Free fire မှ ကမ္ဘာကျော်ကြယ်ပွင့် Cristiano Ronaldo အား Global Brand Ambassador အဖြစ်တရားဝင်ကြေငြာ

Free fire မှ ကမ္ဘာကျော်ကြယ်ပွင့် Cristiano Ronaldo အား Global Brand Ambassador အဖြစ်တရားဝင်ကြေငြာ

Garena ရဲ့ ပထမဆုံး ကိုယ်ပိုင် ထုတ်လုပ်ထားတဲ့ Game ဖြစ်တဲ့ Free Fire ဟာဆိုရင် ဒီနေ့မှာ Cristiano Ronaldo ကို သူတို့ရဲ့  Brand Ambassador အဖြစ်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကမ္ဘာ့အအောင်မြင်ဆုံး Game နဲ့  ကမ္ဘာကျော် အထင်ကရ ဘောလုံးကစားသမား တစ်ယောက်နဲ့ ပူးပေါင်းခြင်းဟာ ဒီအတောအတွင်းမှာတော့ ဂိမ်းလောကအတွက် အထင်ရှားဆုံး အကျိုးတူပူးပေါင်းမှုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပူးပေါင်းမှုဟာ တစ်ကမ္ဘာလုံးက user တွေအားလုံးအတွက် စိတ်လှုပ်ရှားစရာ Content အသစ်တွေ အမြဲတမ်း ဖန်တီးပေးမယ်ဆိုတဲ့ Free Fire ရဲ့ ရည်ရွယ်ချက်အပေါ်မှာ အခြေခံထားပြီးတော့ user တွေကို သူတို့ရဲ့ ကိုယ်ပိုင် စတိုင်နဲ့ ပျော်ရွှင်စွာ တိုက်ပွဲဝင်နိုင်ဖို့ အတွက် ဖြစ်ပါတယ်။

Free Fire ဟာ User တွေကို ပိုပြီး စိတ်လှုပ်ရှားစေမယ့် နည်းလမ်းတွေကို ဆက်လက်ရှာဖွေနေပါတယ်

“ ဒါဟာ Free Fire အတွက်တော့ ကတယ့်ကို ထင်ရှားတဲ့ ပူးပေါင်းမှုတစ်ခုပါ။ Cristiano Ronaldo ဆိုတာ ကျွန်တော်တို့ ‌တော်တော်များများရဲ့  စံပြ တစ်ယောက်ပါ။ သူနဲ့ အတူ ပူးပေါင်းခွင့်ရပြီး တစ်ကမ္ဘာလုံးက သန်းပေါင်းများစွာသော လူတွေကို ဒီလို ချပြခွင့်ရတာကလည်း တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ် “ ဟု Garena မှ Free Fire ရဲ့ Producer ဖြစ်တဲ့ Harold Teo က ပြောထားပါတယ်။ “ ဒီပူးပေါင်းမှုဟာ တစ်ကမ္ဘာလုံးက user တွေအတွက် Free Fire ကို ပိုပြီးဆော့လို့ကောင်းမယ့် နည်းလမ်းသစ်တွေကို ယူဆောင်လာမှာဖြစ်ပါတယ် “

Operation Chrono မှာဘာတွေပါမလဲ

Player တွေဟာ ဂိမ်းထဲမှာ Cristiano Ronaldo ကို Character အသစ်ဖြစ်တဲ့ Chrono အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ Chrono Sse) ကနေ ဒီဇင်ဘာ (၁၀) ရက်နေ့မှ စတင်ပြီး ဖော်ပြသွားမယ်လို့ သိရပါတယ်။

Free Fire ရဲ့ Brand ambassador ဖြစ်တဲ့ Cristiano Ronaldo ကလည်း ဒီလို ကမ္ဘာ့ အကျော်ကြားဆုံး Battle Royale ဂိမ်းတစ်ခုနဲ့ ပူးပေါင်းပြီး Chrono ကို အနီးကပ် ဖန်တီးခွင့်ရတာနဲ့ ပတ်သက်ပြီးတော့ “Free Fire ထဲမှာ ကျွန်တော့် ပုံစံတူ Character တစ်ခုကို ဖန်တီးထားတဲ့အပြင် ဂိမ်းထဲက ကမ္ဘာကြီးတစ်ခုလုံးကပါ ဒီ Character နဲ့အတူလိုက်ပြီး ပြောင်းလဲနေမှာဆိုတော့ တော်တော်ကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ Garena အဖွဲ့ကလည်း ဂိမ်းထဲမှာ Feature အသစ်များစွာကို Operation Chrono အတွက် ထည့်သွင်းပေးထားတာကြောင့် Free Fire ကစားသူတွေ အားလုံးလည်း ကျွန်တော့်လို စိတ်လှုပ်ရှားနေမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

အားကစား နဲ့ ဂိမ်းလောက အတွက် စိတ်လှုပ်ရှားစရာ

SportQuake CEO, Matt House ကလည်း ဒီပူးပေါင်းမှုဟာ Cristiano Ronaldo နဲ့ Free Fire ပရိသတ်တွေ ပါမက အားကစား နဲ့ ဂိမ်းလောက အတွက်ပါ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး “ ဘောလုံး၊ ဂိမ်း နဲ့ နည်းပညာတွေ ပေါင်းစပ်ထားတဲ့ Cristiano Ronaldo နဲ့ Free Fire ရဲ့ ဒီ ပူးပေါင်းမှုကတော့ လုံးဝအသစ် Next Level ပါပဲ “ ဟုပြောခဲ့ပါတယ်။

Chrono ကို လုံးဝ အသေးစိတ် သေချာ ကြိုတင်ပြင်ဆင်ပြီး ဖန်တီးခဲ့ရတာ အရမ်းမိုက်ပြီးတော့ Free Fire Player တွေအတွက်လည်း တကယ်ကို စိတ်လှုပ်ရှားစရာကောင်းမှာပါ။ ဒီ ပူးပေါင်းမှုက ဂိမ်း နဲ့ အားကစားလောက နှစ်ခုလုံးအတွက် အဆုံးမရှိတဲ့ ဖြစ်နိုင်ခြေတွေ အများကြီးရှိတယ်ဆိုတာကို ဖော်ပြနေပါတယ် “ လို့လည်း House က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ SportQuake ဆိုတာကတော့ ဒီပူးပေါင်းမှုကို အသက်သွင်း ဖန်တီးခဲ့ကြတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ဘောလုံး Partnership ကျွမ်းကျင်သူတွေပဲ ဖြစ်ပါတယ်။

Free Fire ဂိမ်းကို ‌ဒေါင်းလုဒ် လုပ်ရန် https://bit.ly/3lotBko

Garena အကြောင်း

Garena ဆိုတာကတော့ အရှေ့တောင်အာရှ၊ တိုင်ဝမ် နဲ့ လက်တင်အမေရိကတို့မှာ ‌ဦးဆောင်နေတဲ့ Game Developer နဲ့ Publisher ဖြစ်ပြီးတော့ လျင်မြန်စွာ ကြီးထွားလာနေတဲ့ အခြားဈေးကွက်တွေကိုလည်း တိုးချဲ့ထားခဲ့ပြီး ဖြစ်ပါတယ်။ Garena အကြောင်း အသေးစိတ်ကို သိချင်ရင်တော့ https://www.garena.com မှာ ကြည့်ရှုနိုင်ပြီး Free Fire ရဲ့ နောက်ဆုံး သတင်းတွေအကုန် သိရှိချင်ရင်တော့ https://www.facebook.com/garenafreefiremm မှာကြည့်ရှုနိုင်ပါတယ်

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle