သူငယ်ချင်းအဆင့်ကနေ ချစ်သူရည်းစားအဆင့်တိုးချင်ရင်ဘယ်အချက်တွေသိသင့်လဲ

သူငယ်ချင်းအဆင့်ကနေ ချစ်သူရည်းစားအဆင့်တိုးချင်ရင်ဘယ်အချက်တွေသိသင့်လဲ

ဘော်ဒါအဆင့်က တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှုတွေတိုးလာပြီးအဆင့်တက်ချင်တယ် ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးကနေစပြီး တစ်ဆင့်တက်ရမယ်မှန်းလည်းမသိဘူးပေါ့နော်။ချက်ချင်းကြီး ဖွင့်ပြောလိုက်ရင်လည်း တစ်ဖက်ကတစ်စိမ်းဆန်သွားမှာလည်းကြောက်နေတယ်ဆိုရင် ဘယ်လိုအချက်မျိုးတွေက မသိမသာလေးနဲ့ နှစ်ယောက်ကြားဆက်ဆံရေးကိုတိုးတက်စေမလဲဆိုတာပြောပြပေးမယ်နော်။


ကိုယ့်ပုံစံနဲ့ကိုယ်နေပါ
တစ်စုံတစ်ယောက်ကိုချစ်မိသွားလို့ ကိုယ့်ပုံစံကြီးကို သူ့အကြိုက်ပြောင်းလိုက်ရတယ်ဆိုတာကြီးမျိုးက ကြာလာရင်တော့ အဆင်မပြေလောက်ပါဘူးနော်။အရှိကိုအရှိတိုင်းနေတာက ကိုယ့်ရဲ့ပုံစံကိုသူလက်ခံနိုင်လား၊ လက်မခံနိုင်ဘူးလားဆိုတာလည်းရှိပါသေးတယ်။သူငယ်ချင်းတွေဆိုတော့လည်းအရမ်းကြီးတော့လုပ်ပြစရာမလိုပါဘူးနော်။


ကြင်နာတတ်ပါစေ
သူ့အပေါ်မှာကြင်နာ ရုံမဟုတ်ပဲနဲ့ တစ်ပါးသူတွေအပေါ်မှာလည်း ကြင်နာတတ်တဲ့သူမျိုးဆိုရင်လူတော်တော်များများကကိုယ့်ကိုသဘောကျပါတယ်။ကြင်နာတဲ့နေရာမှာလည်းလူတာထက်ပိုပြီးတော့မလုပ်ပေးဖို့၊ ဂရုစိုက်ပေးဖို့မလိုအပ်ပါလို့ တကယ်လို့တစ်ချိန်ချိန်မှာကိုယ့်မလုပ်ပေးနိုင်ရင် ပြသာနာတွေဖြစ်နိုင်ပါတယ်နော်။

ပျော်ပျော်နေပါ
နှစ်ယောက်စလုံးပျော်ပျော်နေပါ။တစ်ယောက်နဲ့တစ်ယောက်က အဆင့်တွေအရမ်းတိုးချင်ပြီတော့ မလောပါနဲ့၊ဖိအားတွေအရမ်းမခံပါနဲ့ အဲ့တာကနှစ်စလုံးအတွက်ဝေးကွာစေတဲ့အခြေအနေမျိုးတွေဖြစ်နိုင်ချေပိုများပါတယ်။နောက်တစ်ချက်ကကိုယ့်ကသူ့အပေါ်မှာကိုယ့်ခံစားချက်တွေကသေချာနေပြီဆိုရင် ရည်းစားမကျတဲ့အမူအရာလေးတွေပြပေးသင့်ပါတယ်။

Photo Credit -Pinterest

Kelly -Akhayar Lifestyle