Apple ကိုစစ်ကြေညာလိုက်တဲ့ Epic Games

Apple ကိုစစ်ကြေညာလိုက်တဲ့ Epic Games

Epic ကတော့ အခု Apple နဲ့ စစ်ကြေညာလိုက်ပါပြီ။ အခြေအနေတွေလည်း Epic နဲ့ Apple၊ Google တို့ကြားရှုပ်ထွေးပြီး တင်းမာနေပါတယ်။ ဒီပြဿနာက ဘယ်က စ တယ်ဆိုတာကို ဒီ ဆောင်းပါးကနေ ကျွန်တော်တို့ရှင်းပြပေးသွားပါ့မယ်။

Epic ဟာ မနေ့လောက်က Fortnite ဂိမ်းမှာ In-app purchases တွေကို Apple နဲ့ Google တို့ရဲ့ Payment စနစ်ကို အသုံးမပြုတော့ဘဲ တိုက်ရိုက်ငွေချေစနစ်ကို စ တင်ထည့်သွင်းအသုံးပြုလာပါတယ်။ Epic ဘက်က ဒီလိုမျိုး Apple နဲ့ Google တို့ရဲ့ Payment စနစ်ကိုအသုံးမပြုဘဲ တိုက်ရိုက်ငွေပေးချေမယ်ဆို V-bucks တွေကို 20% လျှော့ချပေးသွားမယ်ဆိုပြီး ထည့်သွင်းလာတာဖြစ်ပါတယ်။

ဒါပေမယ့် Apple ဘက်ကတော့ လုံးဝလက်မခံဘဲ Fortnite ကို App Store ကနေ ဖြုတ်ချပစ်လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ Google ကလည်း Play Store မှာ Fortnite ကို ဖြုတ်ချပစ်လိုက်ပါတယ်။

Epic ဘက်ကလည်း App Store Policy အရ Apple က ကြားထဲကနေ 30% ဖြတ်တာကို မလိုလားသလို၊ Apple ဘက်ကလည်း မိမိ Platform ပေါ်မှာအခုလို ဂိမ်းတွေ၊ App တွေ Develop လာလုပ်ရင် Payment တွေကို Platform နဲ့သက်ဆိုင်တဲ့ Payment ပဲအသုံးပြုရမယ်လို့ App Store Review Guidelines မှာရေးသားထားပါတယ်။

Epic ကအခုလိုမျိုးဖြုတ်ချလိုက်တာကို လုံးဝမကျေနပ်ပါဘူး။ အဲ့တာကြောင့် Apple ရဲ့ 1984 ကြော်ငြာကိုတုပထားပြီး၊ Fortnite ရဲ့ Character တွေပါဝင်တဲ့ Parody Video တစ်ခုကိုတင်ပြီး တိုက်ရိုက်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် Epic ကလည်း Apple ဟာ iOS App ဖြန့်ချိတဲ့စျေးကွက်မှာ မတရားကြီးစိုးနေပါတယ်ဆိုပြီး တရားစွဲဆိုထားပါသေးတယ်။

Apple ရဲ့မူရင်းကြော်ငြာ
Apple ကို သူ့ကြော်ငြာနဲ့သူ ပြန်လည်နောက်ပြောင်ထားသော Epic ရဲ့ ဗီဒီယို

Apple ရဲ့ The Verge ကိုပြောကြားချက်အရ “Epic Games ဟာ အခြား Developer တွေနဲ့ထပ်တူညီမျှထားထားတဲ့ App Store ညွှန်ကြားချက်တွေကို ချိုးဖောက်ခဲ့ပါတယ်။ ဒါကြောင့်မို့ Fortnite ကို ကျွန်တော်တို့အခုလို App Store ကနေထုတ်ပစ်ခဲ့ရတာဖြစ်ပါတယ်။ Epic ဟာ Fortnite ထဲမှာ ကျွန်တော်တို့ စစ်ဆေးမှုတွေမလုပ်ရသေးသလို၊ ခွင့်လည်းမပြုထားတဲ့ Feature တစ်မျိုးကိုထည့်သွင်းခဲ့ပါတယ်။ ဒါတင်မကပါဘူး။ သူတို့ဟာ Digital ကုန်စည်ပိုင်းကိုရောင်းချနေတဲ့ သူတွေအားလုံးသိရှိထားရမယ့် Guidelines တွေကို ရည်ရွယ်ချက်ရှိရှိချိုးဖောက်ခဲ့တာဖြစ်ပါတယ်” လို့သိရှိရပါတယ်။

Google ရဲ့တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကလည်း “Android ရဲ့ Open Ecosystem ဟာ Developers တွေအတွက် App Store မျိုးစုံကနေမိမိ App တွေစိတ်ကြိုက်ဖြန့်ချိဖို့အတွက် ပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။ ဒါပေမယ့် Google Play Store ကိုအသုံးပြုပြီး ဖြန့်ချိမယ့် Game Developers တွေအတွက်ကတော့ သတ်မှတ်ထားတဲ့ Policy တွေရှိပါတယ်။ Fortnite ဟာ Android ပေါ်မှာဆက်လက်ရှိနေနိုင်ပေမယ့် Play Policy အချို့ကို ချိုးဖောက်ခဲ့တဲ့အတွက် Play Store ပေါ်မှာတော့ ဆက်လက်မထားရှိပေးနိုင်တော့ပါဘူး။ ဒါပေမယ့် Epic အနေနဲ့ ပြန်လည်ညှိနှိုင်းရေးတွေလုပ်ချင်တယ်၊ ကျွန်တော်တို့နဲ့ ဆွေးနွေးလိုတယ်ဆိုရင်တော့ အမြဲတမ်းတံခါးဖွင့်ပေးထားပြီး၊ Fornite ကို Play Store ပေါ်မှာပြန်လည်တင်ပေးလိုပါတယ်” လို့ပြောကြားထားပါတယ်။

လက်ရှိ iOS နဲ့ Android မှာအခုလိုမျိုး ဖြုတ်ချထားတယ်ဆိုပေမယ့် Download အသစ်ပြုလုပ်လိုတဲ့သူတွေအတွက်ဘဲ အခက်အခဲရှိမှာဖြစ်ပြီး၊ Download ပြုလုပ်ပြီးသားသူတွေကတော့ In-game မှာဆော့ကစားတာပဲဖြစ်ဖြစ်၊ V-bucks ဝယ်ယူတာပဲဖြစ်ဖြစ် အခက်အခဲမရှိပြုလုပ်လို့ရမှာဖြစ်ပါတယ်။

Epic အနေနဲ့ လက်ရှိအချိန်မှာတော့ Apple ကိုဦးတည်ပြီး တိုက်ခိုက်လိုတဲ့ဆန္ဒတွေကို ပေါ်ပေါ်ထင်ထင်တွေ့မြင်နေရပြီး၊ Google ဘက်ကိုတော့ ဘာမှကြေညာချက်ထုတ်ထားတာတွေ၊ ပြောကြားထားတာတွေ မတွေ့မြင်ရသေးပါဘူး။ နောက်ထပ်လည်း ဘယ်လိုမျိုး ပွဲကြီးပွဲကောင်းတွေ တွေ့မြင်ရမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref: The Verge

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle