ငြိမ့်ငြိမ့်ညောင်းညောင်း ဂိမ်းကစားရတာကို နှစ်သက်သူများ အတွက် Bauhutte ဂိမ်းမင်းကုတင်

ငြိမ့်ငြိမ့်ညောင်းညောင်း ဂိမ်းကစားရတာကို နှစ်သက်သူများ အတွက် Bauhutte ဂိမ်းမင်းကုတင်

လက်ရှိအချိန်မှာ ဂိမ်းမင်းထိုင်ခုံတွေ (Gaming Chair) ကို နာမည်ကျော် ဂိမ်းမင်း ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ် ရောင်းချလျက်ရှိတဲ့ ကုမ္ပဏီ အများစု အနေနဲ့ ထုတ်လုပ် ရောင်းချလျက် ရှိပေမယ့် ဂျပန်နိုင်ငံ အခြေစိုက် နာမည်ကျော် ဂိမ်းမင်း ပရိဘောဂတွေ ထုတ်လုပ်ရောင်းချလျက်ရှိတဲ့ ကုမ္ပဏီကြီး Bauhutte ကတော့ အများနဲ့မတူ တမူထူးခြားတဲ့ ဂိမ်းမင်းကုတင်ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

Bauhutte Simple Gaming Bed

Bauhutte ဂိမ်းမင်းကုတင်ကို Simple ဒါမှမဟုတ် Ultimate စတဲ့ အမျိုးအစား နှစ်ခုထဲက ကြိုက်နှစ်သက်ရာကို ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Bauhutte Simple ဂိမ်းမင်း ကုတင်ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက် နှစ်ဖက်လုံးမှာ မော်နီတာနဲ့ နားကြပ်တင်ဖို့ အတွက် စားပွဲ နှစ်လုံး ပါဝင်မှာ ဖြစ်သလို ဖုန်းတင်ထားဖို့ အတွက်လည်း Bed Cell Phone Holder တစ်ခု ပါဝင်မှာ ဖြစ်ပါတယ်။

Bauhutte Simple Gaming Bed

Bauhutte Ultimate ဂိမ်းမင်း ကုတင်မှာလည်း Simple ဂိမ်းမင်းကုတင်မှာ ပါဝင်တဲ့ Features အားလုံး ပါဝင်မှာ ဖြစ်တဲ့အပြင် ဂိမ်းကစားရာမှာ ငြိမ့်ငြိမ့်ညောင်းညောင်း ကစားနိုင်စေဖို့ အတွက် ဧရာမ ခေါင်းအုံးကြီး တစ်လုံးလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Bauhutte Ultimate Gaming Bed

ဒါ့အပြင် Bauhutte Ultimate ဂိမ်းမင်းကုတင်မှာ Simple ဂိမ်းမင်း ကုတင်မှာ ပါဝင်ခြင်း မရှိတဲ့ Keyboard တွေ၊ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ တင်နိုင်ဖို့ အတွက် ဘေးဖက်မှာ စားပွဲ အပိုတစ်လုံး ပါဝင်မှာ ဖြစ်ပါတယ်။

Bauhutte Ultimate Gaming Bed

Bauhutte Simple ဂိမ်းမင်းကုတင်ကို ဝယ်ယူချင်တယ် ဆိုရင်တော့ ကန်ဒေါ်လာ ၅၉၀ (မြန်မာငွေ ၈ သိန်းခွဲဝန်းကျင်) ဖြင့် ဝယ်ယူနိုင်မှာ ဖြစ်သလို Bauutte Ultimate ဂိမ်းမင်းကုတင်ကိုတော့ ကန်ဒေါ်လာ ၁၁၆၉ ဒေါ်လာ (မြန်မာငွေ ၁၇ သိန်းဝန်းကျင်) ဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ Bauhutte ဂိမ်းမင်းကုတင်ကို ဝယ်ယူချင်တယ် ဆိုရင်တော့ ဒီလင့်ခ်ကနေ တစ်ဆင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ