YouTube Subscriber ၁၅ သန်း ပြည့်သွားပြီဖြစ်တဲ့ နာမည်ကျော် MLBB Streamer Jess No Limit

YouTube Subscriber ၁၅ သန်း ပြည့်သွားပြီဖြစ်တဲ့ နာမည်ကျော် MLBB Streamer Jess No Limit

MLBB လောကမှာ မသိသူမရှိသလောက်ကို နာမည်ကျော်ကြား လူကြိုက်များတဲ့ Streamer တစ်ဦးဖြစ်သူ Tobias “Jess No Limit” Justin ကတော့ စံချိန်ကောင်း တစ်ခုကို ထပ်မံ ပိုင်ဆိုင် သွားခဲ့ပြီ ဖြစ်ပါတယ်။ ပရိုဖက်ရှင်နယ် MLBB ကစားသမား အဖြစ် MLBB လောကထဲကို စတင် ဝင်ရောက်ခဲ့တဲ့ Jess No Limit အနေနဲ့ လက်ရှိအချိန်မှာ Streamer အဖြစ် အသက်မွေးဝမ်းကြောင်းပြုလျက် ရှိသလို YouTube Subscriber လည်း ၁၅ သန်း ပြည့်မြောက်လို့ သွားခဲ့ပြီ ဖြစ်ပါတယ်။

Detik Detik 15 Juta Subscriber Jess No Limit Terbanyak Se Asia Dalam Kategori Gaming

Detik-detik 15 Juta subscriber Jess No Limit - Thank god, terimakasih teman-teman tanpa kalian aku bukan siapa siapa! Apa harapan kalian buat aku ketika sudah sampai 15 Juta subscriber? Jangan lupa subscribe dan tonton terus video aku di Youtube dan jangan lupa untuk folow dan like fanbase aku ya guys. Dukung aku terus supaya bisa mencapai 25 Juta subscribe dan salah satu channel gaming terbesar di asia bahkan dunia. Jangan lupa dishare ya guy

Geplaatst door Jessnolimit op Woensdag 3 juni 2020

Jess No Limit အနေနဲ့ YouTube Channel ကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှသာ စတင် ပြုလုပ်ခဲ့တာ ဖြစ်ပေမယ့်လည်း သုံးနှစ် မပြည့်ခင် အချိန်မှာပဲ Subscriber ၁၅ သန်း ပြည့်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။ Jess No Limit ရဲ့ YouTube Channel ဟာ ၂၀၂၀ ခုနှစ်၊ ဧပြီလ အစောပိုင်း ကာလမှာ Subscriber ၁၀ သန်းခန့်သာ ရှိသေးပေမယ့် နှစ်လအတွင်းမှာ နောက်ထပ် Subscriber ၅ သန်းခန့် ထပ်မံ တိုးပွားလာခဲ့တာပဲ ဖြစ်ပါတယ်။

ပရိုဖက်ရှင်နယ် MLBB ကစားသမား ဘဝကို စတင် ခံယူခဲ့စဉ် အချိန်က Jess No Limit အနေနဲ့ နာမည်ကျော် MLBB အသင်း Evos Legends ကိုယ်စားပြု ကစားခဲ့ပြီး လက်ရှိအချိန်မှာတော့ Evos Esports ကိုယ်စားပြု Streamer/ Content Creater အဖြစ် ဆက်လက် လုပ်ကိုင်လျက် ရှိပါတယ်။

REF: AfkGaming