ငွေအလွဲသုံးစား ပြုလုပ်မှုဖြင့် တရားစွဲခံထားရတဲ့ ပရိုဖက်ရှင်နယ် အမျိုးသမီး CSGO ကစားသမားဟောင်း Shay

ငွေအလွဲသုံးစား ပြုလုပ်မှုဖြင့် တရားစွဲခံထားရတဲ့ ပရိုဖက်ရှင်နယ် အမျိုးသမီး CSGO ကစားသမားဟောင်း Shay

ဘရာဇီးနိုင်ငံသူ ပရိုဖက်ရှင်နယ် အမျိုးသမီး CSGO ကစားသမားဟောင်း Shayene “shAy” Victoria အနေနဲ့ ငွေအလွဲသုံးစား ပြုလုပ်မှုဖြင့် ထောင်ဒဏ် (၁၁၆) နှစ် ကျခံရန် တရားစွဲဆို ခံထားရတယ်လို့ သိရပါတယ်။ Shay အနေနဲ့ ယောက်ျားဟောင်းဖြစ်သူနဲ့ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အထိ အတူတကွ လုပ်ကိုင်ခဲ့တဲ့ အွန်လိုင်း စီးပွားရေး လုပ်ငန်းကနေ ငွေကြေး အလွဲသုံးစား ပြုလုပ်ခဲ့တာကြောင့် အခုလို တရားစွဲဆို ခံစားရတာ ဖြစ်တယ်လို့ သိရပါတယ်။

နစ်နာသူ (၁၁၈) ယောက်ခန့် အနေနဲ့ Shay နဲ့ ယောက်ျားဟောင်းဖြစ်သူတို့ အပိုင် အွန်လိုင်း လက်လီလက်ကား အရောင်းအဝယ် ဝက်ဘ်ဆိုက်ကနေ ပစ္စည်းတွေ မှာယူခဲ့ပေမယ့် လက်ဝယ် ရောက်ရှိလာခြင်း မရှိတာကြောင့် Sao Paulo အစိုးရကို တိုင်တန်းခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို တရားစွဲဆို ခံရတာနဲ့ ပတ်သတ်ပြီး Shay ကတော့ ကိုယ်ပိုင် ရှေ့နေကနေ တစ်ဆင့် အခုလိုပဲ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

“ကျွန်မတို့ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် အခုလို ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ ဝက်ဘ်ဆိုက်ကနေ မှာယူသူ အနည်းငယ်ကိုသာ ပစ္စည်းတွေ ပို့သဖို့ ကျန်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ မှာယူသူ အနည်းငယ်လို့ ထည့်ပြောရခြင်း အကြောင်းအရင်းက ကျွန်မတို့ ဝက်ဘ်ဆိုက်ကနေ မှာယူသူ ၁ သောင်းကျော်ကို မှာယူတဲ့ ပစ္စည်းတွေ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။”

ဒါ့အပြင် Shay အနေနဲ့ Instagram အကောင့်ကနေ တစ်ဆင့်လည်း အခုလိုပဲ ထပ်မံ ဖြေရှင်းသွားခဲ့ပါတယ်။

“ကျွန်မ အနေနဲ့ နာမည်ပျက်မယ့် အလုပ်မျိုးကို ဘယ်တော့မှ လုပ်ဆောင်သွားမှာ မဟုတ်ပါဘူး။ ကျွန်မ နေ့စဥ်နေ့တိုင်းလည်း Twitch Channel ကနေ တစ်ဆင့် Live လွှင့်လျက်ရှိတယ်။ ပြီးတော့ ကျွန်မရဲ့ အိမ်လိပ်စာကိုလည်း သိတဲ့လူတွေ အများကြီး ရှိပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကျွန်မ အခုလို ငွေကြေး အလွဲသုံးစားမှုမျိုးကို အလွယ်တကူ လုပ်ခဲ့မယ်လို့ ထင်ကြတာနဲ့ ပတ်သတ်ပြီး လုံးဝကို နားမလည်နိုင်တော့ပါဘူး။”

လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ သတင်း အချက်အလက်များအရ Shay ရဲ့ ယောကျ်ားဟောင်းဖြစ်သူ အနေနဲ့ အဆိုပါ ငွေကြေးအလွဲသုံးစားမှုနဲ့ ပတ်သတ်ပြီး တာဝန်ခံ ဖြေရှင်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Shay အနေနဲ့ ပရိုဖက်ရှင်နယ် Counter Strike လောကထဲကို ၂၀၀၈ ခုနှစ်မှာ စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး Mibr Girls, Pain Girls, Team One RED, Keyd Stars Female စတဲ့ နာမည်ကျော် အမျိုးသမီး Counter Strike အသင်း အများစုမှာ ဝင်ရောက် ကစားခဲ့ဖူးပါတယ်။

Shay အနေနဲ့ ပရိုဖက်ရှင်နယ် Counter Strike ကစားသမား ဘဝကနေ ၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှာအနားယူခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ Twitch Streamer အဖြစ်၊ Social Influencer အဖြစ် ဆက်လက် ရပ်တည်လျက် ရှိတာကြောင့် Shay တစ်ယောက် တရားစွဲဆိုမှုတွေကို အောင်မြင်စွာ ဖြေရှင်းသွားနိုင်မလား ဒါမှမဟုတ် ထောင်နန်းပဲ စံသွားရမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle