယ့် ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ပြန်လည် ရယူနိုင်ဖို့ လေ့ကျင့်မှုတွေကိုသာ အားစိုက် ပြုလုပ်သွားဖွယ် ရှိပါတယ်။
REF: VpEsports