ပရို LOL ကစားသမား ဘဝကနေ ခေတ္တအနားယူသွားမယ့် World Champion ကစားသမား Tian

ပရို LOL ကစားသမား ဘဝကနေ ခေတ္တအနားယူသွားမယ့် World Champion ကစားသမား Tian

FunPlus Phoenix LOL အသင်းနဲ့အတူ Worlds 2019 ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Jungle ကစားသမား Gao “Tian” Tian-Liang ကတော့ ပရို LOL ကစားသမား ဘဝကနေ ခေတ္တ အနားယူဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ Tian အနေနဲ့ ပရို LOL ကစားသမား ဘဝကို ၂၀၁၇ ခုနှစ်မှသာ စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး နှစ်အနည်းငယ် အတွင်းမှာ အောင်မြင်တဲ့ ကစားသမား တစ်ဦး အဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Tian အနေနဲ့ ပရို LOL ကစားသမား ဘဝရဲ့အစောပိုင်း ကာလတွေကို Young Miracles, Suning စတဲ့ အသင်းတွေမှာ အချိန် ကုန်ဆုံးခဲ့ပြီး အဆိုပါ အသင်းတွေမှာ အောင်မြင်မှုတွေနဲ့ ထိတွေ့နိုင်ခြင်း မရှိခဲ့ပေမယ့် FunPlus Phoenix ကို စတင်ရောက်ရှိခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက စတင်ကာ အောင်မြင်တဲ့ ကစားသမား တစ်ဦး အဖြစ် ရပ်တည်နိုင်ခဲ့သလို LPL 2019 Summer, Worlds 2019 စတဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ၂၀၂၀ ခုနှစ်ဟာ Tian အပါအဝင် FunPlus Phoenix အဖွဲ့သားတွေ အားလုံး အတွက် ခက်ခဲတဲ့ ကာလတစ်ခု ဖြစ်ခဲ့ပြီး Worlds 2020 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိခဲ့သလို အမြင့်ဆုံး‌ အောင်မြင်မှု အဖြစ် Mid-Season Cup 2020 ပြိုင်ပွဲမှာ ဒုတိယ၊ LPL 2020 Spring ပြိုင်ပွဲမှာ တတိယတို့ကိုသာ ရရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာ ၂၀၂၁ LOL ရာသီ ပြန်လည် စတင်နေပြီ ဖြစ်ပေမယ့်လည်း ၂၀၂၀ ခုနှစ်အတွင်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ Tian ကတော့ ပရို LOL ကစားသမား ဘဝကနေ ခေတ္တ အနားယူသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Rouge Warriors ကို ၂ ပွဲပြတ်နဲ့ အနိုင်ယူနိုင်ခဲ့တဲ့ ပွဲစဉ်ဟာ ၂၀၁၉ နောက်ပိုင်း ကျွန်တော့် အတွက် LOL ကစားရတာကို ပျော်ရွှင်စေခဲ့တဲ့ ပွဲစဉ် အနည်းငယ် အထဲက တစ်ပွဲ အပါအဝင် ဖြစ်ခဲ့ပါတယ်။ EDG ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ကျွန်တော် ဖိအားတွေကြောင့် အကောင်းဆုံး ကစားနိုင်ခြင်း မရှိခဲ့သလို အမှားအယွင်း အချို့ကိုလည်း ပြုလုပ်ခဲ့မိပါတယ်။ ကျွန်တော့် အနေနဲ့ အသင်း အပေါ် ထိခိုက် နစ်နာစေမယ့် အမှားမျိုးကို နောက်တစ်ကြိမ် ထပ်မံ ကျူးလွန်မိမှာကို အတော်လေး စိုးရိမ်မိပါတယ်။

ဒါကြောင့် အသင်းရဲ့ တာဝန်ရှိသူများနဲ့ ဆွေးနွေး တိုင်ပင်ပြီးနောက်မှာ ကျွန်တော့် အနေနဲ့ ပရိုကစားသမား ဘဝကနေ ခေတ္တအနားယူပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ အနီးကပ် ဆွေးနွေး ကုသမှုတွေ ခံယူသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့် အပေါ် စိတ်ပူပေးတဲ့ ပရိသတ်တွေ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် အနားယူနေစဉ် အချိန်တွင်းမှာ FunPlus Phoenix အဖွဲ့သားတွေကို ဆက်လက် အားပေးသွားဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော် အမြန်ဆုံး ပြန်လာခဲ့မှာပါ။”

အခုလို Tian တစ်ယောက် အသင်းကနေ ခေတ္တ အနားယူသွားဖို့ ဆုံးဖြတ်ခဲ့ခြင်းဟာ LPL 2021 Spring ပြိုင်ပွဲရဲ့ ထိပ်ပိုင်း နေရာကို ပြန်လည် တက်လှမ်းနိုင်ဖို့ ကြိုးပမ်းလျက်ရှိတဲ့ FunPlus Phoenix LOL အသင်း အတွက် တကယ်ကို ကြီးမားတဲ့ နစ်နာဆုံးရှုံးမှု တစ်ခု ဖြစ်လာစေမှာ အသေအချာပဲ ဖြစ်ပါတယ်။ FunPlus Phoenix အနေနဲ့ Tian အနားယူနေစဉ် ကာလအတွင်းမှာ eStar Young ကနေ ပြီးကနေ ရက်ပိုင်းကမှ ခေါ်ယူထားတဲ့ Jungler ဖြစ်သူ Zhou “Bo” Yang Bo ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle