သူငယ်ချင်းတွေကြားမလုပ်သင့်တဲ့အပြုအမှု

သူငယ်ချင်းတွေကြားမလုပ်သင့်တဲ့အပြုအမှု

ဘယ်လောက်ပဲခင်ခင်သူငယ်ချင်းတွေကြားမှာမလုပ်သင့်လဲအပြုအမှုဆိုတာရှိပါတယ်နော်။အရမ်းချစ်ပြီးမှဒီကိစ္စသေးသေးလေးတွေကြောင့်မခေါ်နိုင်မပြောနိုင်ဖြစ်သွားတဲ့ဘော်ဒါတွေကလည်းအများကြီးပါနော်။ဒီအရာလေးတွေကဘာလေးတွေဖြစ်မလဲ ?


ပိုက်ဆံမချေးပါနဲ့
ပိုက်ဆံနဲ့ပတ်သက်လာရငင်လူတွေကအမှုအကျင့်တွေကအနည်းအနဲ့အများပြောင်းတတ်ကြပါတယ်။လူတိုင်းမှာသူ့ရဲ့ဝင်ငွေနဲ့သူ့ Limit နဲ့ရှိပါတယ်။တကယ်လို့ကိုယ့်ကချေးမိရင်တောင် မဖြစ်မနေပြန်ဆပ်ဖို့ပြောပြပေးချင်ပါတယ်။


ကိုယ့်တာဝန်ကိုယ်သိပါ

သူငယ်ချင်းတွေစုပြီးခရီးသွားတာမျိုးဆို ဒီလိုကိစ္စတွေမျိုးကအဖြစ်များတတ်ပါတယ်။သူကပစ္စည်းတွေဖွသွားပြန်ပြီ၊သူကသုံးပြီးရင်လည်းနေရတကျပြန်မထားတတ်တဲ့သူမျိုးတွေနဲ့ဆိုရင်ဘယ်သူမှခရီးမသွားချင်ကြသလို ကြာလာရင်လည်းစိတ်ကသိကအောင့်ဖြစ်ရတတ်ပါတယ်နော်။


အပြင်ထွက်တိုင်းကပ်မစားပါနဲ့
ငါ့အလှည့်ကျတုန်းကသူကစားပြီးတော့၊သူအလှည့်ကျတော့မကျွေးချင်ဘူး အဲ့လိုမျိုးတွေကဘော်ဒါတွေကြားကစိတ်ကသိကအောင့်အဖြစ်ဆုံးအရာပါ။ဖွင့်မပြောချင်ပေမဲ့ခံလိုက်ရတဲ့သူမှာတောင် အဆင်မပြေလို့သာလက်ခံလိုက်ရတာပါနော်။အဲ့ဒါကြောင့်အလိုသိပါ။

Kelly -Akhayar Lifestyle

Photo Credit - Pinterest