OG.Seedကစားသမား နှစ်ဦးနဲ့ ပူးပေါင်းကာ Dota2 အသင်းသစ်ကို ဖွဲ့စည်းလိုက်တဲ့ Misery နဲ့ PieLieDie

OG.Seedကစားသမား နှစ်ဦးနဲ့ ပူးပေါင်းကာ Dota2 အသင်းသစ်ကို ဖွဲ့စည်းလိုက်တဲ့ Misery နဲ့ PieLieDie

OMEGA League EU and CIS Closed Qualifier မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိတဲ့ အသင်းတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်တာနဲ့ အညီ နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ အသင်းသစ် အချို့ကိုလည်း မြင်တွေ့ခွင့် ရပါတယ်။

Misery

ယခုအခါမှာတော့ Dota2 လောကရဲ့ ဝါရင့်ကစားသမားတွေဖြစ်ကြတဲ့ Misery နဲ့ PieLieDie တို့ဟာ OG.Seed Dota2 အသင်းရဲ့ ကစားသမား နှစ်ဦး၊ EU Dota လောကရဲ့ နာမည်ကျော် Carry ကစားသမား တစ်ဦးတို့နဲ့ ပူးပေါင်းကာ 5men Dota2 အသင်းကို ဖွဲ့စည်းလိုက်ပြီ ဖြစ်တယ်လို့ OMEGA League EU and CIS Liquipedia Page မှာ ဖော်ပြထားချက်များ အရ သိခဲ့ရပါတယ်။

PieLieDie

5men Dota2 အသင်းမှာ ယခုလအစမှာ ဖျက်သိမ်းသွားခဲ့တဲ့ OG.Seed Dota2 အသင်းရဲ့ Mid Lane ကစားသမားဖြစ်သူ Rasmus “Chessie” Blomdin နဲ့ Offlane ကစားသမားဖြစ်သူ Andreas Per “Xibbe” Ragnemalm တို့ ပါဝင်လာခဲ့သလို Team Secret, NiP စတဲ့ နာမည်ကျော် Dota2 အသင်းတွေရဲ့ အစွန့်ပစ်ခံ Carry ကစားသမား တစ်ဦးဖြစ်တဲ့ Marcus “Ace” Hoelgaard လည်း ပါဝင်ခဲ့ပါတယ်။

Ace

Pos4 နေရာမှာတော့ ဝါရင့်ကစားသမား တစ်ဦးဖြစ်တဲ့ Rasmus “Misery” Filipsen က တာဝန်ယူ ကစားသွားမှာ ဖြစ်သလို Pos5 နေရာမှာတော့ အသင်းပေါင်း များစွာမှာ ကျင်လည် ကျက်စားခဲ့တဲ့ Johan “PieLieDie” Astrom မှ တာဝန်ယူ ကစားသွားမှာ ဖြစ်ပါတယ်။

Chessie

5men Dota2 အသင်းရဲ့ စာရွက်ပေါ်က လူစာရင်းဟာ တောင့်တင်းတယ်လို့ ထင်ရပေမယ့်လည်း Misery, PieLieDie တို့ရဲ့ ကစားဟန်ဟာ ခေတ်သစ် Dota လောကမှာ အံဝင်ခွင်ကျ မဖြစ်သလို Offlane ကစားသမား Xibbe ရဲ့ စွမ်းဆောင်ရည်ဟာလည်း ထိပ်တန်းအဆင့်မှာ ရှိမနေတာကြောင့် အခက်အခဲတွေနဲ့တော့ ရင်ဆိုင်သွားရနိုင်ပါတယ်။

OMEGA League EU and CIS Closed Qualifier ပွဲစဥ်ကို ဩဂုတ်လ (၁) ရက်နေ့မှာ စတင် ကျင်းပသွားမှာဖြစ်ပြီး အဆိုပါ ပြိုင်ပွဲမှာ ပထမနဲ့ ဒုတိယ နေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းနှစ်သင်းကတော့ EU/ CIS လောကရဲ့ ထိပ်တန်းအသင်းတွေ ပါဝင်တဲ့ OMEGA League EU and CIS Immortal Division ကို တက်လှမ်းနိုင်မှာ ဖြစ်တာကြောင့် Misery တို့ တစ်သိုက် လက်စွမ်းကောင်းတွေကို ပြသသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle